• 周五. 5 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာဖြစ်ပေါ်လာပုံအကျဉ်း

ဆရာရဲမင်း

3 月 20, 2026

သမ္မာကျမ်းစာဖြစ်ပေါ်လာပုံအကျဉ်း

သမ္မာကျမ်းစာဆိုတာစာအုပ်‌ငယ်ပေါင်း(၆၆)အုပ်‌ပေါင်းချုပ်ထားတဲ့စာအုပ်ကြီးပါ။ဘုရားဖွင့်ပြတဲ့လူပေါင်း(၄၀)ကျော်ကနေ ရေးသားထားကြပြီး၊ကမ္ဘာဦးကျမ်းကနေဗျာဒိတ်ကျမ်းအထိ ရေးသားချိန်နှစ်ပေါင်း(1600‌)ကျော်ကြာခဲ့ပါတယ်။ဓမ္မသစ်(၂၇)ကျမ်းနဲ့ဓမ္မဟောင်း(၃၉)ကျမ်းဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်။

၁။ဓမ္မဟောင်းကျမ်း
စာပေမထွန်းကားခင်ဘုရားစကားကိုတဆင့်စကားနဲ့မှတ်သားခဲ့ကြရပြီး၊မောရှေခေတ်ရောက်လာမှတာ့စာနဲ့ပေနဲ့မှတ်သားခဲ့ကြပါတယ်။မောရှေကတဆင့်ဂျူးဘာသာအရင်ဖြစ်လာတာ‌ပါ။နောက်ပိုင်းအေဒီ90ဝန်းကျင်က(Council of Jamnia)အစည်းဝေးကြီးမှာဂျူးဘာသာရေးခေါင်းဆောင်တွေဟာဓမ္မဟောင်းကျမ်း(၂၄)ကျမ်း(Tanakh)ကိုအတည်ပြုခဲ့ပါတယ်။အဲဒီ၂၄ကျမ်းဟာယနေ့ကျနော်တို့သုံးနေတဲ့ဓမ္မ‌ဟောင်း၃၉ကျမ်းနဲ့ညီမျှပါတယ်။ဘာလို့အရေအတွက်ကွဲပြားနေလဲဆိုတော့ဂျူးကျမ်း(Tanakh)မှာပထမစောင်ဒုတိယစောင်တွေမခွဲထားသလို၊ပရောဖက်ငယ်၁၂ကျမ်းကိုပေါင်းပြီးတစ်ကျမ်းဘဲသတ်မှတ်ထားလို့ပါ။(ယနေ့‌ရောမကတ်သလစ်တွေစွတ်စွဲသလိုမာတင်လုသာကဓမ္မ‌ဟောင်းကျမ်းစာကိုမိမိလိုသလိုပြင်ဆင်နူတ်ယူခဲ့တာမဟုတ်ရပါဘူး၊နဂိုဂျူးတွေသုံးနေတဲ့အတိုင်းအတိကျယူခဲ့တာဖြစ်ပါတယ်)။အပိုတွေကိုမယူခဲ့တာပါ။နောက်ပြီးကျမ်းဟောင်းက(၃၉)ကျမ်းဖြစ်ရမယ်လို့သတ်မှတ်ခဲ့တာအာစီတွေမဟုတ်ပါဘူး၊ဂျူးတွေရဲ့အမြစ်ကဖြစ်ပါတယ်။

၂။ဓမ္မသစ်ကျမ်း
ဓမ္မသစ်ကျမ်းစာကိုတမန်တော်နဲ့နောက်လိုက်တွေရေးသားခဲ့ကြပါတယ်။ဓမ္မသစ်ကျမ်းစာ”အသိအမှတ်ပြုကျမ်း”(Canon)အဖြစ်ပြုစုခဲ့သူကတော့Athanasius of Alexandria (အလက်ဇန်ဒရီးယား၏ အာသနာစီယုစ်) ဆိုသူဖြစ်ပါတယ်။AD367မှာကျမ်းသစ်၂၇ကျမ်းကိုအစဉ်လိုက်ချပြခဲ့ပါတယ်။အဓိက”အသိအမှတ်ပြုကျမ်း”Canonဖြစ်ဖို့စံနူန်းက
၁။တမန်တော်ရဲ့တိုက်ရိုက်သွန်သင်ချက်ဟုတ်မဟုတ်
၂။တမန်တော်ရဲ့သွန်သင်ချက်နဲ့ညီမညီ၊ကျမ်းဟောင်းနဲ့ကိုက်မကိုက်
၃။အဲဒီ‌ခေတ်ကအသင်းတော်အများစုလက်ခံကျင့်သုံးခြင်းရှိမရှိ
၄။လူကိုပြောင်းလဲစေနိုင်တဲ့ဝိညာဉ်တော်တန်ခိုးပါမပါ
ဆိုတာကြည့်ပြီးပြဒါန်းခဲ့တာပါ။
ဒီနေရာမှာသတိပြုရမှာက ဓမ္မသစ်ကျမ်းကိုလည်းရိုမန်ကတ်သလစ်တွေပြုစုပေးခဲ့တာမဟုတ်ပြန်ပါဘူး။ဘာလို့လည်းဆိုတော့Athanasius of Alexandria ကဓမ္မသစ်၂၇ကျမ်းပြဒါန်းတဲ့အချိန်ဟာယနေ့လို Roman Catholic / Orthodox / Protestant လို့ မကွဲသေးပါဘူး။ တနည်းအားဖြင့်“Roman Catholic” အဖွဲ့အစည်းအဖြစ် ခွဲခြားသတ်မှတ်ထားသည့် ကာလမဟုတ်သေးတာပါ။ ဂိုဏ်းဏနမကွဲခင်ကတစုတစည်းတည်းရှိတဲ့အသင်းတော်ကာလမို့လို့ပါ။ဒါ ကြောင့်Athanasius of Alexandriaကိုအာစီအသင်းဝင်လားလို့မေးရင်မဟုတ်ဘူးလို့သာဖြေရပါမယ်။ဒါကိုအာစီတွေတော့လက်ခံကြမှာမဟုတ်ပါဘူး။

ဒီစာရေးရတဲ့အဓိကတော့ကျမ်းဟောင်းကျမ်းသစ်ဘယ်လိုပေါ်လာသလဲဆိုတာနဲ့၊သမ္မာကျမ်းစာဟာအာစီတွေရဲ့မူပိုင်လား?သူတို့သတ်မှတ်‌ပေးခဲ့တာလားဆိုတာကိုဖြေပေးရင်း၊ဘာလို့ငါတို့ကိုင်နေတဲ့ကျမ်းဟောင်းက၃၉ကျမ်းဘဲရှိတာလဲ?အာစီတွေကိုင်တဲ့၄၆ကျမ်းကိုမာတင်လုသာကနုတ်ပယ်လိုက်သလားဆိုတာရှင်းလင်းအောင်ဖော်ပြချင်တာဖြစ်ပါတယ်။
ထပ်သိချင်ရင်ခရစ်ယာန်သမိုင်းစာအုပ်တွေနဲ့အင်တာနက်ပေါ်အချက်အလက်တွေ၊‌အေအိုင်တွေမှာကိုယ်တိုင်လေ့လာကြည့်ပါ။

မူရင်း-Ye Ming