• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေဟောဝါသက်သေခံများရဲ့ရှေ့နောက်မညီတဲ့သွန်သင်ချက်များ

ဆရာရဲမင်း

11 月 16, 2024

ယေဟောဝါသက်သေခံများရဲ့ရှေ့နောက်မညီတဲ့သွန်သင်ချက်များ

နိဒါန်း
တရားဟောရာကျမ်း 18:21‭-‬22မှာမိစ္ဆာပရောဖက်ဟုတ်မဟုတ်သိချင်ရင်သူတို့ဟောတာတွေတကယ်ဖြစ်နေမဖြစ်(ရှေ့နောက်ညီမညီ)ဆိုတာဘဲကြည့်ပါတဲ့။ဆိုတော့ယေဟောဝါသက်သေအဖွဲ့တွေရဲ့သူတို့ကိုယ်တိုင် ပြောခဲ့တဲ့စကားနဲ့ကြိုဟောခဲ့တဲ့ပရောဖက်ပြုချက်တွေဟာရှေ့နောက်ညီမညီကိုသက်သေ(ပုံနဲ့စာနဲ့တကွ)ချပြပါမယ်။ခွန်အားယူစရာမဟုတ်ဘဲသတိထားစရာမို့အဆင်မ‌ပြေသူကျော်သွားလို့ရပါတယ်။

၁။ယေဟောဝါသက်သေခံတွေကိုယ်တိုင်ထုတ်တဲ့စာထဲမှာ၊ယေရှုက‌ ကောင်းကင်တမန်မင်းမိက္ခေလဟုတ်လိုက်မဟုတ်လိုက်ရှေ့နောက်မညီခြင်းကိုတွေ့ရမှာပါ၊သက်သေနှင့်တကွချပြထားပါတယ်၊ပုံနဲ့စာစောင်ကိုစစ်ဆေးပြီးတိုက်စစ်ပါ။
👉ယေရှုဟာကောင်းကင်တမန်မင်းမိက္ခေလမဟုတ်ပါ။(သက်သေ : 🇺🇸 The Watchtower 1879, November, page 4)
👉ယေရှုဟာကောင်းကင်တမန်မင်းမိက္ခေလဖြစ်ပါတယ်။(သက်သေ : 🇺🇸 1988-2006 – Revelation Its grand climax at hand, page 181 + Cover)
👉ပုပ်ရဟန်းမင်းကမိက္ခေလကိုပုံဆောင်ပြန်တယ်(သက်သေ : 🇺🇸 The Finished Mystery, page 188 + Cover)
👉ပုပ်ရဟန်းမင်းနဲ့နောက်လိုက်တွေကမိက္ခေလနဲ့သူ့ရဲ့တမန်တွေလို့ရေးပြန်ပါတယ်။(သက်သေ : 🇺🇸 Zion’s Watch Tower, December 1879, page 2-7)

၂။ယေဟောဝါသက်သေခံတွေထုတ်‌ ဝေခဲ့တဲ့စာစောင်တွေမှာ၊ယေရှုခရစ်ပြန်လာမဲ့နှစ်ကိုရှေ့နောက်မညီဟောထားခဲ့ကြပါတယ်…
👉1874မှာယေရှုပြန်လာခဲ့ပါပြီလို့ပြော(သက်သေ:🇺🇸 1889 – The WatchTower,January 1 1924, page 5)
👉1875မှာယေရှုပြန်လာခဲ့ပါပြီလို့ပြန်ပြော(သက်သေ:🇺🇸 The Watch Tower, October 15 1930, page 308)
👉1878မှာယေရှုပြန်လာခဲ့ပါပြီလို့ပြောပြန်(သက်သေ : 🇺🇸 The Watch Tower, Sept 15 1931, page 283)
👉1914မှာယေရှုပြန်လာခဲ့ပါပြီလို့ပြောပြန်(သက်သေ:🇺🇸The Greatest man who ever lived, page 132 + Cover)

