• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပညာရှိမိန်းမနှင့်မိုက်သောမိန်းမ

ဆရာရဲမင်း

10 月 22, 2024

ပညာရှိမိန်းမနှင့်မိုက်သောမိန်းမ

၁။မိုက်သောမိန်းမကကိုယ့်ယောကျ်ားအတွက်အမြဲဖိအားဖြစ်စေတတ်တယ်။
👸ပညာရှိမိန်းမကကိုယ့်ယောကျ်ားအတွက်အမြဲခွန်အားဖြစ်နေတတ်တယ်။

၂။မိုက်သောမိန်းမကအိမ်မှုတော့လုပ်ပြီးအလှမပြင်ဘဲအမြဲနေတတ်တယ်။
👸ပညာရှိမိန်းမကအိမ်မှုကောအလှအပဆိုင်ရာမှာပါအမြဲတမ်းလန်းနေတတ်တယ်။

၃။မိုက်သောမိန်းမကကိုယ့်မိဘကိုဘဲငဲ့ညာပြီးယောကျ်ားဖက်ကမိဘကိုဥပေက္ခာပြုတတ်တယ်။
👸ပညာရှိမိန်းမကနှစ်ဖက်သောမိဘပေါ်မေတ္တာထားပြီးယောကျ်ားကိုလဲအတူတွဲခေါ်တတ်တယ်။

၄။မိုက်သောမိန်းမကကိုယ့်ယောကျ်ားကိုသူများနဲ့အမြဲနိုင်းယှဉ်ပြီးအထင်သေးတတ်တယ်။
👸ပညာရှိမိန်းမကကိုယ့်ယောကျ်ားကိုအမြဲအားပေးပြီးအထင်ကြီးပြတတ်တယ်။

၅။မိုက်သောမိန်းမကယောကျ်ားရဲ့မကောင်းတဲ့အချက်ကိုဘဲအမြဲမြင်တတ်ပြီးစိတ်တိုနေတတ်တယ်။
👸ပညာရှိမိန်းမကယောကျ်ားရဲ့ကောင်းတဲ့အချက်တွေကိုရှု့မြင်ချီးမွမ်းပြီးအမြဲပျော်နေတတ်တယ်။

၆။မိုက်သောမိန်းမကနေရာအချိန်အခြေနေမကြည့်ဘဲယောကျ်ားနဲ့စကားများပြီးအရှက်ရစေတတ်တယ်။
👸ပညာရှိမိန်းမကအများရှေ့မှာယောကျ်ားရဲ့ဂုဏ်သိက္ခာကိုအပြည့်ထိန်းတတ်ပြီးနှစ်ယောက်ထဲရှိနေချိန်မျိုးမှာသတိပေးတတ်တယ်။

၇။မိုက်သောမိန်းမကယောကျ်ားနဲ့ဖြစ်ခဲ့တဲ့အငြိုးတွေကိုမှတ်ထားပြီးအမြဲစကားများတတ်တယ်။
👸ပညာရှိမိန်းမကယောကျ်ားနဲ့ရှေ့ဆက်လုပ်မဲ့အရာကိုသာအဓိကထားပြီးအတူကြိုးစားတတ်တယ်။

၈။မိုက်သောမိန်းမကယောကျ်ားကိုအိမ်ကထွက်သွား…လို့အမြဲပြောဆိုတတ်တယ်။
👸ပညာရှိမိန်းမကယောကျ်ားကိုအိမ်မှာအမြဲပြန်လာနေပေးပါလို့တောင်းဆိုတတ်တယ်။

၉။မိုက်သောမိန်းမကယောကျ်ားကိုသရေကွင်းလိုဆွဲထားတတ်တယ်၊ပိုဆွဲလေကန်ချက်ဝေးလေပါ။
👸ပညာရှိမိန်းမကယောကျ်ားကိုစွန်လိုကြိုးလေးနဲ့လွတ်ပေးပြီးနောက်ကွယ်ကကြိုးကိုင်တတ်တယ်။

၁၀။မိုက်သောမိန်းမကကိုယ့်ကိုကိုယ်အမွန်းတင်ပြီးပြောဆိုနေထိုင်တတ်တယ်။
👸ပညာရှိမိန်းမကယောကျ်ားကိုအားကိုးပြီးယောကျင်္ားလဲသူ့ကိုအားကိုးစေတတ်တယ်။

၁၁။မိုက်သောမိန်းမကကိုယ့်ယောကျ်ားမကောင်းကြောင်းကိုသူများဆီအမြဲပြောပြတတ်တယ်။
👸ပညာရှိမိန်းမကကိုယ့်ယောကျ်ားရဲ့ကောင်းကွက်တွေကိုသူများဆီဝေငှတတ်တယ်။

၁၂။မိုက်သောမိန်းမကကိုယ့်ယောကျ်ားကိုသူ့မျက်ရည်ထဲမှာကျရှုံးစေတတ်တယ်။
👸ပညာရှိမိန်းမကကိုယ့်ယောကျ်ားကိုသူ့အပြုံးအားဖြင့်အောင်မြင်စေတတ်တယ်။

၁၃။မိုက်သောမိန်းမကကိုယ့်ယောကျ်ားကောင်းကိုဆိုးလာအောင်ဆွပေးတတ်တယ်။
👸ပညာရှိမိန်းမကမကောင်းတဲ့ယောကျ်ားကိုတောင်ကောင်းလာအောင်ပြောင်းလဲစေတတ်တယ်။

၁၄။မိုက်သောမိန်းမကကိုယ့်မိသားစုပြိုကွဲမှာမကြောက်တတ်ဘူး။
👸ပညာရှိမိန်းမကကိုယ့်မိသားစုကိုအမြဲခိုင်ခံ့အောင်တည်ဆောက်ဖို့ကြိုးစားတတ်တယ်။

၁၅။မိုက်သောမိန်းမကကိုယ့်ယောကျ်ားကိုငွေရှာဖို့အကြောင်းပြပြီးဘုရားနဲ့ဝေးစေတတ်တယ်။
👸ပညာရှိမိန်းမကကိုယ့်ယောကျ်ားကိုဘာလုပ်လုပ်ဘုရားကိုဦးထိပ်ထားဖို့အမြဲမှာတတ်တယ်။

ကျမ်းချက်
ပညာရှိသော မိန်းမသည် မိမိအိမ်ကို တည်ဆောက်တက်၏။ မိုက်သော မိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တက်၏(သုတ္တံ ၁၄ :၁)။

ယောကျ်ားနေရာနဲ့မိန်းမနေရာကိုချိန်းပြီးပြန်ဖတ်ကြည့်ပါ။ဥပမာ”ပညာရှိသောယောကျ်ားနှင့်မိုက်သောယောကျ်ား”။