• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်ယာန်အိမ်ထောင်ဖွင့်ဆိုချက်(၁၀)ချက်

ဆရာရဲမင်း

10 月 22, 2024

ခရစ်ယာန်အိမ်ထောင်ဖွင့်ဆိုချက်(၁၀)ချက်

၁။ခရစ်ယာန်အိမ်ထောင်သည်တစ်လင်တစ်မယားစနစ်ဖြစ်သည်။မိန်းမအများကြီးယူလို့မရသလို၊ယောကျာ်းအများကြီးလည်းယူခွင့်မပြုထားပါ။
(တရားဟောရာ၁၇:၁၇ သူ၏​စိတ်​နှ​လုံး​သည် ဖောက်​ပြန်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း များ​စွာ​သော မ​ယား​တို့​ကို မ​ယူ​ရ။)

၂။ခရစ်ယာန်အိမ်ထောင်သည်လွယ်လင့်တကူကွာရှင်းလို့မရပါ။တသက်လုံးသစ္စာရှိရှိပေါင်းသင်းဖို့သာဖြစ်ပါသည်။
(မဿဲ၁၉:၆လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။)

၃။ခရစ်ယာန်အိမ်ထောင်သည်ကျားတစ်ဦးမတစ်ဦးဖြင့်သာတည်ထောင်သောအိမ်ထောင်ဖြစ်သည်။လိင်တူချင်းခရစ်ယာန်အိမ်ထောင်ပြုခွင့်မပြုထားပါ။
(ဝတ်ပြုရာ၁၈:၂၂-၂၃ မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။ ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဖော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုမခံရ။ ရွံရှာဖွယ်သော ရောနှောခြင်းဖြစ်၏။)

၄။ခရစ်ယာန်အိမ်ထောင်ဖက်သည်ဘုရားပေးသောကျေးဇူးတော်ဖြစ်သည်၊ဘုရားပေါင်းစပ်ပေးထားတာမို့တန်ဖိုးထားရပါမည်။
(သုတ္တံ၁၈:၂၂မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။)

၅။ခရစ်ယာန်အိမ်ထောင်သည်သင့်မြတ်စွာပေါင်းသင်းရန်ဖြစ်သည်။စကားများရန်ဖြစ်ဖို့အိမ်ထောင်ပြုထားခြင်းမဟုတ်ပေ။စကားများရန်ဖြစ်ဖို့အကြောင်းဖန်လာတိုင်းခေတ္တရှောင်ထားသင့်ပေသည်။
(သုတ္တံ၂၁:၉ရန်တွေ့တတ်သောမိန်းမနှင့်အတူ လူများသောအိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။)

၆။ခရစ်ယာန်အိမ်ထောင်သည်အချင်းချင်းသစ္စာရှိဖို့ဖြစ်သည်။မိမိ၏ကာမပိုင်အိမ်ထောင်ဖက်မှတပါးဖောက်ပြန်ခြင်းလုံးဝ(လုံးဝ)မပြုရပါ။
(၁ကော၇:၃-၄ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။)
(ဟေဗြဲ၁၃:၄ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။)

၇။ခရစ်ယာန်အိမ်ထောင်သည်အမြဲအတူ‌တူနေရမည့်အိမ်ထောင်ဖြစ်သည်။အိမ်ထောင်ပြုပြီး(ဆု‌တောင်းခြင်းကလွဲလို့)ခွဲပြီးတစ်ယောက်တစ်နေရာမနေသင့်ပါ။
(၁‌ကော၇:၅အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှာ၊ နောက်တစ်ဖန် အတူနေကြလော့။)

၈။ခရစ်ယာန်အိမ်ထောင်သည်ခရစ်‌တော်ကိုယုံကြည်‌သောသူနှင့်သာတည်‌ထောင်လို့ရသောအိမ်ထောင်ဖြစ်သည်။မယုံကြည်သူနှင့်ခရစ်ယာန်အိမ်ထောင်တည်ထောင်လို့မရပါ။
(၂ကော၆:၁၄-၁၅မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်၍ ဆန့်​ကျင်​ဘက်​ဖြစ်​သော ထမ်း​ပိုး​ကို မ​ထမ်း​ကြ​နှင့်။ တ​ရား​သော​အ​မှု​သည် မ​တ​ရား​သော​အ​မှု​ကို အ​ဘယ်​သို့ လက်​ခံ​နိုင်​မည်​နည်း။ အ​လင်း​သည်​မှောင်​မိုက်​နှင့် အ​ဘယ်​သို့ ဆက်​ဆံ​နိုင်​မည်​နည်း။- ခ​ရစ်​တော်​သည် ဗေ​လျာ​လ နှင့် အ​ဘယ်​သို့ သင့်​တင့်​နိုင်​မည်​နည်း။ ယုံ​ကြည်​သော​သူ​သည် မ​ယုံ​ကြည်​သော​သူ​နှင့်​အ​တူ အ​ဘယ် အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​မည်​နည်း။)

၉။ခရစ်ယာန်အိမ်ထောင်သည်ခရစ်တော်နောက်လိုက်သောအိမ်ထောင်ဖြစ်သည်။ကိုယ်လုပ်ချင်သလိုလုပ်ပြီးမောင်းနှင်နေတဲ့အိမ်ထောင်မဖြစ်ရပါ။ခရစ်တော်စကားနားထောင်ပြီးလျှောက်လှမ်းသောအိမ်ထောင်ဖြစ်ရပါမည်။
(တမန်၁၁:၂၆ ထို​သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး ထို​အ​သင်း​တော်​နှင့်​အ​တူ စည်း​ဝေး၍၊ လူ​များ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။ တ​ပည့်​တော်​တို့​သည်​လည်း ခ​ရစ်​ယာန်​ဟူ​သော ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို အ​န္တိ​အုတ်​မြို့၌ အ​ဦး​ခံ​ရ​ကြ၏။)
ခရစ်=ယေရှုခရစ်တော်
ယာန်=အတုယူသူ၊နောက်လိုက်သူ
ခရစ်ယာန်အိမ်ထောင်=ခရစ်တော်နောက်လိုက်သောအိမ်ထောင်။

၁၀။ခရစ်ယာန်အိမ်ထောင်သည်မိသားစုယဇ်ပလ္လင်တည်ရသောအိမ်ထောင်ဖြစ်သည်။အတူဆုတောင်း၊အတူဝတ်ပြုချီးမွမ်းလျက်၊သားသမီးများကိုယုံကြည်ခြင်းအမွေပေးတတ်သောအိမ်ထောင်ဖြစ်သည်။
(ယောရှု၂၄:၁၅ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​…။)