• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ချစ်သူများနေ့(Valentine’s Day)ဖြစ်ပေါ်လာပုံ

ဆရာရဲမင်း

10 月 10, 2024

ချစ်သူများနေ့(Valentine’s Day)ဖြစ်ပေါ်လာပုံ

နှစ်စဥ်နှစ်တိုင်းရဲ့၂လပိုင်း၁၄ရက်နေ့ဟာ တစ်နှစ်တစ်ခေါက်ကျရောက်မဲ့ချစ်သူများနေ့ဗယ်လတ်တိုင်းဒေး(Valentine’s Day)ဘဲဖြစ်ပါတယ်။ချစ်သူများနေ့နဲ့ပတ်သက်ပြီးအမျိုးမျိုးပြောကြပါတယ်။

ဒီထဲကအပြောများဆုံးတခုကတော့ ခရစ်ယာန်ဘုန်းတော်ကြီးစိန်ဗယ်လတ်တိုင်း(Valentine)ကနေအစပြုခဲ့တဲ့အဆိုပါဘဲ။

ခရစ်နှစ်၂၅၀ကျော်(၃ရာစု)မှာ၊ရောမဘုရင်ကေလာဒီယပ်စ်(Claudius) မှအမျိုးသားတွေကိုအိမ်ထောင်မပြုခိုင်းဘဲစစ်မှုထမ်းခိုင်းတဲ့အမိန့်ထုတ်ခဲ့ပါတယ်။လူငယ်များက ဒီအမိန့်ကိုမနှစ်သက်သလိုဘုန်းတော်ကြီး ဗယ်လတ်တိုင်းကလဲလုံးဝမထာက်ခံခဲ့ပါဘူး။
ဒါနဲ့ဘုန်းတော်ကြီးဗယ်လတ်တိုင်းဟာဘုရင်ထုတ်ပြန်ထားတဲ့အမိန့်ကိုမလိုက်နာပဲထိမ်းမြားလက်ထပ်ပွဲတွေကိုတိုးတိုး တိတ်တိတ်လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်ဘုရင်သိသွားပြီးအဖမ်းခံရတယ်၊အမိန့်အာခံမှုနဲ့ဘုန်းတော်ကြီးကိုခရစ်နှစ်၂၉၆ခုနှစ်၂လပိုင်း၁၄ရက်နေ့မှာ သေမိန့်ချမှတ်ခဲ့တယ်။
နောင်လာနောင်သားတွေဟာဘုန်းတော်ကြီးဗယ်လယ်တိုင်းကိုအသိမှတ်ပြုတဲ့အနေနဲ့၂လပိုင်း၁၄ရက်နေ့ကိုသူ့နာမည်နဲ့ဗယ်လတိုင်းဒေးဆိုပြီးသတ်မှတ်ခဲ့ကြတယ်။ခရစ်နှစ်၄၉၆မှာ ခရစ်ယာန်ခေါင်းဆောင်ကြီးများကရောမမွေးမြူရေးဘုရားနေ့(Lupercalia)၂လပိုင်း၁၄ရက်နေ့ကိုစိန်ဗယ်လတိုင်းနေ့ဆိုပြီးပြောင်းလဲသတ်မှတ်ပေးခဲ့တယ်လို့ World Book Encyclopedia မှာမှတ်တမ်းထားတာတွေ့ရပါတယ်။

ဒုတိယအဆိုတခုကဒီလိုပါ။
ဗယ်လတ်တိုင်း(Valentine)ဆိုသူဟာရောမအင်ပါယာမှဆရာတပါးဖြစ်ပါတယ်၊သူဟာဆင်းရဲချို့တဲ့သူနဲ့ခက်ခဲနေတဲ့လူတွေကိုကူညီတတ်ပြီးအင်မတန်သနားဂရုဏာရှိတဲ့ဆရာတပါးပါတဲ့၊နောက်တော့ခရစ်တော်ယေရှုကိုယုံကြည်လက်ခံပြီးခရစ်ယာန်ဖြစ်သွားတာတဲ့။အဲဒီခေတ်ကရောမအင်ပါရာမှာခရစ်ယာန်ကိုနှိပ်စက်ဖမ်းဆီးတဲ့ကာလပေါ့၊ယေရှုကိုယုံကြည်လက်ခံကိုးကွယ်ရင်အသက်ပါစတေးရမဲ့ခေတ်ကာလ။ဗယ်လတ်တိုင်း(Valentine)ဆိုသူဟာခရစ်ယာန်တယောက်ဖြစ်သည်သာမက၊ခရစ်ယာန်တွေကိုလဲကာကွယ်ပေးနေတဲ့အတွက်ကြောင့်ဖမ်းစီးခံခဲ့ရသတဲ့။ ထောင်ထဲမှာနေတဲ့အတောတွင်း ထောင်မှူးကြီးရဲ့ သမီးလေးဂျူလီယာ(Julia) ကိုဆုတောင်းပေးလိုက်လို့ ကန်းနေတဲ့မျက်စိ အလင်း ပြန်ရလာခဲ့ရတယ်။ဗယ်လတ်တိုင်းဟာ သေဒဏ် စီရင်ခြင်း ခံရမယ့်နေ့ (ဖေဖ်ာဝါရီ ၁၄ရက်၊ အေဒီ ၂၆၉ခု)မှာ သူ့ရဲ့ နောက်ဆုံး အချိန်တွေမှာ အတူရှိနေခဲ့တဲ့ သူမကို ကျေးဇူးတင်တဲ့အနေနဲ့ သူမရဲ့ သစ္စာတရား အတွက် စာတိုလေး ပေးခဲ့ပါတယ်။ အဲဒီစာတိုလေးရဲ့အဆုံးမှာဆိုရင် တော့ “သင့်ရဲ့ ဗယ်လတ်တိုင်းဆီက အချစ်မေတ္တာ”(Love from your Valentine)လို့ ရေးထိုးတာတွေ့ခဲ့ရပါတယ်တဲ့။ ဒီစာတိုလေး မှတဆင့် Valentine’s Day မှာ အချစ်သဝဏ်လွှာလေးတွေ ပေးတဲ့အေလ့အထခုထိရှိခဲ့ပါတယ်။

