• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်း

ဆရာရဲမင်း

10 月 22, 2024

အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်း

နှစ်စဉ်နှစ်တိုင်းရဲ့၃လပိုင်း၈ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပါတယ်။အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကိုဂုဏ်ပြုဖို့ရည်ရွယ်ပြီးနှစ်စဉ်နစ်တိုင်းရဲ့မတ်လ၈ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့(International Women’s Day)အဖြစ်ကမ္ဘာ့နိုင်ငံအများအပြားမှာပြဌာန်းခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးများနေ့ကိုတည်ထောင်ဖို့ပထမဦးဆုံးစိတ်ကူးရှိလာတာက၂၀ရာစုအစောပိုင်းကာလဖြစ်ပါတယ်၊အဲဒီချိန်မှာအနောက်တိုင်းနိုင်ငံတွေကစက်မှုနှင့်စီးပွားရေးချဲ့ထွင်ဖို့လျင်မြန်နေတဲ့ကာလပေါ့၊ကြမ်းတမ်းတဲ့လုပ်ငန်းခွင်အခြေအနေနဲ့နိမ့်လွန်းတဲ့လုပ်ခကြောင့်ဆန္ဒပြပွဲများ၊သပိတ်မှောက်ပွဲအမျိုးမျိုးကိုထွက်ပေါ်လာစေခဲတယ်။၁၈၅၇ခု၊မတ်လ၈ရက်နေ့မှာပထမဦးဆုံးအနေနဲ့အမေရိကန်နယူးယောက်ကအထည်ချုပ်လုပ်ငန်းနှင့်အထည်အလိပ်လုပ်သူအမျိုးသမီးတွေဟာလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ဒါပေမဲ့အာဏာပိုင်များရဲတပ်ဖွဲ့အင်အားနဲဆန္ဒပြသူများကိုတိုက်ခိုက်နိမ်နင်းခဲ့ပါတယ်၊ဒီအဖြစ်ပျက်ကအစပြုပြီး၂နှစ်ကြာတဲ့မတ်လထဲမှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်းတည်ထောင်စေဖို့တွန်းအားဖြစ်ခဲ့ပါတယ်။

နောက်နှစ်အနည်းငယ်ကြာတဲ့အခါ…နှစ်စဉ်နှစ်တိုင်းရဲ့မတ်လ၈ရက်နေ့မှာအလားတူဆန္ဒပြပွဲများရှိလာခဲ့ပါတယ်။အထူးသဖြင့်၁၉၀၈ခုနှစ်ထဲမှာဆိုရင်အမျိုးသမီးပေါင်းတစ်သောင်းခွဲလောက်ဟာအလုပ်ချိန်လျော့ပေးရေးနဲ့လုပ်အားခတိုးပေးရေးအပြင်မဲပေးပိုင်ခွင့်အာမခံချက်ပေးဖို့လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ဒီလိုနဲ့ပထမဆုံးသောအမျိုးသမီးများနေ့ကိုအမေရိကန်လူ့အဖွဲ့အစည်းပါတီများက၁၉၀၉ခုနှစ်ဖေဖော်ဝါရီလ၂၈ရက်နေ့ New York မှာကျင်းပခဲ့ပါတယ်။အမေရိကန်လူမှုအတိုင်းဝိုင်းတွေကလဲနှစ်စဉ်နှစ်တိုင်းဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာကျင်းပဖို့ဆော်အောခဲ့ပြီးအဲဒီအတိုင်းကျင်းပခဲ့ကြတာ၁၉၁၃ခုနှစ်အထိပါဘဲ။

