• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မိသားစုထဲကတရားခံ(၇)မျိုး

ဆရာရဲမင်း

10 月 22, 2024

မိသားစုထဲကတရားခံ(၇)မျိုး

၁။မိသားစုတစ်ခုပြိုကွဲရခြင်းရဲ့အဓိကတရားခံကလောင်းကစား၊မူးယစ်၊ကာမလိုက်စားခြင်းတွေကြောင့်ပါ။

၂။မိသားစုတစ်ခုဆင်းရဲရခြင်းရဲ့အဓိကတရားခံကပျင်းရိခြင်း၊အလုပ်မလုပ်ချင်ခြင်း၊မကြိုးစားချင်ခြင်းတွေကြောင့်ပါ။

၃။မိသားစုတစ်ခုဆိုးသွမ်းရခြင်းရဲ့အဓိကတရားခံကမနာလိုခြင်း၊ရန်အမြဲဖြစ်ခြင်း၊ဒေါသကြီးခြင်း တွေကြောင့်ပါ။

၄။မိသားစုတစ်ခုကြီးပွားတိုးတက်ခြင်းရဲ့အဓိကအကြောင်းရင်းကသင့်မြတ်ခြင်း၊ကြိုးစားခြင်း၊ချွေတာစုဆောင်းတတ်ခြင်း တွေကြောင့်ပါ။

၅။မိသားစုတစ်ခုသင့်မြတ်နေရခြင်းရဲ့အဓိကအကြောင်းရင်းကသီးခံပေးတတ်သူ၊နားလည်ပေးတတ်သူ၊ခွင့်လွတ်ပေးတတ်သူရှိနေလို့ပါ။

၆။မိသားစုတစ်ခုအမြဲပျော်ရွှင်ငြိမ်သက်ခြင်းရနေတဲ့အဓိကအကြောင်းရင်းကယေရှုခရစ်တော်ကိုယုံကြည်လက်ခံထားကြပြီးသမ္မာတရားကိုလိုက်လျှောက်နေကြလို့ပါ။

၇။မိသားစုတစ်ခုမှာရန်ငြိုးတွေကိုငြိမ်းစေပြီး၊ပြန်လည်သင့်မြတ်စေနိုင်တာယေရှုခရစ်တော်ရဲ့အချစ်ရှိနေလို့ပါ။

အာမင်။

တမန်၁၆:၃၁သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​။