ဖခင်နေရာမပျောက်ဖို့မိခင်များသတိပြု
၁။ငါကလေးတွေကိုဆုံးမနေတာနင်စကားမများနဲ့ဟုဖခင်ကိုမိခင်ပြောလိုက်သောစကားသည်၊သားသမီးရင်ထဲဖခင်နေရာပျောက်သွားနိုင်ပါသည်။
၂။နင့်အဖေကတော့ဒီလိုဘဲ၊စသဖြင့်သားသမီးရှေ့မှာဖခင်မကောင်းကြောင်းပြောလိုက်သောမိခင်ရဲ့စကားသည်၊သားသမီးရင်ထဲဖခင်နေရာပျောက်သွားနိုင်ပါသည်။
၃။ဒီအိမ်မှာငါအကြီးဆုံးဘဲ၊နင့်အဖေတောင်ငါခွင့်ပြုမှရတာဟုပြောလိုက်သောမိခင်ရဲ့စကားသည်၊သားသမီးရင်ထဲဖခင်နေရာပျောက်သွားနိုင်ပါသည်။
၄။နင့်အဖေလေငါ့ကိုဒီလိုရက်စက်ခဲ့တာ၊မင်းတို့ကိုလည်းဒီလိုရက်စက်ခဲ့တာဟုပုံကြီးချဲ့ပြောလိုက်သောမိခင်ရဲ့စကားသည်၊သားသမီးရင်ထဲဖခင်နေရာပျောက်သွားနိုင်ပါသည်။
၅။နင့်အဖေကတော့ဘယ်မိန်းမနောက်လိုက်နေလဲမသိဘူးဟုထင်မြင်ချက်ဖြင့်ပြောလိုက်သောမိခင်၏စကားသည်၊သားသမီးရင်ထဲဖခင်နေရာပျောက်သွားနိုင်ပါသည်။
၆။သားသမီးရှေ့ကိုယ့်ယောကျာ်းကိုမထီမဲ့မြင်၊မလေးမစား၊အော်ငေါက်ဆဲဆို၊ခြေပါလက်ပါဖြင့်ပြုတတ်သောမိခင်၏အပြုအမူသည်၊သားသမီးရင်ထဲဖခင်နေရာပျောက်သွားနိုင်ပါသည်။
မှတ်ချက်-တချို့ကပြောင်းပြန်ဖြစ်နေတတ်တာမို့၊ဖခင်နှင့်မိခင်နေရာချင်းလဲလှယ်၍ပြန်ဖတ်ပါ။
မိခင်ဖခင်တိုင်းသားသမီးရှေ့တွင်ကောင်းသောစကားကောင်းသောပုံသက်သေဖြင့်အချင်းချင်းတည်ဆောက်ပေးတတ်သောမိဘများဖြစ်စေပါ။
(ဖိလိပ္ပိ 4:5 လူအပေါင်းတို့ရှေ့၌ သင် တို့၏ ဖြည်းညင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။)