ခရစ္စမတ်မှာအမြဲမှားကြသောအရာများ
၁။မာဂုပညာရှိသုံးပါးလို့အမြဲပြောမှားဆိုမှားခြင်း
ခုထိနာမည်ကြီးဆရာတွေကအစမှားမှန်းသိလျက်နဲ့မှားနေကြတဲ့အရာပါ။အမှန်ကကျမ်းစာမှာမာဂုပညာရှိအရေအတွက်မပြောထားဘဲ“မာဂုပညာရှိတို့”လို့သာ ဖော်ပြထားတာပါ။လက်ဆောင်ကသုံးမျိုးမို့လို့လူတွေကပညာရှိသုံးပါဖြစ်မယ်ခန့်မှန်းရင်းလူတိုင်းအဲလိုအတည်ခံယူလာတာလည်းဖြစ်နိုင်ပါတယ်။(ရှင်မဿဲ၂:၁)
၂။ယေရှုဟာ၁၂လပိုင်း၂၅ရက်မွေးတာပါလို့ခံယူနေခြင်း
အမှန်က ယေရှုဘယ်နေ့ဘယ်လမွေးခဲ့လဲဆိုတာကျမ်းစာကမဖော်ပြထားပါဘူး၊ကျမ်းစာရေးသူတွေမသိလို့မဟုတ်ပါ၊နောင်လာနောက်သားတွေရက်မြတ်ကိုအထူးအလေးထားသွားပြီးလမ်းမှားကုန်မှာစိုးလို့ဖြစ်ပါမယ်။ဒါဆိုရင်ဘာလို့သိသိကြီးနဲ့ခရစ္စမတ်လုပ်နေကြတာလဲလို့မေးစရာရှိပါတယ်၊အဖြေကတော့ရက်မြတ်ကိုအဓိကထားအောက်မေ့ဆင်နွဲတာမဟုတ်ဘဲကယ်တင်ခြင်းအမှုကိုအမြဲတမ်းအောက်မေ့တာပါ၊အောက်မေ့ရင်းသတင်းကောင်းပြန်လည်ဝေငှတာဘဲဖြစ်ပါတယ်။
၃။ X’mas လို့သုံးတာကမှားတယ်လို့ထင်နေခြင်း
X’masမသုံးရဘူး၊Christmasဘဲသုံးပါ၊Xဆိုတာအမှား၊ယေရှုမပါတဲ့လူထုဆိုပြီးမှားယွင်းစွာသွန်သင်ခံယူနေသူလည်းမနည်းပါ။အမှန်ကXဆိုတာဂရိလိုခရိစတိုစ်(Χριστός)ဆိုတဲ့ခရစ်တော်ကိုရည်ညွန်းတာပါဘဲ။ဒါကြောင့်အဆင်ပြေသလိုသုံးလို့ရပါတယ်။
၄။ခရစ္စမတ်ဘိုးဘိုးကြီးအကြောင်းကျမ်းစာမှာပါတယ်ထင်နေခြင်း
ခရစ္စမတ်ဘိုးဘိုးကြီးဖြစ်တဲ့စန်တာခရော့ဟာလည်းယေရှုမွေးတဲ့အချိန်ရှိနေတယ်(ကျမ်းစာမှာပါတယ်)လို့ခံယူသူလည်းမနည်းပါ။အမှန်တော့ခရစ္စမတ်ဘိုးဘိုးကြီးဆိုတာသူတော်စင်St.Nicholasပါ။ကျမ်းစာမှာမပါဘဲနောက်ပိုင်းမှသူ့ ပေးကမ်းမှုလုပ်ရပ်အားဖြင့်လူတွေကအသိအမှတ်ပြုလာတာဖြစ်ပါတယ်။
၅။နွားတင်းကုတ်အပေါ်ကြယ်ကြီးရှိနေတယ်ထင်ခြင်း
ယေရှုမွေးဖွားတဲ့ညကနွားတင်းကုတ်အပေါ်ကောင်းကင်မှာကြယ်ကြီးရှိနေကြောင်းမှားယွင်းစွာပြောမိတတ်သလို၊ပန်းချီနဲ့ပုံ တွေကလည်းအဲလိုဆွဲမိပါမိတတ်ပါတယ်။အမှန်ကယေရှုမွေးတဲ့ညကကြယ်တွေပုံမှန်အတိုင်းပါဘဲ၊မာဂုပညာရှိတွေကိုလမ်းပြတဲ့ထူးခြားတဲ့ကြယ်ကြီးကအဲဒီညမှာပေါ်လာတာမဟုတ်ဘဲနောက်မှပါ။ ကောင်းကင်တမန်တွေကသိုးထိန်းတွေကိုလည်းကြယ်ကြီးအားဖြင့်ကြည့်ရှာပါလို့မပြောခဲ့ပါ။(မဿဲ၂:၁၊၂:၁၆၊လုကာ၂:၃၉)
၆။ခရစ္စမတ်ရောက်ရင်တအိမ်ထွက်ဆင်းအလှူခံခြင်း
အမှန်တော့သတင်းကောင်းပါးရင်းအိမ်ရှင်တွေကအလှူငွေတွေပေးကြတော့ယူရင်း၊လုပ်ရင်းကြာလာတော့တအိမ်ထွက်ဆင်းအလှူခံတဲ့ဓလေ့ဖြစ်လာတာပါ။အမှန်တော့ဘုရားကျောင်းမှာခရစ္စမတ်အတွက်အလှူငွေကောက်တာမမှားပါ၊ဒါပေမဲ့သတင်းကောင်းဟောတာနဲ့အလှူခံတာမရောယှက်သင့်ပေ။အလှူပေးချင်သူများဘုရားကျောင်းမှာလာပေးခိုင်းသင့်ပါတယ်၊ကယ်ရိုစင်းထွက်ရင်တော့သွားယူတာမဟုတ်ဘဲသတင်းကောင်းဝေငှရင်းပေးကမ်းသင့်ပါပေတယ်။ခရစ္စမတ်ဟာအလှူခံတဲ့ကာလမဟုတ်၊ပေးကမ်းရမဲ့ကာလမို့သတိချက်စရာပါ။
Ye Ming(ပတ္တမြားမြေ)