• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အထူးသတိထားစရာကောင်းကင်သစ်မြေကြီးသစ်ယေရှုအသင်း

ဆရာရဲမင်း

11 月 14, 2024

အထူးသတိထားစရာ
ကောင်းကင်သစ်မြေကြီးသစ်ယေရှုအသင်း

ဟိုတနေ့ကဖုန်းမြည်လာလို့ကိုင်လိုက်တော့အင်္ဂလိပ်လိုအသံဝဲဝဲနဲ့အွန်လိုင်းသင်တန်းပါဝင်ဖို့ရိုရိုသေသေဖိတ်လာပါတယ်။ဖုန်းနံပတ်ကြည့်တော့ကိုးရီးယားဖုန်း။ကျနော့ဖုန်းနံပတ်ကိုFacebook Pageကနေရတာပါတဲ့လေ။အီး‌မေးမှာကြည့်ပေးပါဆိုပြီးဖုန်းချသွားတယ်။အီးမေးကြည့်တော့ဖိတ်စာနဲ့စာတွေရေးလာထားတာ။ဘာအဖွဲ့လဲဆိုတာသေချာလိုက်လေ့လာရတာပေါ့။နောက်တော့ သေချာသိသွားပြီ။မိစ္ဆာအယူလွဲအဖွဲ့ကြီးစား။သင်းအုပ်တွေကိုဘဲဖိတ်တာတဲ့၊တော်လိုက်တဲ့ဗျူဟာ၊သင်းအုပ်ပါသွားရင်ကျန်တာအကုန်ပါလာပြီဆိုတဲ့သဘော….
ဒီအဖွဲ့အကြောင်းအကျဉ်းချပြပါမယ်။
သူတို့အဖွဲ့နာမည်က
Shincheonji Church of Jesus
မြန်မာလိုသူတို့ဟာသူတို့ပေးထားတာက“ကောင်းကင်သစ်မြေကြီးသစ်ယေရှုအသင်းတော်”
ခေါင်းဆောင်ကြီးက
Lee Man-hee

မိစ္ဆာအယူလို့ပြောရခြင်းက
၁။Lee Man-heeကို မသေတတ်တဲ့ကယ်တင်ရှင်အဖြစ်ခံယူကြတယ်။
၂။သူတို့အသင်းဝင်က၁၄သိန်း၄ သောင်းပြည့်ရင်‌ကမ္ဘာပျက်ပြီးသူတို့ကဘဲကောင်းကင်သစ်မြေကြီးသစ်ဝင်ရမယ်။အခုသူတို့အဖွဲ့က၂သိန်းခွဲတောင်ကျော်နေပြီ။ခုထိဘာမှဖြစ်မလာသေးတော့စစ်မှန်တဲ့အသင်းဝင်သူ၁၄သိန်း၄ သောင်းမပြည့်သေးလို့ပါဆိုပြီးအချိန်စွဲထားတယ်။
၃။ခေါင်းဆောင်ကြီးLee Man-heeကိုယုံကြည်သူတိုင်းသူ့လိုထာဝရမသေဘူး။
၄။ကိုးရီးယားလိုမတတ်ရင်ကယ်တင်ခြင်းမရနိုင်ဘူး။
၅။မိသားစုကိုငြင်းပယ်ရမယ်လို့သွန်သင်တယ်။
၆။အခြားသူကိုလိမ်ညာပြီးအသင်းထဲစွဲဝင်ခြင်း
Etc……..အခြားရှိသေး။
နောက်မှတင်ပြမယ်။
အခုသတိထားဖို့တင်ပေးလိုက်ပါပြီ။