ခရစ်ယာန်ဇနီးသည်များအိမ်တွင်းအကြမ်းဖက်ခြင်းကိုတုန့်ပြန်ခြင်း
၁။ယောကျာ်းကအမြဲရိုက်နက်နှိပ်စက်နေရင်လဲ အိမ်ထောင်ဦးစီးမို့သမ္မာကျမ်းစာအရဝန်ခံရမယ်ဆိုပြီးအအကြီးကြိတ်ခံမနေကြနဲ့ဗျ။ကျမ်းစာကအဲလိုရိုက်နက်တာကိုလည်းဝန်ခံရမယ်လို့မဖော်ပြထားဘူး။မအကြနဲ့။
၂။ယောကျာ်းကသမ္မာတရားနဲ့မညီဘဲအမိန့်ပေးတာမျိုးကိုလဲအိမ်ထောင်ဦးစီးမို့ကျမ်းစာအရဝန်ခံရမယ်ဆိုပြီးအအကြီးကြိတ်နာခံမနေကြနဲ့ဗျ။ကျမ်းစာကအဲလိုမတရားအမိန့် ပေးတာကိုလည်းနာခံရမယ်လို့မဖော်ပြထားဘူး။မအကြနဲ့။
၃။ယောကျာ်းကအမြဲရိုက်နက်နှိပ်စက်ပေမဲ့ခရစ်ယာန်အိမ်ထောင်ကွဲလို့မရဘူးဆိုပြီး၊အမြဲတမ်းအနှိပ်စက်ခံမနေကြနဲ့ဗျ။ကျမ်းစာကမကွဲရလို့သာပြောတာမရှောင်ပြေးရမပြောထားဘူးဗျ၊အသက်အန္တရာယ်ထိရိုက်နက်လာရင်ရှောင်ထွက်သွားပါ၊သူနောင်တရမှပြန်ပေါင်းပါ။မအကြနဲ့ဗျ။
၄။အိမ်တွင်းအကြမ်းဖက်မှုကိုဘယ်လိုတုန့်ပြန်ရမလဲ?
(၁)သေချာပြောပါမရိုက်နက်ဖို့၊လက်မပါဖို့။
(၂)ပြောလို့မရရင်နှစ်ဖက်မိဘနဲ့တိုင်ပင်ပြောကြည့်ပါ။
(၃)နှစ်ဖက်မိဘနဲ့တိုင်ပင်ပြောလို့မှမရရင်မိခင်အသင်းတော်ကဆရာတွေကိုအကူညီတောင်းဖြေရှင်းခိုင်းကြည့်ပါ။
(၄)အဲလိုမှမရဘဲဆက်နှိပ်ဆက်နေရင်သူနဲ့မပေါင်းတော့ဘဲရှောင်နေပါ။တစ်ဖက်သားနောင်တရမှ၊အာမှခံချက်ပေးနိုင်ပြီဆိုမှပြန်ပေါင်းပါ။
(၅)အရိုက်လွန်ထားပြီးလုံးဝနောင်တမရတော့ရင်ဥပဒေအရဖြေရှင်းသင့်ရင်ဖြေရှင်းပါ၊ဆိုရှယ်ပေါ်တင်ဖို့လိုလာရင်တင်ပြပါ။
စစ်မှန်တဲ့နောင်တရသူကိုတော့ကြည်ဖြူစွာခွင့်လွတ်လက်ခံပေးဖို့ကျမ်းစာကတိုက်တွန်းထားပါတယ်။မိန်းကလေးတိုင်းအိမ်တွင်းအကြမ်းဖက်မှုမှလွတ်မြောက်နိုင်ကြပါစေဗျာ။
(ကောလောသဲ 3:19 အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုကြနှင့်။)
မူရင်း-ဆရာရဲမင်း@ye ming