• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုမွေးဖွားဖို့ကြိုတင်ဟောကြားချက်နှင့်ပြည့်စုံမှု

ဆရာရဲမင်း

10 月 24, 2024

ယေရှုမွေးဖွားဖို့ကြိုတင်ဟောကြားချက်နှင့်ပြည့်စုံမှု

၁။ကြိုဟော- မိန်းမ၏အမျိုးအနွယ်(ကမ္ဘာ၃:၁၅)။
ပြည့်စုံ- မိန်းမဖြစ်တဲ့မာရိမှမွေးဖွား(မသဲ၁:၁၆၊ လုကာ၁:၃၀-၃၆)။

၂။ကြိုဟော- အာဗြံဟံ၏အမျိုးအနွယ်(ကမ္ဘာ၂၂:၁၈)။
ပြည့်စုံ- ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။…ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း(ဂလာတိ၃:၁၆)။

၃။ကြိုဟော- ယုဒအမျိုး “ရှိလော”(ကမ္ဘာ၄၉:၁၀)။
ပြည့်စုံ- ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။အမြစ်…(ဗျာ၅:၄)။

၄။ကြိုဟော- ဒါဝိဒ်အမျိုး(၂ရာ ၇:၁၂)။
ပြည့်စုံ- ခရစ်တော်သည် ဒါဝိဒ်အမျိုး၊(ယော ၇:၄၂)။

၅။ကြိုဟော- ဗက်လင်မြို့မှာမွေးမယ်(မိက္ခာ၅:၂)။
ပြည့်စုံ- ခရစ်တော်သည်…ဗက်လင်မြို့သားဖြစ်ရမည်(ယော ၇:၄၂)။

၆။ကြိုဟော- အပျိုကညာမှမွေးမယ်(ဟေရှာ၇:၁၄)။
ပြည့်စုံ- မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။(မဿဲ ၁:၁၈)။

၇။ကြိုဟော- ဧမာနွေလလို့မှည့်ရမယ်(ဟေရှာ၇:၁၄)။
ပြည့်စုံ- ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း(မဿဲ ၁:၂၃)။