အိမ်ထောင်ရေးသာယာချင်ရင်ဒီ(၁၀)ချက်ကိုဆောင်ပါ။
၁။ရန်ဖြစ်ပြီးရင်ရန်ငြိုးကိုမနက်ဖြန်ထိသယ်မသွားပါနဲ့။
၂။တစ်အိမ်ထဲမှာနေပြီးကုတင်ခွဲအိပ်တာမျိုးမလုပ်ပါနဲ့။
၃။တခါတလေစကားများရန်ဖြစ်မိရင်လက်မပါမိစေနဲ့။
၄။အပြင်မှာဖြစ်လာတဲ့ပြဿနာနဲ့ဒေါသကိုကိုယ့်အိမ်ထိယူလာပြီးကိုယ့်မိသားစုပေါ်ပုံမချပါနဲ့။
၅။ဆင်းရဲဖျားနာရင်လည်းအိမ်ထောင်ဖက်အပေါ်မညည်းငြူဘဲပြုစုတတ်ပါ။
၆။ကျန်းမာပြီးချမ်းသာလာတဲ့အခါလည်းဘဝမမေ့ဘဲအိမ်ထောင်ဖက်အပေါ်သစ္စာရှိပါ။
၇။မိန်းမဖြစ်သူကဝါကြွားခြင်းကိုရှောင်ပါ၊ယောကျာ်းဖြစ်သူကအပျော်အပါးလိုက်စားခြင်းကိုရှောင်ပါ။
၈။အထူးအခြေအနေကလွဲလို့၊မိမိအိမ်ထောင်ဖက်ကအတူနေဖို့တောင်းဆိုလာရင်မငြင်းပယ်မိပါစေနဲ့။
၉။ဘာဘဲကြုံကြုံကိုယ့်အိမ်ထောင်ဖက်ကိုအရင်ပြောပြပါ၊ပြီးမှနှစ်ဖက်မိသားစုဝင်နဲ့တိုင်ပင်ပါ။
၁၀။အိမ်ထောင်မှာဘုရားတရားကိုဦးထိပ်ထားပါ။
(ဧဖက် 5:33 သို့ရာတွင် သင်တို့သည် အသီးအသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။)
မူရင်း-ဆရာရဲမင်း Ye Ming