• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျေးဇူးတော်ချီးမွမ်းပွဲဖြစ်ပေါ်လာပုံ

ဆရာရဲမင်း

10 月 3, 2024

ကျေးဇူးတော်ချီးမွမ်းပွဲဖြစ်ပေါ်လာပုံ
Ye Ming-rubyland

နှစ်စဥ်နှစ်တိုင်းရဲ့၁၁လနောက်ဆုံးတစ်ပတ်ကြာသပတေးနေ့ဟာအပြည်ပြည်ဆိုင်ရာကျေးဇူးတော်ချီးမွမ်းပွဲ(ကောက်သစ်စားပွဲ၊အဦးသီးပူဇော်ပွဲ)ဖြစ်ပါတယ်။မြန်မာပြည်တိုင်းရင်းသားတချို့တွေမှာတော့၁၀-၁၁လကြားမှာမတူညီတဲ့စနေတနင်္ဂနွေမှာပြုလုပ်လေ့ရှိကြပါတယ်။အဓိကတော့တစ်နှစ်တာလုံးဘုရားသခင်ရဲ့ကောင်းချီးကိုရေတွက်ချီးမွမ်တဲ့ပွဲပါ။
ဖြစ်ပေါ်လာရတဲ့သမိုင်းကိုလေ့လာရရင်

ကျေးဇူးတော်ချီးမွမ်းပွဲဟာခရစ်ယာန်လူတစ်စုကနေစလာတဲ့ပွဲဆိုရင်မမှားပါဘူး။ဒီခရစ်ယာန်တွေကလည်းသမ္မာကျမ်းစာရဲ့သွန်သင်လမ်းပြမှုကြောင့်လုပ်တတ်လာကြတာပါ။ဒါကြောင့်အခြေခံအရင်းအမြစ်ကတော့သမ္မာကျမ်းစာပါဘဲ။
သမိုင်းကြောင်း အစကို ပြန်ပြောရမယ် ဆိုရင် ၁၆၂၀ စက်တင်ဘာမှာ မေဖလားဝါးMayflower လို့ခေါ်တဲ့ သင်္ဘော အငယ်စား လေးက England နိုင်ငံ Plymouth ကနေ ခရစ်ယာန်ဘာသာရေးကိုင်းရှိုင်းသူ ၁၀၂ဦးကို သယ်ဆောင်ပြီး ထွက်လာခဲ့ ပါတယ်။ သူတို့တွေက ကိုယ့်အယူအဆ၊ ကိုယ့်လွတ် လပ်ခွင့်နဲ့ လွတ်လွတ်လပ်လပ် ဘာသာရေး ကိုးကွယ်ချင်တဲ့ Pilgrims တွေဖြစ်ပြီး သူတို့တွေအတွက် နေစရာ ဒေသ အသစ်တစ်ခုကို ရှာဖွေဖို့ ထွက်လာ ကြတာပါ။ ရက်ပေါင်း များစွာ ပင်ပန်းခက်ခဲ ကြမ်းတမ်းစွာ ခရီးနှင် လာပြီးနောက်မှာ သင်္ဘောထဲက လူထက်ဝက် လောက်က သေ ဆုံး ခဲ့ရပြီး ကျန်လူတွေ ကတော့ အခု New England အရပ်ကို ရောက်လာပါတယ်။ အဲ့ဒေသကို ရောက်လာတော့ Abenaki Indian တွေနဲ့ တွေ့ပြီး သူတို့ကို အင်္ဂလိပ်လို နှုတ်ဆက်တဲ့ အခါ အံ့အားသင့် သွားကြပါတယ်။ နောက်တစ်ရက်မှာ အဲ့လူက သူ့အပြင် တခြား native ameri can တစ်ယောက် ဖြစ်တဲ့ Squanto ကိုခေါ်လာပြီး Squanto ကသူတို့ကို ပြောင်းဖူး ဘယ်လို စိုက်ရမလဲ၊ ငါးဘယ်လို ဖမ်းရမလဲ အစရှိ တာတွေ သင်ကြားပေး ခဲ့ပါတယ်။ ဒေသခံ လူမျိုး Wampanoag တွေနဲ့လည်း ပေါင်းသင်း တတ်အောင် သင်ပေးခဲ့ ပါတယ်။ ၁၆၂၁ နိုဝင်ဘာ မှာ Pilgrim တွေရဲ့ ပထမဆုံး ပြောင်းစိုက်ခင်းက အောင်မြင် လာတဲ့အခါ ဘုရားသခင်ကိုကျေးဇူးတင်ဖို့ သူတို့ရဲ့ အုပ်ချုပ်သူ William Bradford ကစားပွဲကြီး တစ်ခုကို ကျင်း ပပေး ခဲ့ပြီး Wampanoag တွေကိုပါ ဖိတ်ကြား ခဲ့ပါတယ်။ ဒါက Thanksgiving Day ရဲ့ပထမဆုံး စားပွဲကြီးလို့ ဆိုကြပါတယ်။

