• 周五. 4 月 24th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အိမ်ထောင်ဖက်ချင်းရဲ့ယုံကြည်မှု

ဆရာရဲမင်း

11 月 16, 2024

အိမ်ထောင်ဖက်ချင်းရဲ့ယုံကြည်မှု

ယုံကြည်သူလင်နဲ့မယားတွေ
စာတန်ကျော့ကွင်းနဲ့လွတ်အောင်၊တစ်ယောက်ရဲ့ဖုန်းကိုတစ်ယောက်ခဏခဏဝင်ကြည့်ပေးသင့်ပါတယ်။
ခရစ်ယာန်အိမ်ထောင်တခုဟာ“တစ်ဦး‌ပေါ်တစ်ဦးယုံကြည်မှု”ပေါ်မှာတည်ဆောက်ထားမှပိုခိုင်ပါမယ်။
“ငါ့ဖုန်းမကိုင်”နဲ့ဆိုပြီးကိုယ့်နံရိုးရှင်ကိုတောင်မယုံကြည်ရင်ဘယ်လိုလုပ်တစ်သားတစ်ကိုယ်ထဲခံယူလို့ရတော့မှာလဲ?ဒီလိုပြောလိုက်လို့တဖက်သားဖုန်းကိုအမြဲစစ်ဆေးရမယ်လို့မဆိုလိုပါ၊စစ်ဆေးစရာမလိုအောင်ယုံကြည်ရပါမယ်။ဒါပေမယ့်တဖက်သားဖုန်းကိုကြည့်ဖို့လိုအပ်လာတဲ့အခါတဖက်ကကြည်ဖြူစွာအကုန်ပေးကြည့်လိုက်တာလဲယုံကြည်မှုတမျိုးပါဘဲ။
ကျွန်တော်ကိုယ်တိုင်ကအိမ်ထောင်သည်ပါ။မိန်းမ(ဆရာမ)ဖုန်းကိုလိုအပ်ရင်ဝင်ကြည့်သလို၊ဆရာမလည်းကျနော့်ဖုန်းကြည့်ရင်ကြည်ဖြူစွာကြည့်ခိုင်းပါတယ်။(တခါတလေတကူးတကကိုကြည့်ခိုင်းပါတယ်)။လိုအပ်လာရင်ဖုန်းထဲကလျှို့ဝှက်ကုဒ်တွေ(ဘဏ်appလျှို့ဝှက်ကုဒ်)အကုန်သူ့ကိုပေးထားသလိုသူ့လက်ဗွေလဲထည့်ပေးထားပါတယ်။လိုအပ်ရင်တစ်ဦးကိုတစ်ဦးအပြန်အလှန်သတိပေးပါတယ်။
ဒါဟာလင်မယားကြားကယုံကြည်မှုတခုဖြစ်သလို၊တစ်သားတစ်ကိုယ်ထဲလို့ခံယူမှုလဲဖြစ်ပါတယ်။ပြောစရာမရှိပြည့်စုံနေကြပြီလို့မဆိုလိုပေမယ့်တစ်ဦး‌ပေါ်တစ်ဦးယုံကြည်နေကြတာတော့အမှန်ပါဘဲ။

မာကု၁၀:၇-၈ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။ ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ် တစ်​ဦး​တည်း​ဖြစ်၏။