• 周六. 5 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သွေးလပေါ်ခြင်းနဲ့သံလွင်တောင်ကွဲတဲ့ဂျင်း

ဆရာရဲမင်း

3 月 20, 2026

သွေးလပေါ်ခြင်းနဲ့သံလွင်တောင်ကွဲတဲ့ဂျင်း

နောက်ဆုံးသောကာလနိမိတ်မှာလဟာ‌သွေးရောင်ဖြစ်သွားပြီး၊နေလည်းမှောင်မိုက်ဖြစ်မယ်ဆိုတာကျမ်းစာထဲမှာပါနေသလို၊သံလွင်တောင်နှစ်ခြမ်းကွဲမယ်လို့ကြိုတင်ဖော်ပြထားတာရှိပါတယ်။ဒါပေမဲ့မမှန်တဲ့ဂျင်းတော့မမိစေချင်ပါ။

၁။ကျမ်းစာထဲကလ‌ဟာသွေးရောင်ဖြစ်မယ်ဆိုတာနဲ့လကြတ်ပြီးသွေးရောင်ဖြစ်တာကမတူပါဘူး။လကြက်တာက ခုမှထဖြစ်တာမဟုတ်ပါဘူး၊ဟိုးနှစ်‌ပေါင်းရာချီထောင်ချီကတည်းက(တစ်နှစ်ကိုနှစ်ကြိမ်နူန်း)အမြဲဖြစ်နေတဲ့အရာပါ။အပြည့်ကြတ်တာမျိုး(လသွေးရောင်သန်းတာမျိုး)ကျ‌တော့၂-၃နှစ်ကြားတစ်ကြိမ်နူန်းဖြစ်တတ်ပါတယ်။ဆိုလိုချင်တာက နေ/လ/ကမ္ဘာကို ဘုရားဖန်ဆင်းပြီးကတည်းကခုထိတိုင် လကြတ်ခြင်းကမကြာမကြာရှိနေတာပါ။ ခုမှထရှိလာတာမဟုတ်ရပါဘူး။ဒါကိုယူပြီးယေရှုလာတော့မယ်ဆိုတာမျိုး၊ကျမ်းစာထဲကလသွေးပြောင်းရင်နောက်ဆုံးသောကာလဘဲလို့ခံယူတာမျိုးကမှားနေပါပြီ။ကျမ်းစာကပြောတဲ့လသွေးရောင်ဖြစ်ခြင်း(ယောလ၂:၃၁၊တမန်၂:၂၀၊ဗျာ၆:၁၂)ဆိုတာကသာမန်နတ်ခတ်ဗေဒအရ ဖြစ်ပျက်နေတာမျိုးမဟုတ်ပါဘူး၊လပြည့်လကျက်မှဖြစ်တာလည်းမဟုတ်ပါဘူး။တခါထဲ‌သွေးရောင်ပြောင်းပြီးနဂိုတိုင်းပြန်မဖြူတော့တာပါ။ဒါမှနောက်ဆုံးသောကာလနိမိတ်ဖြစ်ပါတယ်။ဒါကြောင့်လကြတ်တိုင်းဂျင်းမထည့်ကြပါနဲ့ဂျင်းလဲမမိကြပါနဲ့။(မိစ္ဆာအယူလွဲနဲ့အတန်းရှင်းလိုချင်တဲ့သူတွေကလာပြီးဂျင်းထည့်တတ်ပါတယ်)။

