သမ္မာကျမ်းစာနေ့သမိုင်း
နှစ်စဉ်နှစ်တိုင်းရဲ့၈လပိုင်းတတိယတစ်ပတ်တနင်္ဂနွေနေ့ဟာမြန်မာနိုင်ငံခရစ်ယာန်တွေရဲ့သမ္မာကျမ်းစာနေ့ဖြစ်ပါတယ်။
သမိုင်းကိုစပြောရရင်၁၈၀၄ခုနှစ်မှာတည်ထောင်ခဲ့တဲ့ကမ္ဘာပထမဆုံးသောကျမ်းစာအသင်း”ဗြိတိသျှနှင့်နိုင်ငံရပ်ခြားကျမ်းစာအသင်း”(British and Foreign Bible Society)ဖြစ်ပေါ်လာခြင်းကပြောရပါမယ်။ဒီအဖွဲ့စည်းဖြစ်ပေါ်လာရခြင်းအများကြီးထဲကတွန်းအားတခုဟာဆိုရင်မေရီဂျိုး(Mary Jones)ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကလေးမကြောင့်ဖြစ်ပါတယ်။သူမဟာကျမ်းစာအုပ်အလွန်လိုချင်သောစိတ်ပြင်းပြမှုကြောင့်၁၀နှစ်အရွယ်ကစ၁၆နှစ်ထိ၆နှစ်သာငွေစုပြီးမိုင်၅၀ကျော်အကွာအဝေးကိုချေလျင်နဲ့လျှောက်ပြီးဝယ်ယူခဲ့ရသူပါ။ဒီအရာကိုမြင်လာတဲ့ခရစ်ယာန်ခေါင်းဆောင်တချို့ဟာလူတိုင်းကျမ်းစာအလွယ်တကူဝယ်ယူရရှိရေးအတွက်ကြိုးပမ်းဖို့ပထမဦးဆုံးသောကျမ်းစာအသင်းကိုထူထောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံကျမ်းစာအသင်း(Myanmar Bible Society)ကိုတော့၁၈၈၉မှာစတင်ခဲ့ပြီး၁၉၀၅ခုနှစ်မှာသမ္မာကျမ်းစာနေ့ကိုပထမဦးဆုံးအကြိမ်ပြုလုပ်ခဲ့ကြောင်းမြန်မာကျမ်းစာအသင်းရဲ့ထုတ်ပြန်မှုမှာဆိုထားပါတယ်။သမိုင်းတလျှောက်သမ္မာကျမ်းစာနေ့ကိုကျင်းပတဲ့ရက်တစ်နှစ်နဲ့တစ်နှစ်မတူခဲ့ပေမယ့်၁၉၅၅ခုနှစ်မှစပြီးနှစ်စဉ်နှစ်တိုင်းရဲ့ဩဂုတ်လ၊တတိယပတ်တနင်္ဂနွေနေ့မှာသမ္မာကျမ်းစာတနင်္ဂနွေနေ့အဖြစ်သတ်မှတ်နိုင်ခဲ့ပါတယ်။၂၀၁၇ခုနှစ်မှာတော့ကျမ်းစာနေ့ကိုတပတ်တာအချိန်ထိတိုးချဲ့လှုပ်ရှားစေဖို့အသင်းတော်အသီးသီးကိုခွန်အားပေးနိုင်ခဲ့ကြောင်းမြန်မာကျမ်းစာအသင်းကဆိုထားပါတယ်။မြန်မာကျမ်းစာအသင်းထုတ်ပြန်တဲ့၂၀၁၉ခုနှစ်ခေါင်းစဉ်ကတော့”မျိုးဆက်သစ်များအတွက်နူတ်ကပတ်တော်”ဖြစ်ပြီး၊၂၀၂၀ခုနှစ်ခေါင်းစဉ်ကတော့“မိသားစုအတွက်နူတ်ကပတ်တော်သမ္မာကျမ်းစာ”ပါ၊၂၀၂၁ခုနှစ်အတွက်ခေါင်းစဉ်က“ကိုယ်စိတ်ဝိညာဉ်ကျန်းမာစေရာ နှုတ်ကပတ်တော်သမ္မာကျမ်းစာ”ဘဲဖြစ်ပါတယ်။၂၀၂၂ခုနှစ်အတွက်ခေါင်းစဉ်က“ကြွယ်ဝသက်တာပေးပိုင်ရာ နူတ်ကပတ်တော်သမ္မာကျမ်းစာ”ဖြစ်ပါတယ်။၂၀၂၃ခုနှစ်အတွက်ခေါင်းစဉ်က”ကမ္ဘာလောကသင့်မြတ်စေရာ ဘုရားသခင်၏သမ္မာကျမ်းစာ”ဖြစ်ပါတယ်။၂၀၂၄ခုနှစ်အတွက်ခေါင်းစဉ်က “စိတ်ဒဏ်ရာများငြိမ်းစေရာ ဘုရားသခင်၏သမ္မာကျမ်းစာ”ဖြစ်ပါတယ်။
