• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နှောင်ကြိုးထာဝရတည်မြဲဖို့

ဆရာရဲမင်း

10 月 22, 2024

နှောင်ကြိုးထာဝရတည်မြဲဖို့

အိမ်ထောင်ရှင်မအမျိုးသမီးတဦးကိုTVသတင်းဌာနတခုမှအမေးအဖြေလုပ်ပါသည်။
မေး“အမရဲ့‌ယောက်ျားမှာအားနည်းချက်အပြစ်တွေရှိပါသလား”
ဖြေ“‌‌သိပ်ရှိတာ‌ပေါ့ရှင်၊ရှိတာမှကောင်းကင်ပေါ်ကကြယ်တွေလိုပါဘဲ၊ရေတွက်လို့တောင်မကုန်ပါဘူး၊”
မေး“အဲလိုဆိုရင်အမယောက်ျားမှာကောင်းကွက်အားသာချက်တွေကောရှိသေးလားအမ”
ဖြေ“အရမ်းနည်းတယ်၊နည်းလွန်းလို့‌ နေမင်းကြီးလိုတခုလောက်ဘဲတည်ရှိတာမျိုးပေါ့”
မေး“ဒါဆိုရင်အမတို့ကဘယ်လိုလုပ်ပြီးနှစ်ဆယ်ချီတိုင်ခုထိချစ်‌နေနိုင်ကြသေးတာလဲဟင်”
ဖြေ“‌အော်၊ဒါကတော့ရှင်းပါတယ်ညီမလေးရယ်၊နေမင်းကြီးထွက်လာရင်ကြယ်တွေပျောက်ကုန်လို့‌ပေါ့ကွယ်။”
……………………………………………
လင်နဲ့မယားဆိုတာ
တသက်လုံးရန်ဖြစ်နေဖို့မဟုတ်ပေမယ့်၊ တခါတလေရန်‌ဖြစ်‌နေခဲ့ရင်တောင်နှောင်ကြိုးကတသက်လုံးခိုင်မာနေတာမျိုးပါ။ပြောစရာအပြစ်အများကြီးရှိနေပေမယ့်၊ချစ်ခြင်းမေတ္တာနဲ့ဖုံးအုပ်တတ်ခြင်းဟာနှောင်ကြိုးကိုပိုမြဲစေပါတယ်။အပြစ်ဘဲကြည့်ရင်အပြစ်ဘဲမြင်ပါမယ်။ကောင်းကွက်ကိုလည်းအမြဲမြင်ပေးတတ်ဖို့လိုပါတယ်။

၁ပေ၄:၈ ချစ်​ခြင်း​မေတ္တာ​သည်များစွာ​သော​အပြစ်​တို့​ကိုဖုံးအုပ်​တတ်​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ထက် အချင်းချင်း​ကြား​၌ ခိုင်မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။(စံမီ)