• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မော်မုန်(Mormon)ရဲ့အလွဲ(၁၀)ချက်

ဆရာရဲမင်း

11 月 18, 2024

မော်မုန်(Mormon)ရဲ့အလွဲ(၁၀)ချက်

မော်မုန်ဆိုတာခရစ်ယာန်လိုလိုနဲ့ခရစ်ယာန်လုံးဝမဟုတ်တဲ့ယုံကြည်ခံယူမှုတခုဖြစ်ပါတယ်။မော်မုန်ဂိုဏ်းကိုလွန်ခဲ့တဲ့နှစ်၂ရာကျော်လောက်ကJoseph Smithဆိုတဲ့အမေရီကန်သားကAD1830မှာစတင်ခဲ့ ကြောင်းwikiမှာဖော်ပြပါတယ်။ဘုရားသခင်ကသူ့ကို”လက်ရှိအသင်းတော်နဲ့ခရစ်ယာန်ယုံကြည်မှုဟာအကုန်မှားကြောင်း”ဗျာဒိတ်ပေးလာတယ်လို့ဆိုပြီးမော်မွန်ကျမ်းကိုပြုစုခဲ့သူပါ။

မော်မုန်အသင်းဝင်သူတွေကိုLater Day Saints (LDS) “နောက်ဆုံးသန့်ရှင်းသူများ”လိုခေါ်တွင်ပါတယ်။သူတို့အသင်းတော်ကလွဲလို့ကျန်တဲ့ခရစ်ယာန်တွေအကုန်မှားနေကြောင်း၊ကမ္ဘာပေါ်မှာစစ်မှန်သောအသင်းတော်ဟာမော်မုန်တခုထဲရှိ ကြောင်းခံယူကြတာပါ။
ဒီပို့စ်မှာတော့မော်မုန်အသင်းကိုကျွန်တော်တို့ခရစ်ယာန်တွေလက်မခံရတဲ့အကြောင်းရင်းအကျဉ်းတင်ပြပါမယ်။
မော်မုန်အဖွဲ့‌တွေက

၁။သမ္မာကျမ်းစာကမပြည့်စုံ‌သေးလို့၊မော်မုန်ကျမ်း(Book of Mormon)အပါအဝင်သူတို့ပြုစုထားတဲ့တခြားကျမ်းစာတွေကိုသမ္မာကျမ်းစာနဲ့အတူတူခံယူရမှာဖြစ်ကြောင်းပြောပါတယ်။

၂။ဘုရားသခင်ဟာလည်းအ‌သွေးအသားရှိတဲ့လူမို့ထာဝရကြီးမြတ်သူမဟုတ်ဘဲ၊ပျက်စီးနိုင်တယ်၊နေရာတကာနေနိုင်စွမ်းမရှိဘူးစသဖြင့်ခံယူကြပါတယ်။
၃။ခမည်း‌တော်ဘုရားနဲ့မာရိပေါင်းဆက်လို့ယေရှုမွေးလာတာလို့မှားယွင်းစွာခံယူကြပါတယ်။

၄။လူတွေကြိုးစားရင်ဘုရားဖြစ်နိုင်တယ်လို့ခံယူကြပါတယ်။ဒါကြောင့်ဘုရားဟာသုံးပါးသုံးဆူဖြစ်နိုင်သလို၊ဘုရားအများကြီးဖြစ်နေနိုင်တယ်လို့ဆိုကြပါတယ်။

၅။ယေရှုခရစ်အသေခံသွားတာဟာကယ်တင်ခြင်းအတွက်မပြည့်စုံသေးတာမို့၊မော်မွန်အသင်းဝင်မှဘဲကယ်တင်ခြင်းရမယ်လို့ခံယူကြပါတယ်။

၆။သေပြီးသူတွေအတွက်ကိုယ်စားနှစ်ခြင်းခံပြီးအပြစ်ဖြေပေးလို့ရကြောင်းခံယူကြပါတယ်။ဒါကြောင့်မိမိဘိုးဘင်ဘေဆက်တွေငရဲကျနေရင်ငွေပေးပြီးကိုယ်စားအပြစ်ဖြေဖို့လုပ်ပေးကြတာပါ။

၇။စတည်ထောင်စဉ်ကမိန်းမအများကြီးယူလို့ရကြောင်းခံယူကြပါတယ်။မော်မွန်ဂိုဏ်းတည်ထောင်သူမှာမိန်းမ၄၉ယောက်ထိရှိခဲ့ပြီး၊သူ့တပည့်မှာမိန်းမ၂၅ယောက်ရှိခဲ့ပါတယ်။(အခုနောက်ပိုင်းကတော့ယူလို့မရကြောင်းပြန်ပြင်လိုက်ပါပြီ)။

၈။ဘုရားသခင်မှာမိန်းမရှိပြီးသားသမီးအများကြီးရှိကြောင်း၊အာဒံဧဝ၊စာတန်၊ယေရှု၊လူသားစသဖြင့်ဟာဘုရားသခင်နဲ့အမေဘုရားကနေမွေးလာသူတွေဖြစ်ကြောင်းခံယူကြပါတယ်။

၉။ယေရှုခရစ်ဟာမိန်းမအများကြီးယူဖို့ထောက်ခံခဲ့ကြောင်း‌၊ယေရှုမှာလဲမိန်းမရှိခဲ့ကြောင်း၊မော်မုန်ဂိုဏ်းတည်ထောင်သူJoseph Smithဟာ ယေရှုခရစ်ရဲ့မျိုးဆက်ဖြစ်ကြောင်း၊ပ‌ရောဖက်ကြီးဖြစ်ကြောင်းဖော်ပြကြပါတယ်။

၁၀။မော်မုန်အသင်းဝင်မဟုတ်သူတွေအကုန်ငရဲကျမယ်လို့ခံယူကြပါတယ်။
ဒီလိုခံယူယုံကြည်ချက်တွေကြောင့်သာမန်ခရစ်ယာန် တွေဟာမော်မုန်အဖွဲ့တွေကိုလက်မခံကြတာဘဲဖြစ်ပါတယ်။(သူတို့ရဲ့ကျမ်းစာနဲ့မြန်မာလိုFacebookကိုလေ့လာချင်သူများကောမန့်မှာဖော်ပြထားပါတယ်။)