• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မတရားသောမေထုန်ကိုရှောင်ပါ

ဆရာရဲမင်း

2 月 15, 2025

မတရားသောမေထုန်ကိုရှောင်ပါ

မတရားသောမေထုန်ဆိုတာအိမ်ထောင်မပြုခင်လိင်ကျူးလွန်တာ၊အိမ်‌ထောင်ရှိပြီးအခြားသူနဲ့ဖောက်ပြန်တာ၊လိင်တူဆက်ဆံတာ…စသဖြင့်ကိုဆိုလိုပါတယ်။ကျမ်းစာထဲမှာဒီလိုမေထုန်ကျူးလွန်တာကိုအထူးသိပေးတားမြစ်ထားတာတွေ့ရပါတယ်၊အခြေခံကျမ်းချက်(၇)ချက်ချပြပါမယ်။

၁။မတရားသောမေထုန်ပြုသူကိုဘုရားစီရင်မည်။
ဟေဗြဲ၁၃:၄: ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။

၂။ဘုရားသားသမီးတွေမှန်ရင်မတရား‌သောမေထုန်ကိုရှောင်ရမည်။
၁သက်၄:၃၊၇ ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊…ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏။

၃။မတရားသောမေထုန်အကြောင်းစကားအရသာခံပြီးတောင်မပြောသင့်ပါ။
ဧဖက်၅:၃ မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။

၄။လူပျိုလူလွတ်တွေဒါကိုပိုပြီးသတိထားရှောင်ပါ။
၂တိ၂:၂၂ လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။

၅။ဘုရားပေးတဲ့ခန္ဓာဟာအပြစ်လုပ်ဖို့မဟုတ်ပါ။
၁ကော၆:၁၃.. ကိုယ်ခန္ဓာသည် မတရားသော မေထုန်အဖို့ ဖြစ်သည်မဟုတ်။ သခင်ဘုရားအဖို့ ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဖို့ ဖြစ်တော်မူ၏။

၆။ဘုရားဗိမာန်တော်ကိုမညစ်ညူးစေပါနှင့်။
၁ကော၆:၁၈-၂၀ မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင် ပြစ်မှား၏။အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။
(ငါခန္ဓာငါပိုင်တယ်ငါကြိုတ်တာလုပ်မယ်ထင်နေသူများသတိထားဖတ်ပါ)။

၇။လိင်တူဆက်ဆံတာကအပြစ်ဆိုတာသတိရပါ။
ဝတ်ပြုရာ၁၈:၂၂ မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။

မူရင်း-ဆရာရဲမင်း