• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လင်မယားစကားများတော့မယ်ဆိုရင်

ဆရာရဲမင်း

10 月 22, 2024

လင်မယားစကားများတော့မယ်ဆိုရင်

၁။လူအများရှေ့မှာလုံးဝစကားမများမိပါစေနှင့်။

၂။သားသမီးရှေ့မှာလုံးဝစကားမများမိပါစေနှင့်။

၃။သေချာမသိဘဲထင်မြင်ချက်ကြောင့်လုံးဝမများမိပါစေနှင့်။

၄။ပြီးခဲ့တဲ့အမှားများကိုပြန်ကောက်ပြီးမများမိပါစေနှင့်။

၅။သူ့မိဘနှင်အိမ်သားများကိုလုံးဝထည့်မများမိပါစေနှင့်။

၆။တဖတ်သားဖြေရှင်းချက်ကိုလည်းနားထောင်ပေးပါ။

၇။ပြောင်းလဲလို့မရတဲ့တဖတ်သားအားနည်းချက်ကိုထည့်မများမိပါစေနှင့်။

၈။မိမိကြင်ယာကိုလုံးဝမဟောက်မရိုက်မိပါစေနှင့်။

၉။စကားများရင်ပစ္စည်းဥစ္စာလုံးဝမရိုက်ခွဲမိပါစေနှင့်။

၁၀။စကားများရင်ကွာရှင်းမယ်လို့လုံးဝမပြောမိပါစေနှင့်။

ဒါဆိုစကားများစရာလိုသေးလားလို့မေးကောင်းမေးလိမ့်မယ်၊စကားမများအောင်နေနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ။

ဧဖက်ဩဝါဒစာ၄:၂၆
အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။အမျက်မပြေဘဲနေမဝင်စေနှင့်။မာရ်နတ်ကိုအခွင့်မပေးကြနှင့်။