• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ္စမတ်ရဲ့အဓိကနဲ့သာမည

ဆရာရဲမင်း

12 月 12, 2024

ခရစ္စမတ်ရဲ့အဓိကနဲ့သာမည

၁။ယေရှုကဗက်လင်ရဲ့နွားတင်းကုပ်မှာမွေးတာတို့၊ဗက်လင်မြို့အဝင်ဘေးဂူပေါက်တခုမှာမွေးတာတို့၊အိမ်အောက်ခန်းမှာမွေးတာပါပြီးမှဘဲနွားစာခွက်ထဲသိပ်ထားတာတို့စသဖြင့်ငြင်းခုန်မှုတွေဟာသာမညတွေသာဖြစ်ပြီး၊
ကယ်တင်ရှင်ယေရှုမွေးဖွားပြီ၊သင့်နဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်အသေခံဖို့လာပြီဆိုတာအဓိကပါ။
ရှေ့ကအရာတွေမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်၊
နောက်ကအရာကတော့ကွဲလွဲလို့မရတဲ့သမ္မာတရားပါ။အာမင်။

၂။ယေရှုကိုလာဖူးတဲ့ပညာရှိကသုံးပါးပါတို့၊အပါးပေါင်း150ပါတို့၊ဘယ်နှစ်ပါးလဲမသိဘူးများတော့များမယ်တို့စသဖြင့်ငြင်းခုံမှုဟာသာမညသာဖြစ်ပြီး၊
ကယ်တင်ရှင်ယေရှုမွေးဖွားပြီ၊သင့်နဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်အသေခံဖို့လာပြီဆိုတာအဓိကပါ။
ရှေ့ကအရာတွေမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်၊
နောက်ကအရာကတော့ကွဲလွဲလို့မရတဲ့သမ္မာတရားပါ။အာမင်။

၃။‌မာဂုပညာရှိတွေယေရှုကိုလာဖူးမြော်ကြတာကဗက်လင်နွားတင်းကုပ်မှာပါတို့၊နာဇရက်အိမ်မှာပါတို့၊ဗက်လင်ကအိမ်တစ်ခုမှာပါတို့စသဖြင့်ငြင်းခုံမှုဟာသာမညသာဖြစ်ပြီး၊
ကယ်တင်ရှင်ယေရှုမွေးဖွားပြီ၊သင့်နဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်အသေခံဖို့လာပြီဆိုတာအဓိကပါ။
ရှေ့ကအရာတွေမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်၊
နောက်ကအရာကတော့ကွဲလွဲလို့မရတဲ့သမ္မာတရားပါ။အာမင်။

၄။ယေရှုမွေးနေ့ဟာ(ခရစ္စမတ်နေ့ရက်ဟာ)၁၂လ၂၅ရက်နေ့ပါတို့၊၁လပိုင်း၇ရက်နေ့ပါတို့၊ဘီစီ၄မှာပါတို့စသဖြင့်ငြင်းခုံမှုဟာသာမညသာဖြစ်ပြီး၊
ကယ်တင်ရှင်ယေရှုမွေးဖွားပြီ၊သင့်နဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်အသေခံဖို့လာပြီဆိုတာအဓိကပါ။
ရှေ့ကအရာတွေမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်၊
နောက်ကအရာကတော့ကွဲလွဲလို့မရတဲ့သမ္မာတရားပါ။အာမင်။

၅။နွားစာခွက်မှာမွေးပြီပြောတာမှားတယ်တို့၊နွားတင်းကုပ်မှာမွေးတယ်ပြောမှမှန်မယ်တို့၊နွားစာခွက်နွားတင်းကုပ်တခုမှမမှန်ဘူးအမှန်က‌ဂူထဲမှာပါတို့၊အမှန်ကအိမ်အောက်မှာပါတို့စသဖြင့်ငြင်းခုံမှုဟာသာမညသာဖြစ်ပြီး၊
ကယ်တင်ရှင်ယေရှုမွေးဖွားပြီ၊သင့်နဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်အသေခံဖို့လာပြီဆိုတာအဓိကပါ။
ရှေ့ကအရာတွေမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်၊
နောက်ကအရာကတော့ကွဲလွဲလို့မရတဲ့သမ္မာတရားပါ။အာမင်။

၆။ဗက်လင်ကြယ်ပါတို့၊နာဇရက်ကြယ်ပါတို့၊ခရစ်တော်ရဲ့ကြယ်ပါတို့စသဖြင့်ငြင်းခုံမှုဟာသာမညသာဖြစ်ပြီး၊
ကယ်တင်ရှင်ယေရှုမွေးဖွားပြီ၊သင့်နဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်အသေခံဖို့လာပြီဆိုတာအဓိကပါ။
ရှေ့ကအရာတွေမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်၊
နောက်ကအရာကတော့ကွဲလွဲလို့မရတဲ့သမ္မာတရားပါ။အာမင်။

၇။ဟေရုဒ်က၂နှစ်အောက်ကလေးအကုန်သတ်တဲ့အချိန်ဗတ္တိဇံယောဟန်ကတောမှာမို့လွတ်တာပါတို့၊သူ့အသက်၂နှစ်ကျော်လို့လွတ်တာပါတို့စသဖြင့်ငြင်းခုံမှုဟာသာမညသာဖြစ်ပြီး၊
ကယ်တင်ရှင်ယေရှုမွေးဖွားပြီ၊သင့်နဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်အသေခံဖို့လာပြီဆိုတာအဓိကပါ။
ရှေ့ကအရာတွေမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်၊
နောက်ကအရာကတော့ကွဲလွဲလို့မရတဲ့သမ္မာတရားပါ။အာမင်။

သာမညကသာမန်ဆွေးနွေးဖို့ဘဲကောင်းပါတယ်။တအားကြီးလိုက်မခံစားပါနဲ့၊သာမညကဘယ်လိုခံယူခံယူခရစ်ယာန်အသက်တာကိုမထိခိုက်သလို၊ကယ်တင်ခြင်းကိုလည်းမထိခိုက်ပါဘူး။ဒါတွေတခုမှနားမလည်ရင်တောင်ကယ်တင်ခြင်းနားလည်ပြီးပြန်လည်ဝေငှတတ်ရင်လုံလောက်ပါပြီ။
အဓိက
ယေရှုကဘုရားကနေလူ့ဇာတိခံယူတာ၊
လူ့အတွက်အသေခံပြီးလာကယ်တာ၊
ယေရှုကိုယုံကြည်မှကယ်တင်ခြင်းရမယ်၊
ဒီကယ်တင်ခြင်းကိုပြန်လည်ဝေငှရမယ်။
ယေရှုစကားအတိုင်းအသက်ရှင်ရမယ်။
ဒါအဓိကပါ။

ရှင်လုကာ 2:10-11 ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။

သာယာပျော်ရွှင်တဲ့ခရစ္စမတ်လေးဖြစ်ပါစေ။
အာမင်။