• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ္စမတ်ကိုအမြင်မှားခြင်း

ဆရာရဲမင်း

10 月 10, 2024

ခရစ္စမတ်ကိုအမြင်မှားခြင်း

၁။ယေရှု‌မွေးတဲ့နေ့က၁၂လ၂၅ရက်မဟုတ်လို့ခရစ္စမတ်မလုပ်သင့်ဘူးဆိုခြင်း။
ဖြေရှင်းချက်👉တကယ်တော့ကျမ်းစာမှာယေရှုမွေးနေ့အတိအကျမဖော်ပြထားတာမှန်ပါတယ်။ဒါပေမဲ့ခရစ္စမတ်ဆိုတာနေ့ရက်တစ်ရက်ကိုသာအောက်မေ့နေတာမဟုတ်ပါဘူး၊ကယ်တင်ရှင်မွေးဖွားခဲ့ခြင်း“ဖြစ်ရပ်”ကိုနေ့ရက်တခုသတ်မှတ်ပြီးနှစ်စဥ်အောက်မေ့သတိရနေတာပါ။ဒါကြောင့်ဒီဇင်ဘာ၂၅မှာခရစ္စမတ်လုပ်တာမမှားပါ။

၂။၁၂လ၂၅ရက်နေ့ဟာနေနတ်ဘုရားနေ့မို့ခရစ္စမတ်မလုပ်သင့်ဘူးဆိုခြင်း။
ဖြေရှင်းချက်👉သတိထားရမှာကနေ့ရက်ကိုဘုရားကဖန်ဆင်းထားတာပါ။ဘယ်နေ့ရက်မှာဘာလုပ်လုပ်ဘုရားကိုဦးထိပ်ထားရင်ရပါပြီ။နောက်တခုကနေနတ်ကိုးကွယ်သူတွေဟာဒီဇင်ဘာ၂၅(သို့မဟုတ်)တနင်္ဂနွေနေ့မှာနေနတ်ဘုရားကိုကိုးကွယ်နေကြသူတွေမှန်ပေမဲ့၊ယေရှုခရစ်ကိုသိလာပြီးအဲနေ့မှာအသက်ရှင်တဲ့ဘုရားကိုပြောင်းလဲကိုးကွယ်လာခြင်းဟာမင်္ဂလာတပါးပါဘဲ။ဒါကြောင့်ဒီဇင်ဘာ၂၅ခရစ္စမတ်ကျင်းပတာသူတို့အတွက်လဲမမှားပါ။

၃။ခရစ္စမတ်ဟာသောက်စားမူးရူးပြီး၊စီးပွားရေးသမားနဲ့စန်တာခလော့ရုပ်တုတွေနဲ့ပြည့်နေလို့မလုပ်သင့်ဘူးဆိုခြင်း။
ဖြေရှင်းချက်👉ခရစ္စမတ်ရောက်ရင်သောက်စားမူးယစ်ရမယ်လို့ခံယူနေတာကမှားပါတယ်၊မူးယစ်နေကျသူတွေကဘာပွဲလုပ်လုပ်သောက်စားမူးယစ်နေကြမှာပါ၊ဒီလူတွေကြောင့်ခရစ်စမတ်မလုပ်သင့်ဘူးဆိုရင်မမှန်ပါဘူး၊ရိုးသားဖြူစင်သူနဲ့ဧဝံဂေလိလုပ်သူအများကြီးရှိနေတာမြင်ကြည့်ပါ။အသင်းတော်မှာအဲလိုမူးယစ်တွေကိုလဲခွင့်မပြုကြပါဘူး။ဧဝံ‌ဂေလိလုပ်တာဘဲများတာပါ။နောက်တခုစီးပွားရေးသမားတွေကမယုံကြည်သူများပါတယ်၊သူတို့မသိလို့ပါ၊သိအောင်ခရစ္စမတ်ကာလမှာဧဝံဂေလိပိုလုပ်ရပါမယ်။စန်တာခရော့ကတော့ရုပ်တုလို့ခံယူရင်မသုံးလဲရတာပါဘဲ၊အမှန်ကစန်တာခရော့ဆိုတာကျမ်းစာထဲလဲမပါပါဘူး၊သူ့လုပ်ရပ်ကြောင့်လူတွေသူ့ကိုအောက်မေ့သတိရခြင်းကနေခရစ္စမတ်နဲ့ဆက်နွယ်ဖို့ဖြစ်လာခဲ့တာပါ။စန်တာခရော့ပုံချိတ်တာအပြစ်မရှိပါဘူး၊ဒါပေမဲ့သူ့ကြောင့်ယေရှုခရစ်ကိုတော့မဖုံးဖိမိစေချင်ပါ။နောက်ဆုံးတခွန်းထဲပြောရရင်အထက်ပါအကြောင်းတွေကြောင့်ခရစ္စမတ်မလုပ်သင့်ဘူးပြောခြင်းဟာခိုင်လုံမှုမရှိပါဘူး။လုပ်လို့ရပါတယ်။

