• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

Christmasမှာဆင်ခြင်မိသည့်ပုံလေးတပုဒ်

ဆရာရဲမင်း

10 月 10, 2024

Christmasမှာဆင်ခြင်မိသည့်ပုံလေးတပုဒ်

ခရစ်စမတ်ရောက်လာပြီဆိုတာနဲ့နှင်းတွေကျလို့၊ချမ်းလိုက်တာအရိုးထိပါဘဲ။
ဒါပေမဲ့ဘုရားကျောင်းကသံစုံသီးမှုတ်သံ၊အကပဒေသာနှင့်စုံညီစွာရုပ်ရုပ်သဲသဲလုပ်နေတဲ့ပွဲဟာအေးလွန်းတဲ့ဆောင်းရာသီကိုဖြိုခွင်းထိုးဖောက်လိုက်သယောင်။
သခင်ယေရှုမွေးဖွားလာခဲ့ရခြင်းကိုခရစ်စမတ်မွေးနေ့ပွဲလုပ်နေခြင်းပင်ဖြစ်သည်။
ဤတွင်…ဘုရားကျောင်းပြင်ပထောင့်လေးတနေရာတွင်အဝတ်နွမ်းနွမ်းနှင့်လူတယောက်အအေးဒဏ်ကိုအံတုကာလျှောက်သွားလျှောက်လာလုပ်နေသည်။ဒါပေမဲ့အအေးဒဏ်အေးလွန်းတာကြောင့်နောက်ဆုံးမခံနိုင်တော့ဘဲခွေကျသွားသည်။
လူတယောက်ဘေးနားလျှောက်လာပြီးသူ့ကိုထူမပေးသည်၊ပြီတော့မေးသည်၊”ဘာလို့ဘုရားကျောင်းထဲမဝင်တာလဲ?” အဝတ်နွမ်းနဲ့လူကအားစိုက်ပြီးပြန်ဖြေသည်” ကျွန်တော့အဝတ်ကတအားစုပ်ပျက်နေလို့ပေးမဝင်ဘူးတ ဲ့” ဖြေပြီးတာနဲ့အနွေးဓာတ်ကိုခံစားရပြီးခွန်အားပြန်ရလာလို့မော့ကြည့်လိုက်တော့…မျက်နာမှာအလင်းတန်းဝတ်ရုံအဖြူရောင်နှင့်လူဖြစ်နေသည်။ ဒါ….သခင်….ယေရှု….ပြောရင်းဆိုရင်းဒူးထောက်လိုက်သည်။ပြီးတော့နားမလည်စွာနှင့်တုန်ရင်နေသောအသံဖြင့်မေးလိုက်သည်။”သခင်၊ဘာလို့ဒီမှာနေနေတာလဲ?ကိုယ်တော်ကဘုရားကျောင်းကလူအုပ်ကြီးဆီမှာရောက်နေရမှာမဟုတ်လား?”သခင်ယေရှုက“သူတိုလည်းငါ့ကိုမဝင်ခိုင်းဘူး”။အဝတ်နွမ်းနဲ့လူက“ဘာလို့လဲသခင်?သူတို့တွေကသခင့်မွေးနေ့လုပ်နေကြတာမဟုတ်လား?”ယေရှုကလည်း“သူတို့တွေကငါ့နာမည်နဲ့ပျော်ပွဲလုပ်နေတာပါ,ကိုယ့်ကိုကိုယ်ချီးမြောက်နေကြတာပါ။ဒီနေ့မင်းဒီနေရာမှာမရှိရင်ငါလည်းလာစရာအကြောင်းမရှိပါဘူးလေ၊ခုပြန်လိုက်ငါမင်းနဲ့ထာဝရအတူရှိမှာပါ။ ”
………………………….ပြီး………………………………

ချစ်သောမိတ်ဆွေဒီပုံလေးအားဖြင့်အတူတကွဆင်ခြင်အသက်ရှင်ကြပါစို့။

ရှင်ယာကုပ်၂:၁-၄ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​ကြီး​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အ​မှု​မှာ၊ လူ​မျက်​နှာ​ကို ထောက်​ခြင်း​မ​ရှိ​ကြ​နှင့်။- ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊- တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊- တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။