ခရစ္စမတ်မှာဆင်ခြင်စရာ(၅)ချက်
၁။ခရစ္စမတ်ဆိုတာအလှူငွေလိုက်တောင်းတဲ့ကာလမဟုတ်ပါဘူး၊ပေးကမ်းတဲ့ကာလပါ။ဒါကြောင့်တစ်အိမ်ထွက်ဆင်းအလှူငွေလိုက်မတောင်းပါနဲ့၊တတ်နိုင်သလောက်ပေးကမ်းပါ။
(တမန် ၂၀:၃၅ အစွန့်ကျဲခံခြင်းအရာထက်စွန့်ကျဲခြင်းအရာသည်သာ၍ မင်္ဂလာရှိသည်…။
(သုတ္တံ၁၉း၁၇ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍၊ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။ )
၂။ခရစ္စမတ်ဆိုတာသောက်စားမူးယစ်ပြီးရမ်းကားတဲ့ကာလမဟုတ်ပါဘူး၊အပြစ်ကနေလွတ်မြောက်အောင်ကယ်တင်ပေးမဲ့သူငယ်တော်ယေရှုမွေးလာလို့ဝမ်းသာပျော်မြူးခြင်းပါ။
(လုကာ၂း၁၀-၁၁ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။
(၁ကော၆း၁၀ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ။)
၃။ခရစ္စမတ်ဆိုတာခေတ္တရုံးပိတ်ရက်တခုဘဲမဟုတ်ပါဘူး၊ထာဝရကယ်တင်ခြင်းအတွက်သေချာပြန်လည်ဆင်ခြင်ရမဲ့အခွင့်အရေးတခုပါ။
(၂ကော၁၃း၅သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိ၊ မရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော၊ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။msbu)
၄။ခရစ္စမတ်ဆိုတာ ဆန်ဒါခလော့၊လက်ဆောင်၊ခရစ္စမတ်စစ်ပင်၊အကပဒေသာ၊ပျော်ရွှင်စားသောက်တဲ့အပေါ်ယံပွဲတော်တခုသာမဟုတ်ပါဘူး၊ယေရှုခရစ်ရဲ့ကယ်တင်ဖို့ကြွလာခြင်းကိုအောက်မေ့သတိရတဲ့ပွဲပါ။
(၁တိ၁း၁၅ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။)
၅။ခရစ္စမတ်ဆိုတာအဝတ်အစားအသစ်နဲ့ရွှေငွေဥစ္စာတွေဝါကြွားတဲ့ကာလမဟုတ်ပါဘူး၊ရထားတဲ့ထာဝရအသက်ကိုထုတ်ပြသက်သေခံရမယ့်အကောင်းဆုံးအချိန်တခုဘဲဖြစ်ပါတယ်။
(၂တိ၄း၂နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။)