ချစ်သူများနေ့ဓလေ့များ
အစမှာတော့ရောမကနေစပြီးတဖြေးဖြေးအနောက်နိုင်ငံတွေမှာရေပန်းစားလာတယ်၊အရင်ကတချို့လုပ်နည်းကအမျိုးသားနာမည်နဲ့အမျိုးသမီးနာမည်တွေကိုစာလိပ်ထဲရေးပြီးဗူးထဲကျားမခွဲထည့်ပြီးမိန်းကလေးဆိုယောင်္ကျားလေးနာမည်မဲနိုက်ခိုင်း၊ယောင်္ကျားလေးဆိုမိန်းကလေးနာမည်မဲနိုက်ခိုင်းသတဲ့။
ပြီးရင်ကိုယ်နိုက်ရတဲ့သူကကိုယ့်Valentine အဖြစ်တနှစ်လုပ်ကြရသတဲ့။
နောက်တခုကအမျိုးသမီးမှအမျိုးသားအိင်္ကျင်္ီမှာသူ့နာမည်ချုပ်ထည့်ပေးကြသတဲ့။
နောက် ခုထိလုပ်နေကြတဲ့ဓလေ့တခုကလက်ဆောင်ပေးကမ်းခြင်းနဲ့သဝဏ်လွှာပေးခြင်းပေါ့။
နောက်ပြီးချစ်သူများနေ့မှာတွေ့နေကြတဲ့ပုံလေးကတော့မြှားနတ်မောင်လို့ခေါ်တဲ့cupid(လက်တင်ဘာသာနဲ့cupido)ပုံလေးပါ။သူ့အဓိပ္ပာယ်ကတော့ချစ်ခြင်း၊ရယူလိုခြင်းလို့ရပါတယ်။ရောမခေတ်ကအချစ်နတ်ဘုရားလို့ပြောကြပါတယ်။

ပန်းပေးခြင်း
ပန်းပေးပြီးအချစ်ကိုပုံဖော်တာဟာခရစ်နှစ်၁၇၀၀ ဥရောပကရေပန်းစားလာတာဖြစ်ပါတယ်။ပန်းအမျိုးမျိုးရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့ကြတယ်၊ဒီထဲမှာအနီရောင်နှင်းဆီပန်းတွေဟာလူကြိုက်များပြီး၊ပြင်းပြတဲ့အချစ်ကိုဖော်ကြူးနိုင်ကြောင်းအားလုံးလက်ခံလာကြတယ်။ချစ်သူများနေ့မှာအနီရောင်နှင်းဆီပန်းတစ်စီးကအချစ်စကားအများကြီးထက်သာနေတတ်ပါတယ်။

ချောကလက်ကဘာဆိုင်တုန်း
ချောကလက်ကဘုရားသခင်ပေးတဲ့ချိုမြိန်တဲ့အချစ်ကိုဖော်ကြူးတယ်ပြောကြသလို၊ပညာရှင်တွေကတော့ချောကလက်စားပြီးရင်ခုန်နုန်းမြန်လာစေပြီးအချစ်ဦးရဲ့အရသာတွေ့စေတယ်လို့ကောက်ချက်ချကြပါတယ်။နောက်တခုက ချောကလက်ကိုဂျပန်ကရောင်းအားကောင်းပြီးနာမည်ကြီးအောင်လုပ်ခဲ့တဲ့စီးပွားရေးလက်ချက်ကြောင့်လို့လဲတချို့ကပြောပါတယ်။
ခုနောက်ပိုင်းစီးပွားရေးလောကရဲ့လှည့်ကွက်ကြောင့်ချစ်သူများနေ့မှာအမျိုးမျိုးအဖုန်ဖုန်လုပ်ထုံးလုပ်နည်းတွေရှိလာကြပြီဖြစ်သောကြောင့်မကောင်းတာပယ်ကောင်းတာဆောင်ပြီးဘုရားဘုန်းထင်ရှားသောစေရန်နှင့်ချစ်သူများထာဝရတွဲလက်များခိုင်မြဲကြပါစေကြောင်း၊ပျော်ရွှင်အဓိပ္ပာယ်ရှိသောချစ်သူများနေ့များပိုင်ဆိုင်ကြပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Ye Ming(ပတ္တမြားမြေ) မှတင်ပြသည်။
ကိုးကား wikipedia