သီလနှင့်ပြည့်စုံသောမိန်းမလက္ခဏာ(၈)ချက်
၁။ခင်ပွန်းရဲ့အကျိုးပြုစုတတ်သူ
သုတ္တံ31:10-12 သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။ ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တစ်သက်လုံးပြုစုတတ်၏။
သုတ္တံ31:23သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့် ထိုင်၍၊ ထင်ရှားသောသူဖြစ်ရ၏။
၂။မိသားစုကိုလက်တွေ့ချစ်တတ်သူ
သုတ္တံ31:28-29 သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်းချီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊ လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီဟု သူ့ကို ချီးမွမ်းတတ်၏။
၃။အလုပ်ကြိုးစားတတ်သူ
သုတ္တံ31:13-19 သိုးမွေးနှင့် ဝါကိုရှာ၍၊ မိမိလက်နှင့် အလိုအလျောက်လုပ်တတ်၏။ ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။ မိုးမလင်းမီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကိုလည်းကောင်း၊ ကျွန်မတို့အား အငန်းအတာကိုလည်းကောင်း၊ ပေးဝေတတ်၏။ ကောင်းမွန်စွာဆင်ခြင်၍၊ လယ်ကွက်ကို ဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။ မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သန်မြန်စေတတ်၏။ မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီးခွက်သည် တစ်ညလုံးမသေတတ်။ ချည်ဖြစ်စေတတ်သောတန်ဆာတို့ကို ကိုယ်လက်နှင့်ကိုင်၍ လုပ်ဆောင်တတ်၏။
၄။သနားကြင်နာပေးကမ်းတတ်သူ
သုတ္တံကျမ်း31:20
ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ်သောသူတို့အား လက်ရုံးကို ဆန့်တတ်၏။
၅။ကြိုတင်ပြင်ဆင်တတ်သူ
သုတ္တံ 31:21-22 မိုးပွင့်ကျသော်လည်း၊ မိမိအိမ်သူအိမ်သားတို့အတွက် မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။ ကိုယ်အဖို့ စောင်တို့ကိုရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်၏။
၆။သေသပ်လှပစွာနေထိုင်တတ်သူ
သုတ္တံ 31:22 ကိုယ်အဖို့ စောင်တို့ကိုရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်၏။
၇။ညာဏ်ပညာရှိရှိပြောဆိုလုပ်ကိုင်တတ်သူ
သုတ္တံကျမ်း 31:24-29 ချောသောအထည်အလိပ်ကို ရက်၍ ရောင်းတတ်၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ ချတတ်၏။ သူလုပ်သော အထည်အလိပ်သည် ခိုင်ခံ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည် နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။ ပညာစကားကိုပြောတတ်၍၊ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏။ အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်၊ သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်းချီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊ လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီဟု သူ့ကို ချီးမွမ်းတတ်၏။
၈။ဘုရားသခင်ကိုရိုသေတတ်သူ
သုတ္တံ31:30-31 ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ ထိုသို့သော မိန်းမကျင့်ရာအကျိုးကို ပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။