• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကိုယ်ဝန်ဖျက်ချခြင်းနှင့်အပြစ်

ဆရာရဲမင်း

11 月 18, 2024

ကိုယ်ဝန်ဖျက်ချခြင်းနှင့်အပြစ်

ကမ္ဘာပေါ်မှာတစ်ရက်ကိုကိုယ်ဝန်ဖျက်ချနူန်း၂သိန်းဝန်းကျင်ရှိပြီး၊တစ်နာရီအတွင်းမှာသန္ဓေသား ပေါင်း8000ကျော်သေနေရတယ်လို့စစ်တမ်းကောက်ချက်တခုမှာဖော်ပြပါတယ်။ဝမ်းနည်းစရာကောင်းတာကကမ္ဘာကဒါကိုနေ့စဉ်လူသေမှုစစ်တမ်းမှာထည့်မတွက်ကြပါဘူး၊ဘာလို့လည်းဆိုတော့သန္ဓေသားကိုလူတစ်ယောက်ပါလို့မသတ်မှတ်ကြလို့ပါ။
ဒါပေမယ့်ခရစ်ယာန်ယုံကြည်သူတွေအထွဠ်အမြတ်ထားတဲ့သမ္မာကျမ်းစာမှာတော့သန္ဓေသားဟာလူတစ်ယောက်ဖြစ်ကြောင်းအသိအမှတ်ပြုထားသလို၊ကိုယ်ဝန်ဖျက်ချခြင်းဟာလူသတ်မှုမြောက်ကြောင်းသတိပေးပါတယ်။ကျမ်းချက်၄ချက်နဲ့ဖော်ပြပါရစေ။

၁။ယေရမိအနတ္တိကျမ်း ၁း၅ထဲမှာ
ကျွန်တော်တို့လူတိုင်းဟာအမိဝမ်းထဲမှာ ပဋိသန္ဓေမတည်မီ ဘုရားသခင် က သိရှိနှင့်ပြီဖြစ် ကြောင်းဖော်ပြပါတယ်။
(ယေရမိ ၁း၅သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။)

၂။ဆာလံ ၁၃၉း၁၃-၁၆ မှာ အမိဝမ်းထဲမှာပင် ကျွန်တော်တို့ကိုဘုရားသခင်ကပုံသွင်းပြုပြင်ဖန်ဆင်းခြင်းကြောင်းအထူးဖော်ပြထားပါတယ်။
(ဆာလံ ၁၃၉း၁၃-၁၆ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။ မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။ မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။)

၃။ပိုပြီးရှင်းလင်းစေတာကထွက်မြောက်ရာကျမ်း၂၁း၂၂-၂၅မှာ အမိဝမ်း ထဲမှာရှိ တဲ့သန္ဓေသားကလေးငယ်ကိုသတ်မိခြင်းဟာလူ့အသက်သတ်ခြင်းဖြစ် ကြောင်းသတိပေးဖော်ပြထားပါတယ်။
(ထွက်မြောက်ရာကျမ်း၂၁း၂၂-၂၅လူ​ချင်း​ခိုက်​ရန်​ပြု​ကြ၍၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​ကို ထိ​ခိုက်​သ​ဖြင့် ကိုယ်​ဝန်​ပျက်၍ အ​ခြား​သော​အ​နာ​မ​ဖြစ်​လျှင်၊ မိန်း​မ​လင်​စီ​ရင်​သည်​အ​တိုင်း ဒဏ်​ခံ​ရ​မည်။ မင်း​စီ​ရင်​သည်​အ​တိုင်း​လည်း ငွေ​ကို​လျော်​ရ​မည်။ အ​ခြား​သော​အ​နာ​ဖြစ်​လျှင်၊ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊ မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း၊ မီး​လောင်​ခြင်း​အ​တွက် မီး​လောင်​ခြင်း​ကို​လည်း​ကောင်း၊ ရှ​န​ခြင်း​အ​တွက် ရှ​န​ခြင်း​ကို​လည်း​ကောင်း၊ ဒဏ်​ချက်​ရာ​အ​တွက် ဒဏ်​ချက်​ရာ​ကို​လည်း​ကောင်း ခံ​ရ​မည်။)

