ဝိညာဉ်ဖခင်(မိခင်)ခေါ်လို့ရလား?
ဝိညာဥ်တွေရဲ့ဖခင်ဟာဖန်ဆင်းရှင်ဘုရားသခင်တဆူထဲရှိကြောင်းအရင်ဦးဆုံးသိထားရပါမယ်။ဒါပေမယ့်ဝိညာဉ်ဖခင်လို့မခေါ်ဘဲ“ဝိညာဉ်ရေးရာဖခင်”ဆိုရင်တော့ကျမ်းစာအရခေါ်လို့ရပါမယ်။ကိုယ့်ကိုပထမဆုံးဝိညာဥ်ရေးရာမှာကယ်တင်ခြင်းမိတ်ဆက်ပေးပြီး၊အမြဲလမ်းပြသွန်သင်လာခဲ့တဲ့အမှုတော်ဆောင်တွေကိုဝိညာဉ်ရေးရာဖခင်/မိခင်ဆိုပြီးခေါ်ဆိုအသိမှတ်ပြုတာတော့ကျမ်းစာအရမမှားပါဘူး။ကျမ်းချက်(၄)ချက်နဲ့ချပြပါမယ်။
၁။ကောရိန္သုအသင်းသားရဲ့ဝိညာဥ်ရေးရာဖခင်ရှင်ပေါလု
၁ ကော၄:၁၄အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။(စံမီ)
၂။ရှင်ပေါလုရဲ့ဝိညာဉ်ရေးရာသားဖြစ်သောတိမောသေ
၁တိ၁:၂ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိမောသေကို ကြားလိုက်ပါ၏။ ငါတို့ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။
၃။ရှင်ပေါလုရဲ့ဝိညာဉ်ရေးရာသားဖြစ်သောတိတု
တိတု၁:၄ ငါပေါလုသည်၊ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကို ကြားလိုက်ပါ၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း ရှိပါစေသော။
၄။ရှင်ပေါလုရဲ့ဝိညာဉ်ရေးရာသားဖြစ်သောဩနေသိမ်
ဖိ လေမုန်၁:၁၀ အချုပ်အနှောင်ခံရစဉ် ငါ့သားဖြစ်လာသောဩနေသိမ်အတွက် သင့်ကိုတောင်းပန်ပါ၏။(စံမီ)
အထက်ပါကျမ်းချက်တွေကိုလေ့လာရင်ဝိညာဉ်တွေကိုဖန်ဆင်းအုပ်ချုပ်ပိုင်သတဲ့ဖခင်မဟုတ်ဘဲဝိညာဥ် ရေးရာမှာဘုရားစကားအားဖြင့်လမ်းပြသူ၊ဝိညာဉ်ရေးရာမိခင်ဖခင်ဆိုတာသုံးလိုရကြောင်းဖော်ပြပါတယ်။သတိထားရမှာကဖာရိရှဲလိုမျိုးရာထူးဂုဏ်ဒြဗ်တွေနဲ့ယစ်မူးချင်ဝာာမျိုးကိုတော့ရှောင်ရပါမယ်။ဝိညာဉ်ရေးရာဖခင်မိခင်ဆိုတာခရစ်တော်၌ရင်းနှီးမှုတခုထဲကိုသာဖော်ပြခြင်းဖြစ်ပါတယ်။အမှန်ကခရစ်တော်၌ရာထူးအဆင့်တန်းမခွဲပါဘူး၊အကုန်လုံးညီကို မောင်နှမ တွေဘဲဖြစ်ပါတယ်(မဿဲ၂၃:၁-၁၂)။ဒါ ကြောင့်ဝိညာဉ်ရေးရာဖခင်မိခင်သုံးချင်သုံးလို့ရပါတယ်၊မသုံးရင်လည်းဘာမှတော့မဖြစ်ပါ။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။