၁၉၁၀ခုနှစ်ရောက်တော့ဒိန်းမတ်၊ဂိုပင်ဟေဂင်မှာပထမအကြိမ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးညီလာခံကျင်းပခဲ့ပါကြပါတယ်။အစည်းအဝေးမှာဂျာမန်အမျိုးသမီးလှုပ်ရှားမှုခေါင်းဆောင် Clara Zetkin ဟာအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုသတ်မှတ်ဖို့ပဏာမအဖြစ်ဆွေးနွေးတင်ပြခဲ့ပါတယ်။ဒုတိယနှစ်မတ်လ၁၉ရက်နေ့မှာသြစတြီးယား၊ဒိန်းမတ်၊ဂျာမဏီနဲ့ဆွစ်ဇာလန်ကအမျိုးသမီးပေါင်း၁၀သိန်းကျော်တွေဟာနိုင်ငံတကာအမျိုးသမီးများနေ့ကိုလှုပ်ရှားမှုအမျိုးမျိုးနဲ့ကျင်းပခဲ့ကြတယ်။၆ရက်ကြာပြီးတဲ့မတ်လ၂၅ရက်နေ့မှာတော့နယူးယောက်မှာကျော်ကြားတဲ့ရွှေတြိဂံစက်ရုံမီးလောင်မှုဖြစ်ခဲ့ပြီးအလုပ်သမားအမျိုးသမီးပေါင်း၁၄၀ဦးသေဆုံးခဲ့ရပါတယ်။ဒီသေသူအများစုဟာအီတလီနှင့်ဂျူးရွှေ့ပြောင်းနေထိုင်သူအများစုဖြစ်ပါတယ်၊ကြမ်းတမ်းတဲ့အလုပ်ကြောင့်ဆင်းရဲသောသူတွေထိခိုက်သေဆုံးမှုဖြစ်ကြောင်းသုံးသပ်လာကြပါတယ်။အဆိုပါမီးလောင်မှုကိစ္စအားဖြင့်နောက်ပိုင်းအမေရိကန်အလုပ်သမားဥပဒေပြုမှုအပေါ်သိသိသာသာဂယက်သက်ရောက်မှုရှိခဲ့ပါတယ်။၁၉၁၂ကနေ၁၉၁၅အထိဥရောပအမျိုးသမီးတွေဟာမတ်လ၁၉ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့လို့သတ်မှတ်ပြီးနှစ်တိုင်းလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကြောင့်လည်းရုရှားတော်လှန်ရေးကိုနိဒါန်းပျိုးပေးခဲ့ပါတယ်။၁၉၁၇မတ်လ၈ရက်နေ့(ရုရှားပြက္ခဒိန်ဖေဖော်ဝါရီလ 23)၊ပီတာစဘတ်စက်ရုံလုပ်သားများဟာ “ပေါင်မုန့်, ငြိမ်းချမ်းရေးနှင့်လွတ်လပ်ခွင့်”ဆိုပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။၂လကြာတော့တော်လှန်ရေးစတင်ပေါက်ဖွားခဲ့ပါတယ်၊ဒီလိုနဲ့မတ်လ၈ရက်၊၁၉၁၇ခုနှစ်မှာမှာရုရှားမြို့တော်Petrogradမှာအထည်အလိပ်လုပ်သူတွေမြို့တစ်လျှောက်လုံးသပိတ်နှင့်စီတန်းဆန္ဒထုတ်ဖော်ခဲ့တယ်၊အာဏာရှင်NicholasIIကအာဏာလွဲပြောင်းပြီးယာယီအစိုးရသစ်ပေါ်ပေါက်လာခဲ့ပြီးအမျိုးသမီးအခွင့်ရေးကိုအရေးပေးခဲ့ရပါတယ်။

၁၉၁၉ကနေ၁၉၂၁ထိရဲ့နိုင်ငံတကာအမျိုးသမီးများနေ့ကိုမတ်လ ၅ရက်နေ့မှာရွှေးချယ်ခဲ့ကြပါတယ်။အဲဒီနေ့ကိုရွှေးရခြင်းဟာ၁၉၁၈မှာကျဆုံးခဲ့တဲ့ဂျာမန်ပါတီခေါင်းဆောင်Luxemburg ရဲ့မွေးနေ့ကိုအောက်မေ့သတိယဖို့ပါ။

၁၉၂၁ခုနှစ်စက်တင်ဘာလ၉ရက်ကနေ၁၅ရက်နေ့အထိဒုတိယအကြိမ်အပြည်ပြည်ဆိုင်ရာကွန်မြူနစ်အမျိုးသမီးများနေ့ညီလာခံကိုမော်စကိုမှာကျင်းပခဲ့ကြပါတယ်။အစည်းဝေးမှာဘူလ်ဂေးရီးယားကိုယ်စားလှယ်များကရုရှားအလုပ်သမားတော်လှန်ရေးကိုဂုဏ်ပြုသောအားဖြင့်နိုင်ငံတကာအမျိုးသမီးများနေ့ကိုမတ်လ၈ရက်နေ့မှာသတ်မှတ်ပေးဖို့တင်ပြပေးခဲ့ပါတယ်။နောက်ဆုံးအတည်ပြုပေးခဲ့တာကြောင့်၁၉၂၂ခုနှစ်ကစပြီးအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုမတ်လ၈ရက်နေ့မှာအတည်ပြုကျင်းပလာခဲ့ကြတာယနေ့ထိပါဘဲ။ဆိုဗီယက်နိုင်ငံတွေမှာဆိုမတ်လ၈ရက်နေ့တိုင်း”သူရဲကောင်းအမျိုးသမီးလုပ်သား”ဆိုပြီးဂုဏ်ပြုကျင်းပလာခဲ့ကြပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့နိုင်ငံရေးကနေမိခင်တွေကိုဂုဏ်ပြုခြင်းချစ်သူနဲ့အိမ်ထောင်ဖက်အမျိုးသမီးများကိုဂုဏ်ပြုခြင်းအဖြစ်အသွင်ပြောင်းလဲလာခဲ့ပါတယ်၊ဒီနေ့ထိရုရှားမှာတော့နိုင်ငံအားလပ်ရပ်အဖြစ်သတ်မှတ်ပြီးအမျိုးသားများကအမျိုးသမီးများကိုအသိအမှတ်ပြုလက်ဆောင်များပေးကမ်းကျင်းပနေဆဲဖြစ်ပါတယ်။၁၉၇၅ခုနှစ်မှာကုလသမဂ္ဂကနေမတ်လ၈ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ်တရားဝင်သတ်မှတ်ပေးခဲ့ပါတယ်။

၃လပိုင်၈ရက်နေ့မှာကျရောက်မဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက်အမျိုးသမီးအားလုံးကိုဂုဏ်ပြုလိုက်ပါသည်။
ကိုးကား
1.wikipedia
2.baidu
3.todayonhistory