၃။ယေဟောဝါသက်သေခံတွေဟာယေရှုခရစ်ကိုကိုးကွယ်ရမယ်/မရဘူးဆိုတာကိုရှေ့နောက်မညီပြောခဲ့ပါတယ်…
👉ယေရှုဟာကိုးကွယ်ခံထိုက်သူပါ(သက်သေ:🇺🇸 1953 – 1957 Make sure of all things (1957 edition), page 85 )
👉ယေရှုကိုမကိုးကွယ်ဖို့ပြောထားပြန်ပါတယ်(သက်သေ:🇺🇸 Awake, April 8 2000, page 26 )
👉ယေဟောဝါသက်သေခံတွေဟာ1880-1994အထိယေရှုကိုကိုးကွယ်ဖို့သွန်သင်ပြီး၊1995ကနေယနေ့ထိတော့ ယေရှုကိုမကိုးကွယ်ကြဖို့သွန်သင်ပြန်ပါတယ်၊နှစ်အလိုက်သက်သေအတိအကျရှိထားပါတယ်၊စာရှည်မှာစိုးလို့မရေးတော့ပါ၊လိုချင်ရင်လာတောင်းပါ။

၄။ယေဟောဝါသက်‌သေခံတွေဟာယေရှုခရစ်ဆီမှာဆုတောင်းရမယ်/မရဘူးဆိုတာရှေ့နောက်မညီသွန်သင်ခဲ့ပြန်ပါသေးတယ်။
👉ယေရှုဆီဆုတောင်းလို့ရပါတယ်(သက်သေ: 🇺🇸 Zion’s Watch Tower May 15 1892, page 157)
👉ယေရှုဆီဆုတောင်းလို့မရပါဘူး(သက်သေ:1968 – The truth that leads to eternal life, page 152 )

၅။ယေရှုမွေးနေ့နဲ့ပတ်သက်ပြီးရှေ့နောက်မညီမှု…
👉ယေရှုမွေးနေ့ကိုအထူးတလည်အလေးထားပြီးမှတ်စရာမလိုအပ်ပါ၊‌ နေ့ရက်ထက်သတင်းကောင်းပြောဖို့သာအရေးကြီးပါတယ်။(သက်သေ: 🇺🇸 Zion’s Watch Tower, December 1 1904, page 364)
👉ယေရှုမွေးနေ့ကိုမှတ်ထားကြဖို့အင်မတန်အရေးကြီးပါတယ်၊10လ1ရက်နေ့လောက်ကျပါတယ်(သက်သေ:🇺🇸 WatchTower 1926, December 15, page 371 )

၆။ယေရှုရဲ့အသေခံပေးဆပ်မှုနဲ့ပတ်သက်ပြီးရှေ့နောက်မညီမှု….
👉ယေရှုရဲ့သေခြင်းဟာတလောကလုံးကလူတွေအတွက်မဟုတ်ပါဘူး(သက်သေ:🇺🇸 1939 – Salvation, page 179 )
👉ယေရှုရဲ့သေခြင်းဟာတလောကလုံးကလူတွေအတွက်ပါ။(သက်သေ: 🇺🇸 1939 – Salvation, page 179)

၇။ယေရှု့လူ့ဇာတိခံခြင်းနဲ့ပတ်သက်ပြီးရှေ့နောက်မညီမှု…
👉ယေရှုဟာဘုရားသား‌တော်ကနေလူ့ဇာတိလာခံတာပါ။ကောင်းကင်တမန်ကနေလာတာမဟုတ်ပါဘူး။(သက်သေ:🇺🇸 The Watchtower, February 15 1991, page 14 )
👉ယေရှုဟာကောင်းကင်တမန်ကနေလူလာလုပ်သူပါ(သက်သေ: 🇺🇸 1917 – The Watchtower, March 1 1960, page 133 )

၈။ယေရှုအသေခံခဲ့တဲ့ကားတိုင်နဲ့ပတ်သက်ပြီးရှေ့နောက်မညီမှုက…
👉တိုင်ပြားနှစ်ခုယှက်ထားတဲ့လက်ဝါးကပ်တိုင်မှာအသေခံတာပါ(သက်သေ:🇺🇸 The Watchtower, August 15 1949, page 247 )နောက်ထပ်သက်သေရှိသေးသည်။
👉အပေါင်းပုံစံမဟုတ်တဲ့မက်နေတဲ့သစ်တိုင်တတိုင်ပေါ်မှာသာသေခဲ့တာပါ(သက်သေ:🇺🇸 Riches (1936), page 27 )