၄။ကိုယ်ဝန်ဖျက်ချဖို့တောင်းဆိုတဲ့လူတွေရဲ့အကြောင်းပြချက်တခုက“ငါတို့ကိုယ်ခန္ဓာငါတို့ပိုင်တယ်”ဆိုတဲ့ကြွေးကြော်ချက်ပါ။ဒါပေမယ့်ခရစ်ယာန်ယုံကြည်မှုသမ္မာကျမ်းစာအရတော့ကျွန်တော်တို့ကိုခရစ်တော်ကသူ့အသွေးနဲ့ရွေးဝယ်ထားပြီမို့ကျွန်တော်တို့ကိုယ်ခန္ဓာကိုခရစ်တော်ဘဲပိုင်တယ်ဆိုတာသိထားရပါမယ်။
(၁ကော၆:၁၉-၂၀ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။- သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။)

အထက်ပါကျမ်း၄ချက်ကိုကြည့်ရင်သေချာတာက၊ဘုရားအမြင်မှာအမိဝမ်းထဲမှာရှိတဲ့ကလေးဟာအရွယ်ရောက်နေပြီဖြစ်တဲ့လူတစ်ယောက်နဲ့လူလူချင်းတန်ဖိုးအတူတူဘဲဆိုတာသိရမှာပါ။
ဒါကြောင့်ကိုယ်ဝန်ဖျက်ချခြင်းဟာဘုရားသခင် ရှေ့မှာလူသတ်မှုအပြစ်ကျူးလွန်နေတယ်ဆိုတာကျမ်းစာအရ(ထွက်မြောက်ရာ၂၀:၁၃လူ့အ​သက်​ကိုမ​သတ်​နှင့်။)သိရတာဖြစ်ပါတယ်။

စာကြွင်း-ကိုယ်ဝန်ဖျက်ချဖူးသူ တွေအနေနဲ့နောင်တရပြီးအပြစ်ဝန်ချ တောင်းပန်ရင်တော့ဘုရားသခင်ခွင့်လွတ်နိုင်ပါတယ်။ဘုရားခွင့်လွတ်မှာပါဆိုပြီးကိုယ်ဝန်ဖျက်ချနေရင်တော့စစ်မှန်တဲ့နောင်တမဟုတ်တာမို့ခွင့်လွတ်ခြင်းရမှာမဟုတ်ပါဘူး။

မေးခွန်း-အဓမ္မပြုကျင့်ခံရလို့ရလာတဲ့ကိုယ်ဝန်၊ရည်းစားနဲ့မှားမိလို့ရလာတဲ့ကိုယ်ဝန်ဖျက်ချရင်ကောအပြစ်ရှိလား?
ဖြေ-ရှိပါတယ်၊တရားဟောရာ၂၄:၁၇မှာမိဘ တွေမှားခဲ့တဲ့အပြစ်ကြောင့်ကလေးကိုသတ်တာမျိုးမလုပ်ဖို့မှာကြားထားပါတယ်။အပြစ်ဝန်ချပြီးဘုရားဆီတိုးဝင်ပါ၊အမင်္ဂလာကနေမင်္ဂလာဖြစ်စေနိုင်တဲ့ဘုရားမို့လမ်းပြပါလိမ့်မယ်။
ချွင်းချက်-တမင်တကာကိုယ်ဝန်ဖျက်ချင်လို့ဖျက်တာမဟုတ်ဘဲ၊သန္ဓေသား ကြောင့်မိခင်အသက်အန္တရာယ်ရှိနေရင်တော့ဆုတောင်းပြီးဆုံးဖြတ်ချက်ချနိုင်ပါတယ်။