၂။နောက်တခုကလကြက်တဲ့ညမှာဆုတောင်းရင်ဆုတောင်းပြည့်တယ်ဆိုပြီးခရစ်ယာန်‌တွေ(ဆရာအပါအဝင်)ဂျင်းမိနေကြတာတွေ့ရပြန်ပါတယ်။ဒါလည်းကျမ်းစာအခြေအမြစ်မရှိပါဘူး။ဘုရားသခင်ကိုဆုတောင်းတာနတ်ခတ်ဗေဒကြည့်ပြီးဆုတောင်းမှပြည့်တယ်ဆိုရင်ဘုရားကနတ်ခတ်ဗေဒမှာကန့်သတ်နေတဲ့ဘုရားဖြစ်နေမှာပေါ့ဗျာ။ဘုရားကနတ်ခတ်အကုန်ဖန်ဆင်းထားတဲ့ဘုရားပါဗျ။ဒါကြောင့်ဆုတောင်းပြည့်ခြင်းမပြည့်ခြင်းဆိုတာဘယ်နေ့ဘယ်နတ်ခတ်ကိုမှီပြီးဆုတောင်းတာနဲ့မဆိုင်ပါဘူး၊ယုံကြည်ခြင်း၊ဘုရားစကားကိုနာခံခြင်းနဲ့သာဆိုင်ပါတယ်။ကြယ်ကြွေတဲ့အချိန်ဆုပန်ရင်ပြည့်တာတို့၊လကြတ်လပြည့်တဲ့ချိန်ဆုတောင်းရင်ပြည့်တာတို့၊ဒီလိုဟိုလိုဖြစ်နေရင်အမြန်ဆုတောင်းလိုက်ပြည့်မယ်ဆိုတာတို့ကမယုံကြည်သူ‌တွေရဲ့ခံယူချက်သာဖြစ်ပါတယ်၊ကျမ်းစာရဲ့သွန်သင်ချက်မဟုတ်ပါဘူးခင်ဗျ။

၃။သံလွင်တောင်‌ပေါ်မှာ မြေကြီးအက်ကွဲနေပြီဆိုတဲ့ဂျင်း။တကယ်တမ်းသေချာလေ့လာကြည့်ရင်ဘာအက်ကွဲခြင်းမရှိခဲ့ပါဘူး၊အယူလွဲတွေနဲ့အတန်းရှင်းလိုချင်သူ‌တွေထည့်တဲ့ဂျင်းသာဖြစ်ပါတယ်။ပုံအတုနဲ့Videoအတု တွေဖန်တီးပြီးသံလွင်တောင်အက်ကွဲ နေပြီလို့‌ဖြန့်ကြတာကိုဂျင်းမိ‌နေကြတာပါ။ယေရှကြွလာမှကွဲမယ်လို့ရေးထားတဲ့ကျမ်းစကားကိုခုကယေရှုတောင်မလာရသေးဘူးကွဲနေပြီဆိုတော့မဟုတ်သေးဘူးလေ။အကယ်၍သံလွင်တောင်သာတကယ်ကွဲအက်ခဲ့ရင်နိုင်ငံတကာသတင်းမီဒီယာတွေသူသူငှာငှာကြေငှာကြတော့မှာပါ၊ဘာလို့လဲဆိုတာတော့အနောက်နိုင်ငံတွေကခရစ်ယာန်နိုင်ငံတွေများကြတာမို့ဒါကိုအထူးသတိထားစောင့်ကြည့်နေတာမို့ပါ။အခုလေ့လာကြည့်ပါ၊သံလွင်တောင်အက်ကွဲတယ်ဆိုတာဘယ်နေရာမှာမှခိုင်လုံတဲ့အထောက်အထားမတွေ့ရပါဘူး။ဒါကိုတချို့သိက္ခာတော်ရဆရာကြီးတွေပါဂျင်းမိကုန်တယ်။ကြည့်လဲဟောကြ/ရေးကြအုံးဗျာ။(အနည်းဆုံးတော့AIမှာသံလွင်တောင်အခုအက်ကွဲနေတာလား?လို့မေးပြီးအရင်လေ့လာကြည့်သင့်တယ်လေ၊-ကျမ်းစာမေးခိုင်းနေတာမဟုတ်ဘူးသတင်းမှန်မမှန်မေးခိုင်းနေတာ)။အေအိုင်ကိုစာတန်ထင်နေတဲ့သူကရှိသေး။

ဒါတွေကိုသတိပြုပြီး၊နောက်ဆုံးသောကာလကျရင်ဒီလိုဖြစ်လာမယ်ဆိုတဲ့သမ္မာကျမ်းစာအားဖြင့်သတိနဲ့အသက်ရှင်တာကတော့မမှားပါဘူး။အကြောက်မလွန်ဖို့၊ဂျင်းမမိ‌ စေဖို့နဲ့ဂျင်းမဖြန့်ဖို့သာလိုပါတယ်။
မူရင်း-ဆရာရဲမင်း