၉။ခရစ္စမတ်နဲ့ပတ်သက်ပြီးရှေ့နောက်မညီသောသွန်သင်ချက်
👉 ယေဟောဝါသက်သေခံတွေခရစ္စမတ်ကိုကျင်းပကြပါတယ်(သက်သေ:🇺🇸 Zion’s Watch Tower, December 15 1898, R2407, page 371, “Unto You Is Born… A Savior”, page 372 )သမိုင်းသက်သေပုံလည်းကြည့်ပါ။
👉ယေဟောဝါသက်သေခံတွေခရစ္စမတ်ကိုမကျင်းပရပါ(သက်သေ: 🇺🇸 Gods Kingdom Rules, page 102 )သမိုင်းပုံကိုလည်းကြည့်ပါ။

၁၀။ကယ်တင်နိုင်‌သောဘုရားနာမဆိုင်ရာရှေ့နောက်မညီမှု…
👉ရောမ၁၀:၁၃ထဲကနာမဟာသခင်ယေရှုရဲ့နာမဖြစ်တယ်၊သူ့ကိုအမှီပြုမှကယ်တင်ခြင်းရနိုင်တယ်။(သက်သေ:🇺🇸 Studies in the Scriptures, Vol 1 (1923), The Divine Plan Of The Ages, page 100, page 101 )
👉ရောမ၁၀:၁၃ထဲကနာမဟာယေဟောဝါနာမသာဖြစ်ပါတယ်(သက်သေ:🇺🇸 The Watchtower, May 1 2012, page 20 )

၁၁။လူကိုယ်ခန္ဓာထဲသွေးသွင်းခြင်းဆိုင်ရာရှေ့နောက်မညီတဲ့ခံယူမှု
👉သွေးသွင်းခြင်းကိုဘုရားမတားမြစ်ထားပါဘူး(သက်သေ:Source : 🇳🇱 “Vertroosting” (the Dutch version of “Consolation”), Septembre 1945, n 109, page 29)
👉သွေးသွင်းခြင်းကိုဘုရားကတားမြစ်ထားပါတယ်။(သက်သေ:🇺🇸 1981 – The Truth That Leads To Eternal Life, page 168 + page 169 )

၁၂။ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ
👉ကာကွယ်ဆေးထိုးခြင်းဟာဘုရားပညတ်ကိုကျူးလွန်တာပါ(သက်သေ:🇺🇸 The Golden Age, 24 avril 1935, page 465)
👉တကယ်တော့ကာကွယ်ဆေးထိုးတာကျမ်းစာနဲ့မဆန့်ကျင်ပါဘူး(သက်သေ🇺🇸 The Golden Age, 24 avril 1935, page 465)

၁၃။နောက်ဆုံးသောကာလ(အာမေဂေဒုန်စစ်ပွဲ)နဲ့ပတ်သက်ပြီး
👉1914မှာနောက်ဆုံးသောကာလပြီးပါပြီ။(သက်သေ:🇺🇸 The Time is at Hand, vol.2, page 101)
👉1914မှာ‌နောက်ဆုံးသောကာလအစပြုတာပါ(သက်သေ: 🇺🇸 Pastor Russell’s Sermons, page 676)
👉1915မှာနောက်ဆုံးသောကာလပြီးတာပါ(သက်သေ:🇺🇸 Studies In the Scriptures Series II – The Time Is At Hand 1915 ed. page 99, page 101, page 242)
👉1941မှာနောက်ဆုံးသောကာလအစပြုတာပါ(သက်သေ: 🇺🇸 Watchtower, Sept. 15, 1941, page 288)

၁၄။စစ်မှုထမ်းခြင်းနဲ့ပတ်သက်ပြီး
👉စစ်မှုထမ်းလို့ရပါတယ်(သက်သေ: 🇺🇸 The Watchtower, August 1, 1898, page 231)
👉စစ်မှုမထမ်းရပါ။(သက်သေ: 🇺🇸 The Watchtower, February 1, 1951, page 73 )

