• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လူအားလုံးဖြေမှားတတ်တဲ့မေးခွန်း

ဆရာရဲမင်း

10 月 11, 2024

လူအားလုံးဖြေမှားတတ်တဲ့မေးခွန်း
သင်ကောမမြင်ဘူးလား?

တခါက…
ခရစ်ယာန်လင်မယားနှစ်ယောက်အိမ်ထောင်ရေးမှာအစဉ်မပြေတာတွေခဏခဏကြုံနေရပါသတဲ့၊နေ့တိုင်းသူကငါ့အပြစ်ပြောလိုက်ငါကသူ့အပြစ်ပြောလိုက်နဲ့၊မကြာခဏစကားများရန်ဖြစ်နေရတာပေါ့။
တခါတလေစကားများပြီးလမ်းခွဲဖို့ထိတောင်ပြောထွက်လာကြသတဲ့။
တနေ့တော့…
သင်းအုပ်ဆရာကသူတို့လင်မယားအိမ်လည်ပတ်လာတယ်၊ဒီတော့သူတို့ကလည်းသူတို့ရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ဆရာ့ကိုအကူညီတောင်းကြတယ်တဲ့။
ဒီတော့သင်းအုပ်ဆရာကစကားမပြောဘဲ၊စာရွတ်အဖြူတရွတ်ယူလာခိုင်းပါတယ်။
သူတို့လင်မယားကနားမလည်ပေမဲ့၊ဆရာပြောတာဆိုတော့ယူပေးလိုက်ကြတယ်။
ဆရာကစာရွက်ဖြူပေါ်မှာအသင့်ပါလာတဲ့ဘောလ်ပင်နက်လေးနဲ့အမဲစက်သေးသေးလေးတစက်တို့လိုက်တယ်၊ပြီးမှ
ဆရာကသူတို့ကိုမေးတယ်…
ဒီစာရွက်ကိုကြည့်နင်တို့ဘာတွေ့လဲ?
လင်းမယားက…
အမဲစက်လေးတစက်တွေ့ပါတယ်ဆရာ။
ဆရာက…
အမဲစက်ကလွဲလို့ဘာတွေ့သေးလည်း?
လင်းမယားကပြန်ဖြေတယ်…
အမဲစက်တစက်ဘဲရှိတာမဟုတ်လားဆရာ?
ဆရာက…
အင်း၊အမဲစက်ကသေးသေးလေးရယ်၊
အမဲစက်ကလွဲလို့ဒီလောက်ကြီးတဲ့အဖြူတကွက်ကြီးကိုဘာလို့မမြင်ကြတာလည်း?ဘာလို့ကြည့်လိုက်တိုင်းအမဲစက်ကိုဘဲမြင်ကြတာလည်း?
ဒီတော့မှလင်းမယားနှစ်ယောက်သဘောပေါက်သွားကြတယ်၊သင်းအုပ်ဆရာလည်းပြန်သွားတယ်။သူတို့အဲနေ့ကစပြီးတဖြေးဖြေးအခြေနေကောင်းလာသသည်၊အိမ်ထောင်ရေးမှာပိုပြီးစည်းလုံးလာကြတယ်၊
ပြဿနာနည်းသွားပြီး၊ပိုချစ်ကြလာပါတော့သည်။

ချစ်သောမိတ်ဆွေများ…
သင်ကကော စက္ကူအဖြူပေါ်ကအမဲစက်ကိုဘဲတွေ့တာဘဲလား?သင်အမြဲတမ်းအမဲစက်ကိုဘဲတွေ့နေတဲ့အခါ၊ဒီအမဲစက်ကသေးသေးလေးကနေတနေ့ထက်တနေ့ချဲ့ကြီးလာလိမ့်မယ်၊နောက်ဆုံးသင့်မျက်စိမှာဒီအမဲစက်ဘဲကျန်နေတော့မှာပါ။
ဒီအဖြူရောင်အကွက်တွေဟာသင်အနီးဆုံးလူတွေရဲ့ကောင်းချက်တွေပါ။အကယ်၍များတဖက်သားအားနည်းချက်ဖြစ်တဲ့ဒီအမဲစက်သေးသေးလေးကြောင့်၊သူ့ရဲ့ကောင်းချက်ဖြစ်တဲ့အဖြူကွက်ကြီးကိုလျစ်လျူရှူထားခဲ့မယ်ဆိုရင်၊ အရှုံးတွေနဲ့နှမျောစရာပါ။
အဖြူရောင်အကွက်ကြီးကိုအားလုံးမြင်နိုင်ကြပါစေ။

ကျမ်းချက်လေးထည့်ပေးလိုက်ပါတယ်။
ရှင်လုကာခရစ်ဝင် ၆:၄၂ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မမြင်မှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ညီအစ်ကိုအားဆိုရသနည်း။ လျှိုဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို ရှေ့ဦး စွာထုတ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။

Ye ming(ပတ္တမြားမြေ)