ပညာရှိသောယောက်ျားနှင့်မိုက်သောယောက်ျား
၁။ပညာရှိတဲ့ယောက်ျားဟာကိုယ့်မိန်းမကလွဲလို့အခြားဘယ်မိန်းမကိုမှစိတ်မဝင်စားပါဘူး၊ကိုယ့်မိန်းမအပေါ်ကာမသစ္စာရှိတတ်ပါတယ်။မိုက်မဲတဲ့ယောက်ျားကတော့မိန်းမအပြင်အခြားမိန်းမကိုပါဖွန်ကြောင်ဖောက်ပြန်နေတတ်ပါတယ်။
၂။ပညာရှိတဲ့ယောက်ျားဟာမိသားစုအပေါ်စားဝတ်နေရေးအတွက်တာဝန်ကျေပွန်တတ်ပြီး၊မိုက်မဲတဲ့ယောက်ျားကတော့မိန်းမယူပြီးကလေးရနေတာတောင်ဘာမှမလုပ်ဘဲထိုင်ပျင်းနေတတ်ပါတယ်။
၃။ပညာရှိတဲ့ယောက်ျားဟာကိုယ့်မိန်းမကိုအမြဲသီးခံပေးတတ်ပြီး၊မိုက်မဲတဲ့ယောက်ျားကတော့မိန်းမအပေါ်အမြဲပြဿနာမရှိပြဿနာလိုက်ရှာနေတတ်ပါတယ်။
၄။ပညာရှိတဲ့ယောက်ျားဟာကိုယ့်မိန်းမကိုအမြဲချစ်ပြတတ်ပြီး၊မိုက်တဲ့ယောက်ျားကတော့အများရှေ့မှာတောင်ကိုယ့်မိန်းမကိုအော်ငေါက်နေတတ်ပါတယ်။
၅။ပညာရှိတဲ့ယောက်ျားဟာအပြောချိုခြင်းသာမဟုတ်ဘဲလက်တွေ့မှာမိန်းမကိုရိုးသားစွာဆက်ဆံတတ်ပါတယ်။မိုက်တဲ့ယောက်ျားကတော့အပြောချိုပြီးသူ့ တော်ကီနဲ့မိန်းမကိုအမြဲလိမ်ညာနေတတ်ပါတယ်။
၆။ပညာရှိတဲ့ယောက်ျားဟာဒေါသဘယ်လောက်ထွက်ထွက်ကိုယ်ယူထားတဲ့မိန်းမကိုဘယ်တော့မှမရိုက်နက်ပါဘူး။မိုက်တဲ့ယောက်ျားကတော့ဒေါသနဲနဲထွက်လာတာနဲ့ ခြေပါလက်ပါရိုက်နက်နှိပ်စက်လေ့ရှိပါတယ်။
၇။ပညာရှိတဲ့ယောက်ျားဟာနှစ်ဖက်မိဘကိုညီတူညီမျှရိုသေထောက်ပံ့တတ်ပါတယ်။
မိုက်တဲ့ယောက်ျားကတော့ကိုယ့်မိဘကိုဘဲငွေခိုးခိုးပေးတတ်ပြီး၊တဖက်မိဘကိုဥပေက္ခာပြုထားတတ်ပါတယ်။
၈။ပညာရှိတဲ့ယောက်ျားဟာသူ့အမြင်မှာသူ့မိန်းမဟာအလှပဆုံးမိန်းမဖြစ်နေတတ်ပြီး၊မိုက်တဲ့ယောက်ျားကတော့သူ့အမြင်မှာသူ့မိန်းမဟာရုပ်အဆိုးဆုံးဖြစ်နေတတ်ပါတယ်။
၉။ပညာရှိတဲ့ယောက်ျားဟာငွေဘဲရှာတတ်တာမဟုတ်၊အိမ်မှုကိစ္စပါဝင်ကူလုပ်တတ်ပါတယ်။မိုက်တဲ့ယောက်ျားကတော့ဆရာကြီးအထာနဲ့အိမ်မှုကိစ္စလုံးဝကူလုပ်လေ့မရှိကြပါဘူး။
၁၀။ပညာရှိတဲ့ယောက်ျားဟာမိမိဇနီးနဲ့သားသမီးရှေ့မားမားရပ်ပြီးကာကွယ်ပေးနေတတ်ပါတယ်။မိုက်တဲ့ယောက်ျားကတော့အန္တရာယ်ကြုံလာတာနဲ့ဇနီးသားသမီးကိုပစ်ခဲ့ပြီးရှောင်ပြေးတတ်ပါတယ်။
၁၁။ပညာရှိတဲ့ယောက်ျားဟာအချိန်ရတာနဲ့ဇနီးနဲ့အမြဲနေပေးတတ်သူပါ။မိုက်တဲ့ယောက်ျားကတော့အချိန်ရတာနဲ့ကေတီဗွီတို့ဘားတို့အရက်ဆိုင်တို့သာပြေးနေတတ်သူပါ။
၁၂။ပညာရှိတဲ့ယောက်ျားဟာမိမိဇနီးနဲ့ဘယ်တော့မှကြာကြာငြင်းခုန်လေ့မရှိကြပါဘူး။မိုက်တဲ့ယောက်ျားကတော့မိန်းမလိုမိန်းမရမိမိဇနီးနဲ့အပြိုင်ငြင်းခုန်နေတတ်ပါတယ်။
၁၃။ပညာရှိတဲ့ယောက်ျားဟာမူးယစ်၊လောင်းကစားနဲ့မတရားသောမေထုန်ကိုရှောင်ရှားတတ်ပြီးမိမိအိမ်ကြီးပွားအောင်တည်ဆောက်တတ်သူပါ။မိုက်တဲ့ယောက်ျားကတော့မူးယစ်၊ကာမ၊လောင်းကစားအကုန်လုပ်ပြီးကိုယ့်မိသားစုအိမ်ကိုကိုယ်တိုင်ဖျက်ဆီးတတ်ပါတယ်။
၁၄။ပညာရှိတဲ့ယောက်ျားဟာအိမ်ထောင်ဦးစီးအရာကိုရာထူးဆိုတာထက်တာဝန်အဖြစ်ခံယူပြီးပေးဆပ်တာဝန်ကျေတတ်ပါတယ်။မိုက်မဲတဲ့ယောက်ျားကတော့ငါ့ဟဲ့ အိမ်ထောင်ဦးစီးဆိုပြီးကိုယ့်ဇနီးနဲ့မိသားစုကိုအမြဲအာဏာပြတတ်ပါတယ်။
၁၅။ပညာရှိတဲ့ယောက်ျားဟာကိုယ့်မိန်းမကိုအမြဲလှပနေအောင်ရတာနာတွေကြိုးစားစင်မြန်းပေးတတ်ပြီး၊မိုက်မဲတဲ့ယောက်ျားကတော့ကိုယ့်မိန်းမ ဆင်မြန်းထားတာကိုတောင်ခိုးယူပေါင်နှံတတ်ပါတယ်။
၁၆။ပညာရှိတဲ့ယောက်ျားဟာမိမိဇနီးနဲ့သားသမီးတွေကိုဘုရားတရားမှာဦးဆောင်လမ်းပြတတ်ပြီး၊မိုက်မဲတဲ့ယောက်ျားကတော့ဘုရားတရားလုပ်နေတဲ့မိန်းမကိုတောင်အမုန်းပွားတတ်ပါတယ်။
(၁ပေတရု 3:7 ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့၊ သတိပညာနှင့် လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အားနည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့။)
မူရင်း-ဆရာရဲမင်း Ye Ming