သတိပြုစရာမိဘများရဲ့လုပ်ရပ်(၅)ချက်
၁။သင့်ကလေးကသူ့ဟာသူထမင်းစစားတတ်ချိန်၊အဝတ်စဝတ်တတ်လာချိန်“နှေးလိုက်တာဟဲ့”ဆိုပြီးအမြဲအကုန်လိုက်လုပ်ပေးနေရင်၊သင့်ကလေးရဲ့ကိုယ်ပိုင်ရပ်တည်နိုင်ခြင်းကိုသင်ကိုယ်တိုင်ရိုက်ချိုးလိုက်ခြင်းပါဘဲ။ နောက်နောင်မိဘမရှိဘဲဘာမှမလုပ်တတ်ဖြစ်နိုင်တာမို့မိဘများသတိပြုပါ။
၂။သင့်ကလေးကသင့်ကိုမေးခွန်းအထပ်ထပ်စမေးတတ်လာတဲ့ချိန်၊သင်စိတ်မရှည်ဘဲတိတ်နေဖို့ဟောက်ထည့်လိုက်ရင်၊သင့်ကလေးရဲ့စူးစမ်းလေ့လာချင်စိတ်ကိုရိုက်ချိုးလိုက်ခြင်းပါဘဲ။ နောက်နောင်မေးချင်ရင်တောင်မမေးရဲဘဲဖြစ်သွားနိုင်တာမို့မိဘများသတိပြုပါ။
၃။သင့်ကလေးကိုသင်ကိုယ်တိုင်ပေးထားတဲ့“လုပ်ပေးမယ်”“ဝယ်ပေးမယ်”ဆိုတဲ့ကတိကိုအကြာကြီးတမင်မေ့ထားခဲ့မယ်ဆိုရင်၊သင့်ကလေးရဲ့သင့်ပေါ်ထားတဲ့ယုံကြည်စိတ်ချမှုကိုသင်ကိုယ်တိုင်ရိုက်ချိုးလိုက်ခြင်းပါဘဲ။ နောက်နောင်မိဘပေါ်ယုံကြည်စိတ်ချမှုနည်းသွားနိုင်တာမို့မိဘများသတိပြုပါ။
၄။သင့်ကလေးကသင့်ကိုသူ့စိတ်ထဲကစကားလုံးတွေသေချာလာပြောပြတဲ့အချိန်၊သင်ကစိတ်ရှည်ရှည်နားမထောင်ပေးခဲ့ဘူးဆိုရင်၊သင့်ကလေးရဲ့ပြောပြချင်တဲ့စိတ်ကိုသင်ကိုယ်တိုင်ရိုက်ချိုးလိုက်ခြင်းပါဘဲ။နောက်နောင်ဘာမှသူပြောပြချင်မှာမဟုတ်တော့တာမို့မိဘများသတိပြုပါ။
၅။မိဘများသီးမခံနိုင်တော့တဲ့အခါကလေးရှေ့မှာဒေါသပေါက်ကွဲပြတာမျိုး၊ပစ္စည်းရိုက်ခွဲပြတာမျိုးကိုရှောင်ပါ။မဟုတ်ရင်နောက်နောင်သင့်ကလေးလဲသီးမခံနိုင်တိုင်းအဲလိုပေါက်ကွဲရမယ်၊ပစ္စည်းရိုက်ခွဲရမယ်လို့ခံယူသွားနိုင်တာမို့မိဘများသတိပြုပါ။