၄။ဧဝံဂေလိရဲ့အဓိကအရာကယေရှုခရစ်အသေခံခြင်းနဲ့ထမြောက်ခြင်းမို့လို့ခရစ္စမတ်ကိုမလုပ်သင့်ဘူးဆိုခြင်း။
ဖြေရှင်းချက်👉ယေရှုခရစ်ရဲ့အသေခံခြင်းနဲ့ထ‌မြောက်ခြင်းကလူသားတွေအတွက်အရေးကြီးသလို၊မွေးဖွားလာခြင်းကလဲ(လူ့သမိုင်းADနဲ့BCကိုခွဲခြားသတ်မှတ်ခြင်းမို့)အရေးကြီးလှပါပေတယ်။ပြည့်စုံတဲ့ဧဝံဂေလိတရားဆိုတာယေရှုခရစ်ရဲ့သက်တော်စဉ်တခုလုံးပါ။ခရစ္စမတ်လုပ်နေတဲ့အသင်းတော်တိုင်းကလည်းယေရှုခရစ်ရဲ့အသေခံခြင်းနဲ့ထမြောက်ခြင်းကိုအရေးကြီးကြောင်းသိကြသူတွေပါဘဲ။ဒါပေမဲ့ဒါကိုအကြောင်းပြုပြီးခရစ်တော်မွေးဖွားခြင်းကိုမအောက်မေ့ရဘူးပြောရင်မှားပါတယ်။ဒါကြောင့်ခရစ္စမတ်လုပ်တာမမှားပါ။

၅။ခရစ္စမတ်ကကျမ်းစာထဲမပါတာမို့ခရစ္စမတ်မကျင်းပသင့်ဘူးလို့ဆိုခြင်း။
ဖြေရှင်းချက်👉ဒီလိုပြောတဲ့သူကခရစ္စမတ်အဓိပ္ပာယ်ကိုမသိသေးတာဖြစ်မှာပါ။ခရစ္စမတ်ဆိုတာစကားလုံးအရကြည့်ရင်-ခရစ်တော်နဲ့လူထု(သို့မဟုတ်)ခရစ်တော်ပြုတဲ့ပူဇော်ခြင်းလို့သက်ရောက်ပါတယ်။အဓိကတော့ခရစ်တော်ရဲ့လူ့ဇာတိခံမွေးဖွားလာခြင်းကိုအောက်မေ့သတိရခြင်းပါ။ခရစ်‌‌တော်ရဲ့‌‌မွေးဖွားခြင်းဘဲဖြစ်ဖြစ်၊ကိုယ်စားအသေခံခြင်းဖြစ်ဖြစ်ကျမ်းစာမှာအများကြီးဖော်ပြထားရှိပါတယ်။ဒါကြောင့်“နေ့ရက်”ပွဲကိုအဓိကထားခြင်းမဟုတ်ဘဲကိစ္စ“အဖြစ်ပျက်”ကိုအဓိကထားအောက်မေ့ဆင်နွဲတာမို့၊ခရစ္စမတ်ကျင်းပတာမမှားပါဘူး။

ချွင်းချက်တခု‌တော့ရှိပါတယ်၊
အဲဒါကတော့ရောဂါကာလ၊စစ်ဘေးကာလမှာပျော်ပွဲရွှင်ပွဲ၊သောက်စားပွဲလုပ်တာထက်၊ဧဝံဂေလိလုပ်ခြင်း၊ပေးကမ်းစွန့်ကျဲခြင်းနဲ့ဖြတ်သန်းဖို့ခရစ္စမတ်ကျင်းပသင့်ပါပေတယ်။
ဖတ်ရှုသူတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

၁ကော၁၀:၃၁သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။