• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဂေါဂ၊မာဂေါဂစစ်ပွဲ(၁)

ခရစ်ယာန်သမ္မာကျမ်းစာအရရှေ့ရှောက်ဖြစ်လာမဲ့စစ်ပွဲ(၃)ခုရှိနေပါတယ်။ဂေါဂမာဂေါဂစစ်ပွဲနှစ်ပွဲနဲ့အာ‌မဂေဒုန်စစ်ပွဲတို့ဖြစ်ပါတယ်။အခု‌ဖော်ပြချင်တာကတော့ယေဇကျေလအခန်းကြီး၃၈-၃၉ကိုအခြေခံပြီးနောက်ဆုံးသောကာလမှာအစမှာအစ္စရေးကိုဝိုင်းတိုက်မဲ့(ဂေါဂမာဂေါဂစစ်ပွဲ)ပရောဖက်ပြုချက် ဖြစ်ပါတယ်။အထူးသဖြင့်ဂေါဂမာဂေါဂဆိုတာဘယ်နိုင်ငံတွေဖြစ်မလဲပေါ့?

ကျမ်းစာအရ
ဂေါဂဆိုတာအစိုးရတစ်ရပ်ကို‌ဆိုလိုပြီးမာဂေါကဆိုတာကတော့တိုင်းနိုင်ငံကို‌ဆိုလိုပါတယ်(အငယ်၁-၃)။ဒါကြောင့်ကျမ်းပညာရှင်တွေလက်ခံထားကြတာကဂေါဂဆိုတာနိုင်ငံပေါင်းအများကြီးနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေရဲ့အကြီးအကဲတွေပါလို့အနက်ဖွင့်ကြတာပါ။ဂေါဂဆိုတဲ့(ညွန့်ပေါင်းအစိုးရ)ကနေအစ္စရေးနိုင်ငံကိုဝိုင်းတိုက်တဲ့အခါအခြားနိုင်ငံတွေလဲပူးပေါင်းလာပြီးအတူတူအစ္စရေးကိုဝိုင်းတိုက်ကြမယ်လို့ဖော်ပြတာဖြစ်ပါတယ်(အငယ်၆)။

နောက်ဆုံးသောကာလမှာအစ္စရေးကအခြားနိုင်ငံများရဲ့ဝိုင်းတိုက်ခြင်းကိုခံရမယ်ဆိုရင်၊ဒီနိုင်ငံတွေကဘယ်နိုင်ငံတွေဖြစ်မလဲ?ကျမ်းစာကအတိကျနာမည်ပြောထားပေမဲ့ဒီအမည်တွေကခေတ်သစ်ကာလရဲ့ဘယ်နိုင်ငံဖြစ်မလဲဆိုတာကတော့ကျမ်းစာအနက်ပြန်တဲ့နေရာမှာမတူတာတွေအများကြီးရှိနေပါတယ်။အများလက်ခံထားတဲ့အနက်ပြန်ခြင်းကိုအကျဥ်းချူံးဖော်ပြပါမယ်။

ရောရှ၊မေရှက်နဲ့တုဗလ တွေဟာ နောဧသား ယာဖက်ရဲ့သားနာမည်တွေဖြစ်ပါတယ်(ကမ္ဘာ၁၀:၂)။ဒီမျိုးဆက်တွေဟာတူရကီနဲ့အာမေးနီးယန်းဒေသတဝိုက်မှာနေထိုင်ကြသူတွေပါ။တချို့ပညာရှင်တွေကရုရှားဖြစ််တယ်လို့‌ ပြောကြပါတယ်။ဒီလူတွေဟာမြောက်ဖက်အရပ်ကနေလာတဲ့စစ်အုပ်စုဖြစ်ပြီးအစ္စရေးကိုတညီတညွတ်ထဲတိုက်ခိုက်မှာဖြစ်တယ်။သူတို့နဲ့အတူပါလာမှာကတော့
မာဂေါဂပြည်=ရုရှားနိုင်ငံ
ပေရသိပြည်= အီရန်နိုင်ငံ
ကုရှပြည်=အီတီရိုးပီးယားနှင့်ဆူဒန်
ဖုတပြည်=လစ်ဗျားနိုင်ငံ
ဂေါ​မာ​= ဂျာမနီနိုင်ငံ၊တူရကီနိုင်ငံ
တော​ဂါ​မ​= အာမေးနီးယား စသဖြင့်
ဒီနိုင်ငံတွေပူပေါင်းပြီးအစ္စရေးကိုတိုက်မှာဖြစ်ပါတယ်။တိုက်မဲ့ကာလကလည်းအစ္စရေးနိုင်ငံအတော်ငြိမ်းချမ်းပြီးစစ်ရေးသတိမရှိဘဲနေတဲ့ကာလမှာဖြစ်မှာပါ(အငယ်၈-၁၁)။

ကျမ်းစာရဲ့အသွားအလာအရဆိုရင်တော့
ဂေါဂမာဂေါဂစစ်ပွဲကြီးကနှစ်ကြိမ်ဖြစ်မှာပါ။ပထမတကြိမ်ကယေဇကျေလ၃၈-၃၉ထဲကဘေးဒဏ်ကြီးကာလအစပိုင်းမှာဖြစ်လာဖို့ရှိပြီး၊ဒုတိယအကြိမ်ကတော့ဗျာဒိတ်ကျမ်း၂၀အရ ဘေးဒဏ်ကြီးကာလအပြီးမှာ‌ ဖြစ်လာဖို့ရှိပါတယ်။ နောက်ဆုံးမှာတော့အာမေဂဒုန်စစ်ပွဲကြီးနဲ့အဆုံးသတ်မှာပါ။သတိထားရမှာကဒီစစ်ပွဲမစခင်ချီဆောင်ခြင်းအရင်လာမှာဖြစ်ပါတယ်(မတူညီတဲ့ခံယူချက်တော့ရှိပါတယ်)။ဒါကြောင့်ယုံကြည်သူတွေအတွက်သိပ်စိုးရိမ်စရာမလိုပါ။အခုဖြစ်‌ နေတာတွေကအမြည်းသ‌ဘောသာရှိပါတယ်။ဒါ‌ပေမဲ့ခေတ်ကာလအခြေအနေအရအတော်နီးနေပြီမို့သမ္မာသတိနဲ့အသက်ရှင်ဖို့တော့အထူးလိုအပ်ပါပေတယ်။

နောက်ဆုံးသောကာလအကြောင်းတွေကကျမ်းစာမှာအတိအကျဖော်ပြထားတာရှိသလိုလူနေရာဒေသအချိန်နဲ့တိတိကျကျမဖော်ပြတာတွေလည်းရှိနေတာမို့ကျမ်းစာအနက်ပြန်တဲ့နေရာမှာကွဲပြားမှုတချို့‌ရှိနေတာသတိထားရပါမယ်။ဒါပေမဲ့စိုးရိမ်စရာမလိုတာကတော့နောက်ဆုံးသောကာလအကြောင်းသိခြင်းမသိခြင်းကကယ်တင်ခြင်းကိုမထိခိုက်ပါဘူး။သင်ဒါတွေတလုံးမှမသိရင်တောင်ယေရှုကိုယုံကြည်ရင်ကယ်တင်ခြင်းရပါပြီ၊အာမင်။

မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/24310365668587637/