မိခင်ဖခင်များနေ့မှန်နေတာနဲ့မှားနေတာ
၁။မိခင်/ဖခင်များနေ့မှမိဘပုံလိုင်းပေါ်တင်တာမမှားဘူး၊မှားနေတာကအဲဒီတရက်ဘဲရိုသေဟန်ပြပြီးကျန်တဲ့နေ့တွေမှာမရိုသေတာ။
၂။မိခင်/ဖခင်များနေ့မှဘုရားကျောင်းသွားတာမမှားဘူး။မှားနေတာကအဲဒီနေ့ကလွဲလို့ကျန်တဲ့အပတ်မှာမပါဝင်တာ။
၃။မိခင်/ဖခင်များနေ့မှမိဘကိုလက်ဆောင်ပေးတာမမှားဘူး။မှားနေတာကပုံမှန်နေ့တွေမှာမိဘကိုမလုပ်ကျွေးမပြုစုချင်ကြတာ။
၄။မိခင်/ဖခင်များနေ့မှမိဘဆီအလည်သွားတာမမှားဘူး။မှားနေတာကတစ်နှစ်ပတ်လုံးမိဘဆီအဆက်အသွယ်မလုပ်တာ။
၅။မိခင်/ဖခင်များနေ့မှမိဘတွေဆီဆုတောင်းခံတာမမှားဘူး။မှားနေတာကတစ်နှစ်လုံးမိဘအတွက်ဆုတောင်းပေးဖို့မေ့နေတာ။
၆။မိခင်များနေ့ဖခင်များနေ့မှမိဘကိုသတိရလာတာမမှားဘူး၊မှားနေတာကသတိဘဲရပြီးလက်တွေ့ကျေးဇူးမဆပ်ချင်ကြတာ။
၇။မိခင်များနေ့ဖခင်များနေ့မှမိဘတွေကိုကယ်တင်ခြင်းရစေချင်တဲ့ဆန္ဒပေါ်လာတာမမှားဘူး၊မှားနေတာကမယုံကြည်သေးတဲ့မိဘတွေကိုတခါမှကယ်တင်ခြင်းအကြောင်းမဝေငှတာ။
၈။ဆုံးသွားတဲ့မိဘတွေကိုဘယ်လောက်သတိရကြောင်းဖော်ပြတာမမှားဘူး၊မှားနေတာကအဖေအမေအသက်ရှင်တုန်းသွန်သင်ဆုံးမဖြစ်စေချင်ခဲ့တာတွေခုထိတခုမှမလိုက်နာတာ။
(ဧဖက် 6:1 သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။)
မူရင်းဆရာရဲမင်း
https://www.facebook.com/100001226263944/posts/24250007327956805/