၁၆၂၃မှာ Pilgrims တွေက ဒုတိယမြောက် Thanksgiving စားပွဲကို ထပ်ကျင်းပ ကြပြီး ဒီတစ်ခါ ကျတော့ ကာလရှည်ကြာ မိုးခေါင်မှုကို အ ဆုံးသတ် စေလိုတဲ့ ရည်ရွယ်ချက် နဲ့ပါ။ အဲ့အချိန်မှာ New England မှာအခြေချ လာတဲ့ သူတွေအတွက် ဒီလိုစားပွဲ တွေကို နှစ်တိုင်းပဲ ဖြစ်ဖြစ်၊ အခြေအနေ အရပဲ ဖြစ်ဖြစ် ကျင်းပတတ်တဲ့ ဓလေ့ ထွန်းကား နေပါပြီ။ American Revolution ကာလ တွေမှာ Continental Congress က thanksgiving တွေကို တစ်နှစ်မှာ တစ်ရက်ပဲ ဖြစ်ဖြစ်၊ တစ်ရက် ထက်ပိုပြီး ကျင်းပဖို့ သတ်မှတ် ခဲ့ပါတယ်။

၁၇၈၉ မှာတော့ George Washing ton က US အစိုးရရဲ့ ပထမဆုံး Thanksgiving ကိုကြေညာခဲ့ပြီး အမေရိကန်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာပိုင်ရေး တို့အတွက် အောင်ပွဲခံဖို့ အမေရိကန် တွေအားလုံးကို ဖိတ်ခေါ် ခဲ့ပါတယ်။ သူနောက်က သမ္မတ တွေ ဖြစ်တဲ့ John Adams နဲ့ James Madison တို့က လည်း အလားတူ နေ့တွေ ကျင်းပခဲ့ ကြပါတယ်။