၁၅။မွေးနေ့ဆိုင်ရာနဲ့ပတ်သက်ပြီး
👉ယောဘရဲ့သားတွေမွေးနေ့လုပ်ပါတယ်(သက်သေ : 🇺🇸 Photodrame de la Création – 1914 – page 52)
👉ယောဘသားများမွေးနေ့မလုပ်ကြပါ။(သက်သေ:🇺🇸 1971 – Aid to Bible understanding, page 237 )

၁၆။ဘေးဒဏ်ကြီးကာလနဲ့ပတ်သက်ပြီး
👉1914မှာပြီးပါပြီ(သက်သေ: 🇺🇸 The Zion’s Watch tower, July 15, 1894, page 226)
👉1914မှာအစပြုတာပါ(သက်သေ: 🇺🇸 The Watchtower, November 15 1975, page 686 )

၁၇။သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး
👉ကျမ်းစာဘာသာပြန်ဗားရှင်းတွေအကုန်ကောင်းပါတယ်(သက်သေ: 🇺🇸 1917 – Studies in the Scriptures, Vol 7, The finished mystery, page 55, page 56 )
👉ကျမ်းစာဘာသာပြန်ဗားရှင်းတွေမကောင်းလို့ကမ္ဘာသစ်ဘာသာပြန်ကျမ်းသာမှန်ပါတယ်(သက်သေ:🇫🇷 The Watchtower, September 15 1950, page 315 )

၁၈။ရန်သူကိုချစ်ခြင်းနဲ့ပတ်သက်ပြီး
👉ယေဟောဝါသက်သေခံတွေကရန်သူကိုမုန်းတီးရမယ်။(သက်သေ:🇺🇸 The Watchtower, October 1 1952, page 598, page 599, page 600 )
👉ယေဟောဝါသက်သေခံတွေကရန်သူကိုချစ်ရမယ်။(သက်သေ:🇺🇸 The Watchtower, February 15 1968, page 128)

၁၉။ချီဆောင်ခြင်းက
👉1878နွေဦးမှာချီ‌ဆောင်ခြင်းလာမှာပါ(သက်သေ: 🇺🇸 1891 (1st-ed) – MILLENNIAL DAWN, Vol III, Thy Kingdom Come, page 234)
👉1918မှာချီဆောင်ခြင်းလာမှာပါ(သက်သေ:🇺🇸 1946 – Let God Be True, page 112 )

၂၀။အာလဖနှင့်သြမေဃဆိုတာက
👉ယေရှုခရစ်ပါ။(သက်သေ:🇺🇸 1917-1923 – Studies in the Scriptures, Vol 7, The finished mystery (1923 edition) page 318)
👉ယေရှုမဟုတ်ပါဘူး၊ယေဟောဝါပါ(သက်သေ: 🇺🇸 1971 – Aid to Bible understanding, page 57 )

နိဂုံး
လူတိုင်းပြောမှားဆိုမှားတတ်ပေမယ့်၊ဩဝါဒပိုင်းဆက်တိုက်မှားပြီး၊ကြိုတင်ဟောကြားချက်(ပရောဖက်ပြုချက်)များလည်းတကယ်ဖြစ်မလာတဲ့အခါအထူးသတိထားဖို့လိုပါတယ်။ဝိညာဥ်‌တော်အလင်းဖြင့်ဆင်ခြင်မိနိုင်ကြပါစေ။အာမင်။
ယခုစာတွေဟာအွန်လိုင်းပေါ်ကတင်ပြထားတဲ့ (212 contradictions in Watchtower Literature)ဆိုတဲ့စာထဲကအချက်တချို့ကိုသက်သေနှင့်တကွဘာသာပြန်တင်ပြခြင်းဖြစ်ပါသည်။ သတိထားရမှာကဒီစာတွေဟာယေဟောဝါသက်သေခံတွေဖက်ကမှားခဲ့ကြောင်းဝန်ခံခဲ့ခြင်းမဟုတ်ဘဲပညာရှင်တချို့ကအချိန်ပေးပြီးရှာ ဖွေဖော်ထုတ်ထားတာဖြစ်ပါတယ်။

 

မူရင်းဓာတ်ပုံသက်သေများကြည့်ရန်(၁)

မူရင်းဓာတ်ပုံသက်သေများကြည့်ရန်(၂)