ခရစ်ယာန်အိမ်ထောင်တိုက်မြစ်(၇)ခု
၁။အချင်းချင်းတသားတကိုယ်ထဲလို့ခံယူပါ။
ရှင်မဿဲခရစ်ဝင် ၁၉:၄-၆”ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည်ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ် ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မတတ်ဘူးသလော။ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။”
၂။အေးတူပူအမျှတလုံးတဝဖြစ်စေပါ။
ကမ္ဘာဦးကျမ်း ၂:၂၃
လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
၃။အချင်းချင်းသစ္စာရှိပါ။
သုတ္တံကျမ်း ၆:၂၆
အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသောယောက်ျားသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကို ဖမ်းတတ်၏။
၄။ဘုရားပေးသောနေရာတာဝန်ကိုခွဲ့ခြားသိမြင်ပါ။
ဧဖက်ဩဝါဒစာ ၅:၂၃
အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျား သည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။
၅။အချင်းချင်းရိုသေပြီးချစ်ကြပါ။
ဧဖက်ဩဝါဒစာ ၅:၂၅
အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။
တိတုဩဝါဒစာ ၂:၄
…အသက်ပျိုသော မိန်းမတို့သည် ကိုယ်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊ …။
၆။အချင်းချင်းနှိမ့်ချဖေးမပါ။
ဧဖက်ဩဝါဒစာ ၅:၂၁
ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။
၇။အချင်းချင်းဆက်ဆံဖြည့်စည်းမှုဖြင့်သာယာစေပါ။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၇:၂-၃ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။ ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။
ထာဝရမြဲမြံသာယာသောခရစ်ယာန်အိမ်ထောင်များဖြစ်ကြပါစေ။ အာမင်။