၁၈၁၇မှာ New York က Thanksgiving အားလပ်ရက်ကို စတင်တဲ့ ပြည်နယ် အနည်းငယ် တွေထဲက တစ်ခုဖြစ် လာပါတယ်။ ၁၈၂၇မှာတော့ စာရေးဆရာ Sarah Josepha Hale ကဦးဆောင်ပြီး Thanksgiving ကိုနိုင်ငံ့ အားလပ်ရက် အဖြစ် ကြေညာဖို့ campaign စခဲ့ပါတယ်။ ၃၆နှစ်ကြာ အစိုးရပိုင်း ဆိုင်ရာတွေ၊ သမ္မတတွေ၊ နိုင်ငံရေး သမားတွေကို တောင်းဆိုခဲ့ ပြီးနောက်မှာ Civil War ရဲ့အရှိန်အမြင့်ဆုံး အချိန် ၁၈၆၃မှာ သမ္မတ Lincoln ကသူမရဲ့ တောင်းဆိုချက်ကို သတိပြုမိ လာပါတယ်။ ဒီစစ်ပွဲကြောင့် လင်သား၊ မိဘ၊ ဆွေမျိုး သားချင်း ဆုံးရှုံးခဲ့ ရ တဲ့ သူတွေရဲ့ ဝမ်းနည်း ကြေကွဲမှုကို နှစ်သိမ့်အေး နိုင်ဖို့နဲ့ နိုင်ငံရဲ့ ဒဏ်ချက် တွေကို ပြန်လည် ကုစားဖို့ အတွက် နိုဝင်ဘာလရဲ့ နောက်ဆုံး ပတ် ကြာသပတေးနေ့မှာ Thanksgiving ကိုကျင်းပဖို့ စီစဉ်ခဲ့ ပါတယ်။ စီးပွားရေး ကပ်စိုက်တဲ့ ကာလ Great Depression မှာတော့ သမ္မတ Roosevelt ကစီးပွားရေး အရှိန်ကို မြှင့်ဖို့အတွက် ရက်ကို ရှေ့တိုး ကျင်းပဖို့ စီမံခဲ့ ပေမယ့် မအောင်မြင် ခဲ့ပဲ နိုဝင်ဘာလရဲ့ လေးပတ်မြောက် ကြာသပတေး နေ့ကိုပဲ သတ်မှတ် ထားခဲ့ပါတယ်။

Thanksgiving ကျင်းပတဲ့ ဒီစားပွဲမှာ မပါမဖြစ်က ကြက်ဆင် Turkey ပါ။ National Turkey Federation ရဲ့အဆို အရ ၉၀ ရာခိုင်နှုန်းသော အမေရိကန် တွေဟာ အဲ့နေ့မှာ ကြက်ဆင်ကို အမျိုးမျိုး ချက်ပြုတ်ပြီး စားသောက် ကြပါတယ်တဲ့။ တခြား စားသောက်ဖွယ် တွေ ကတော့ stuffing, mashed potatoes, cranberry sauce နဲ့ pumpkin pie တို့ပါ။ အဲဒီနေ့မှာ ဆင်းရဲချို့တဲ့ သူတွေကို စား သောက်ဖွယ်ရာ တွေပေးကမ်းစွန့်ကြဲ ကြပါ သေးတယ်။ Parades စီတန်း လှည့်လည်ပွဲ တွေကိုလည်း မြို့ကြီးတွေမှာ ကျင်းပတတ် ကြပြီး ကုန် တိုက် အကြီးစား တစ်ခုဖြစ်တဲ့ Macy’s ရဲ့ Thanksgiving Day parade ကအကျော်ကြား ဆုံးနဲ့ အကြီးကျယ် ဆုံးပါ။ ၂၀ရာစုနှစ် နောက် ပိုင်းက စပြီး အမေရိကန် သမ္မတ တွေက Thanksgiving turkeys တစ်ကောင်၊ ၂ကောင်ကို ဝယ်ပြီး ဘေးမဲ့လွှတ် ပေးတဲ့ အလေ့ကို စသုံးလာ ပါတယ်။
ခုလက်ရှိမှာတော့ခရစ်ယာန်ဘာသာဝင်အများစုဟာအမေရိကန်ကလာတဲ့ဒီကျေးဇူးတော်ချီးမွမ်းပွဲကိုကိုယ့်ရေခံမြေခံအဖြစ်အများပြောင်းလဲပြီးကိုယ့်ရိုးရာဓလေ့အားဖြင့်နှစ်စဉ်နှစ်တိုင်းဘုရားသခင်ကိုကျေးဇူးတင်တဲ့ပွဲလုပ်ကြပါတယ်။မြန်မာပြည်မှာတိုင်းရင်းသားတွေလုပ်တဲ့ရက်ချင်းမတူညီကြပေမဲ့အားလုံးနီးပါးက၁၀-၁၁လပိုင်းထဲလုပ်ကြပါတယ်။

ကိုးကား-Wiki
မူရင်း-ဆရာရဲမင်း