နှောင်ကြိုးထာဝရတည်မြဲဖို့
အိမ်ထောင်ရှင်မအမျိုးသမီးတဦးကိုTVသတင်းဌာနတခုမှအမေးအဖြေလုပ်ပါသည်။
မေး“အမရဲ့ယောက်ျားမှာအားနည်းချက်အပြစ်တွေရှိပါသလား”
ဖြေ“သိပ်ရှိတာပေါ့ရှင်၊ရှိတာမှကောင်းကင်ပေါ်ကကြယ်တွေလိုပါဘဲ၊ရေတွက်လို့တောင်မကုန်ပါဘူး၊”
မေး“အဲလိုဆိုရင်အမယောက်ျားမှာကောင်းကွက်အားသာချက်တွေကောရှိသေးလားအမ”
ဖြေ“အရမ်းနည်းတယ်၊နည်းလွန်းလို့ နေမင်းကြီးလိုတခုလောက်ဘဲတည်ရှိတာမျိုးပေါ့”
မေး“ဒါဆိုရင်အမတို့ကဘယ်လိုလုပ်ပြီးနှစ်ဆယ်ချီတိုင်ခုထိချစ်နေနိုင်ကြသေးတာလဲဟင်”
ဖြေ“အော်၊ဒါကတော့ရှင်းပါတယ်ညီမလေးရယ်၊နေမင်းကြီးထွက်လာရင်ကြယ်တွေပျောက်ကုန်လို့ပေါ့ကွယ်။”
……………………………………………
လင်နဲ့မယားဆိုတာ
တသက်လုံးရန်ဖြစ်နေဖို့မဟုတ်ပေမယ့်၊ တခါတလေရန်ဖြစ်နေခဲ့ရင်တောင်နှောင်ကြိုးကတသက်လုံးခိုင်မာနေတာမျိုးပါ။ပြောစရာအပြစ်အများကြီးရှိနေပေမယ့်၊ချစ်ခြင်းမေတ္တာနဲ့ဖုံးအုပ်တတ်ခြင်းဟာနှောင်ကြိုးကိုပိုမြဲစေပါတယ်။အပြစ်ဘဲကြည့်ရင်အပြစ်ဘဲမြင်ပါမယ်။ကောင်းကွက်ကိုလည်းအမြဲမြင်ပေးတတ်ဖို့လိုပါတယ်။
၁ပေ၄:၈ ချစ်ခြင်းမေတ္တာသည်များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်သည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ထက် အချင်းချင်းကြား၌ ခိုင်မြဲသောချစ်ခြင်းမေတ္တာရှိကြလော့။(စံမီ)