သမ္မာကျမ်းစာမှမိဘကျင့်ဝတ်(၂၀)
၁။မိဘသည်အုပ်ထိန်းသူတာဝန်ယူရသည်။သားသမီးလုပ်သမျှကိုဆုံးဖြတ်ပေးရမည်။
(တောလည်ရာ၃၀:၃-၅)
၂။သားသမီးများကိုဘုရားစကားအမြဲသွန်သင်ပေးနေရမည်။ကိုယ်တွေ့သက်သေခံပြရပါမည်(ထွက်၁၃:၈၊တရားဟောရာ၆:၄-၈၊၂တိ၃:၁၅)
၃။သမ္မာကျမ်းစကားကိုစောင့်ရှောက်တတ်အောင်သင်ပေးရပါမည်။(တရားဟောရာ၃၂:၄၆-၄၇)
၄။သားသမီးတွေမှားနေမှန်းသိလျက်မဆုံးမရင်မိဘတွေကိုဘုရားဆုံးမမည်။(၁ရာ၃:၁၂-၁၃)
၅။ဘုရားကိုမမေ့အောင်အမြဲလိုလိုဘုရားဝတ်လုပ်ဖို့ဦးဆောင်ပေးရပါမည်။(ယောဘ၁:၁-၅)
၆။သားသမီးများသည်ဘုရားပေးကောင်းကြီးဖြစ်ကြောင်းမိဘများနားလည်ထားရပါမည်။(ဆာလံ၁၂၇:၃-၄)
၇။သားသမီးအတွက်အမြဲဆုတောင်းပေးရပါမည်။
(ဆာလံ၁၄၄:၁၂၊ယောဘ၁:၁-၅)
၈။ဘုရားသခင်ကိုကြောက်ရွံ့ရိုသေတတ်ဖို့သွန်သင်ပေးရပါမည်။(သုတ်တံ၃:၁၁-၁၂)
၉။သားသမီးကိုချစ်ရင်ဆုံးမသွန်သင်လို့ရတဲ့အရွယ်မှာ သေချာပြုပြင်လမ်းပြပေးရပါမည်။(သုတ္တံ၁၃:၂၄၊၁၉:၁၈၊၂၂:၆၊၂၃:၁၃၊၂၉:၁၅၊၂၉:၁၇၊တိတု၂:၄)
၁၀။သားသမီးအတွက်ဥစ္စာရှာစုပေးတတ်ရပါမည်။(၁ကော၁၂:၁၄)
၁၁။သားသမီးကိုစိတ်ဓာတ်ကျအောင်မလုပ်ရပါ။(ကောလောသဲ၃:၂၁)
၁၂။သားသမီးများကိုအထင်မသေးဘဲနေရာပေးတတ်ရပါမည်။(မဿဲ၁၉:၁၄)
၁၃။သားသမီးကိုကိုယ့်အလိုသွင်းပြီးစိတ်တိုအောင်မလုပ်ရပါ။ကိုယ့်အလိုထက်ဘုရားအလိုအတိုင်းပဲ့ပြင်ပါ။(ဧဖက်၆:၁-၄)
၁၄။သားသမီးကိုပြုစုပျိုးထောင်ပါ၊စားဝတ်နေရေးတာဝန်ယူပါ။(ဧဖက်၆:၁-၄၊၁တိ၅:၈၊)
၁၅။မိဘတွေကိုယ်တိုင်ကောင်းသောပုံသက်သေအားဖြင့်သားသမီးကိုအသက်ရှင်ပြရပါမည်။(ကမ္ဘာ၅:၂၂၊တရားဟောရာ၄:၉၊၃ရာ၉:၄-၅)
၁၆။တတ်နိုင်သရွေ့သားသမီးနဲ့အမြဲအတူနေပေးရပါမည်။(တရားဟောရာ၆:၆-၇၊၁၁:၁၈)
၁၇။သားသမီးကိုဒေါသနဲ့မဟုတ်ဘဲဖြည်းညင်းတဲ့ယုယမှုမျိုးအမြဲပေးပါ။(၂သက်၂:၇)
၁၈။သားသမီးတွေစိတ်ညစ်၊စိတ်လေနေရင်နှစ်သိမ့်ပေးရပါမည်။(ဟေရှာ၆၆:၁၃)
၁၉။သားသမီးကိုမကျိန်ဆဲဘဲကောင်းကြီးပေးရပါမည်။(ကမ္ဘာ၂၇:၄)
၂၀။သားသမီးတွေကိုထာဝရဘုရားကိုသာရွေးချယ်ကိုးကွယ်စေရပါမည်။(ယောရှု၂၄:၁၅)
သမ္မာကျမ်းစာမှမိဘကျင့်ဝတ်(၂၀)