မတရားသောမေထုန်ကိုရှောင်ပါ
မတရားသောမေထုန်ဆိုတာအိမ်ထောင်မပြုခင်လိင်ကျူးလွန်တာ၊အိမ်ထောင်ရှိပြီးအခြားသူနဲ့ဖောက်ပြန်တာ၊လိင်တူဆက်ဆံတာ…စသဖြင့်ကိုဆိုလိုပါတယ်။ကျမ်းစာထဲမှာဒီလိုမေထုန်ကျူးလွန်တာကိုအထူးသိပေးတားမြစ်ထားတာတွေ့ရပါတယ်၊အခြေခံကျမ်းချက်(၇)ချက်ချပြပါမယ်။
၁။မတရားသောမေထုန်ပြုသူကိုဘုရားစီရင်မည်။
ဟေဗြဲ၁၃:၄: ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။
၂။ဘုရားသားသမီးတွေမှန်ရင်မတရားသောမေထုန်ကိုရှောင်ရမည်။
၁သက်၄:၃၊၇ ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊…ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏။
၃။မတရားသောမေထုန်အကြောင်းစကားအရသာခံပြီးတောင်မပြောသင့်ပါ။
ဧဖက်၅:၃ မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။
၄။လူပျိုလူလွတ်တွေဒါကိုပိုပြီးသတိထားရှောင်ပါ။
၂တိ၂:၂၂ လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။
၅။ဘုရားပေးတဲ့ခန္ဓာဟာအပြစ်လုပ်ဖို့မဟုတ်ပါ။
၁ကော၆:၁၃.. ကိုယ်ခန္ဓာသည် မတရားသော မေထုန်အဖို့ ဖြစ်သည်မဟုတ်။ သခင်ဘုရားအဖို့ ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဖို့ ဖြစ်တော်မူ၏။
၆။ဘုရားဗိမာန်တော်ကိုမညစ်ညူးစေပါနှင့်။
၁ကော၆:၁၈-၂၀ မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင် ပြစ်မှား၏။အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။
(ငါခန္ဓာငါပိုင်တယ်ငါကြိုတ်တာလုပ်မယ်ထင်နေသူများသတိထားဖတ်ပါ)။
၇။လိင်တူဆက်ဆံတာကအပြစ်ဆိုတာသတိရပါ။
ဝတ်ပြုရာ၁၈:၂၂ မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။
မူရင်း-ဆရာရဲမင်း