အမေရီကန်အခြေပြု(International Day of the Bible) ဆိုတဲ့အအပြည်ပြည်ဆိုင်ရာသမ္မာကျမ်းစာနေ့ဆိုတာကိုတော့၁၁လပိုင်းရဲ့ကျေးဇူးတော်ချီးမွမ်းရာနေ့(ကောက်သစ်စားပွဲ)မတိုင်ခင်ရှေ့တပတ်တနင်္ဂနွေမှာပြုလုပ်ပါတယ်။ချိန်းချက်တဲ့နေ့လည်၁၂နာရီအတိမှာ၊အချိန်ရောက်တာနဲ့တပြိုင်နက်ဘယ်မှာနေနေဘာလုပ်လုပ်ကျမ်းစာကိုင်ပြီးဖတ်ရတဲ့လှုပ်ရှားမှုရှိကြပါတယ်၊လေလိုင်းပေါ်ကနေကျမ်းစာအသင်းတွေကလဲကျမ်းချက်တွေလွင့်ပေးပါတယ်။ကျမ်းစာနဲ့ပတ်သတ်တဲ့စာတွေအသံတွေ၊ဗွီဒီယိုဖိုင်တွေကို#biblecelebrationဆိုတဲ့စာလေးတပ်ပြီးတင်ကြရှဲကြမျှဝေကြပါတယ်။ဒီလှုပ်ရှားမှုကိုတော့ ပြည်လုံးဆိုင်ရာကျမ်းစာအသင်း(National Bible Association),အမေရိကန်ကျမ်းစာအသင်း(American Bible Society)、 (YouVersion)နဲ့ကျမ်းစာအုပ်စု(Scripture Union)、 Bible Gateway、Bibles for the World စသဖြင့်အသင်းအဖွဲ့စည်းများကပံ့ပိုးဦးဆောင်ပါတယ်။ဒီနှစ်၂၀၂၂ခုနှစ်မှာ၈၁ကြိမ်မြောက်သမ္မာကျမ်းစာနေ့ကိုကျင်းပပါလိမ့်မယ်။ဘုရားသခင်ဟာလူတွေကိုသူ့စကားတော်ပေးခဲ့ခြင်းကိုအမှတ်ရခြင်းပြီးတချိန်ထဲမှာပုလဲဆိပ်ကမ်းကိုတိုက်ခိုက်ခံရတဲ့နေ့မို့ပိုပြီးအမှတ်ရနေကြတာပါ။
သမ္မာကျမ်းစာနေ့မှာဂိုဏ်းဂဏများစုပေါင်းဝတ်ပြုခြင်း၊ကျမ်းစာအမေးဖြေများလုပ်ခြင်း၊ကျမ်းစာဖတ်ခြင်း၊ကျမ်းစာသမိုင်းဝေငှခြင်း၊ကျမ်းစာဂိမ်းကစားခြင်း၊သီချင်းပြိုင်ပွဲများ၊တစ်နှစ်လုံးထဲမှာကျမ်းစာတစ်ခေါက်အထက်ဖတ်ပြီးသူကိုဆုပေးခြင်း၊ကျမ်းစာအုပ်လက်ဆောင်ပေးခြင်းနဲ့အခြားကျမ်းစာနဲ့ပတ်သတ်တဲ့လှုပ်ရှားမှုအသီးသီးလုပ်ကြပါတယ်။သမ္မာကျမ်းစာနေ့ပြုလုပ်တဲ့ရက်တွေတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ဂိုဏ်းတစ်ခုနဲ့တစ်ခုမတူညီကြပါပေမယ့်၊ရက်မြတ်ကအဓိကမဟုတ်ဘဲခရစ်ယာန်ယုံကြည်မှုအဖွဲ့စည်းတိုင်းဟာသမ္မာကျမ်းစာကိုတန်ဖိုးထားကြောင်းပေါ်လွင်စေခြင်းသာဖြစ်ကြောင်း၊သမ္မာကျမ်းစာများနေ့သမိုင်းကိုလက်လှမ်းမှီသလောက်လေ့လာပြီးတင်ပြလိုက်ပါတယ်။မပြည့်စုံမှုနဲ့အားနည်းမှုရှိခဲ့လျှင်ကျွန်တော်ရဲမင်း၏အားနည်းချက်ပင်ဖြစ်ပါသည်။ဖတ်ရှုသူအယောက်ဆီတိုင်းကိုဘုရားကောင်းကြီးပေးပါစေ။အာမင်။