• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သင့်သားသမီးတွေဒီလိုဖေဖေလိုအပ်တယ်

ဆရာရဲမင်း

10 月 22, 2024

သင့်သားသမီးတွေဒီလိုဖေဖေလိုအပ်တယ်

၁။က‌လေးတွေရှေ့မှာမေမေကိုဆဲဆိုရိုက်နက်တာမျိုး ရှောင်ကျဥ်ပြီး၊က‌လေးရှေ့မှာမေမေကိုအထူးဂရုစိုက်ချစ်ပြတတ်တဲ့ဖေဖေ။

၂။ဘယ်လောက်အလုပ်ရှုပ်ညနက်နေပါစေ၊မိသားစုနဲ့အတူထမင်းပြန်စားတတ်တဲ့‌ဖေဖေ၊အိမ်ပြန်အိပ်တတ်တဲ့ဖေဖေ။

၃။မိသားစုအပေါ်အမြဲစိတ်ရှည်ပြီးနား‌ထောင်ပေးတတ်ပြီး၊‌သူပြောထားတဲ့ကတိအတိုင်းအမြဲတည်တတ်တဲ့‌ဖေဖေ။

၄။အချိန်ရရင်ဖုန်းကြည့်တာလျော့ပြီး၊ကလေးတွေနဲ့အမြဲအတူအဖော်ပြုဆော့ကစားပေးတတ်တဲ့ဖေဖေ။

၅။ကလေးရှေ့မှာညစ်ပတ်တဲ့စကားရှောင်ပြီး၊ဆေးလိပ်-အရက်-ကွမ်းယာ သားသမီးရှေ့ရှောင်တတ်တဲ့ဖေ‌ဖေ။

၆။ကလေးတွေကိုအချိန်ပေးပြီးအပြင်ခေါ်ထွက်တတ်တဲ့ဖေဖေ။

၇။မေမေကလွဲလို့တခြားမိန်းကလေးကိုစိတ်မဝင်စားတဲ့ဖေဖေ။

သားသမီးတွေအတွက်
ဒီလိုဖေဖေအဖြစ်ကြိုးစားရပ်တည်ပေးကြပါစို့။
ဖေဖေတွေကိုမန့်ရှင်းခေါ်လိုက်ရအောင်။
ဖေဖေတွေကိုTagတွဲပြီးရှဲလိုက်ရအောင်။
အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။

ဧဖက် ဩဝါဒစာ၆:၄
အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်း ကိုပြုလျက် ကျွေးမွေးကြလော့။

မူရင်း-ဆရာရဲမင်း