သေသူအတွက်ကိုယ်စားဗတ္တိဇံခံခြင်းဆိုတာ
၁ကော၁၅:၂၉ သေလွန်သောသူတို့သည်ထမြောက်ခြင်း အလျှင်းမရှိလျှင်၊သေလွန်သောသူတို့၏ကိုယ်စားဗတ္တိဇံကိုခံသောသူတို့သည်အဘယ်သို့ ပြုရမည်နည်း။သေလွန်သောသူတို့၏ကိုယ်စားအဘယ်ကြောင့် ဗတ္åတိဇံ ကို ခံရကြသနည်း။
ဒီကျမ်းချက်နဲ့ပက်သက်ပြီးဓမ္မပညာလောကမှာအနက်ပြန်ခြင်းအနည်းဆုံး(၄)မျိုးလောက်ရှိပါတယ်။
၁။မယုံကြည်ရသေးဘဲသေလွန်သွားတဲ့မိသားစုဝင်တွေကယ်တင်ခြင်းရအောင်အသက်ရှင်နေတဲ့သူကကိုယ်စားဗတ္တိဇံခံပေးတာမျိူးပါ။ဒါကကောရိန်တုအသင်းတော်မှာဖြစ်နေတဲ့ပြဿနာအများကြီးထဲကလွဲမှားမှုတခုပါ။ဒါကိုရှင်ပေါလုကသူတို့ရဲ့ပြဿနာဖြေရှင်းပေးရင်းသူတို့လုပ်နေတဲ့အမှားကိုယူပြီးသာဓကအနေနဲ့ထမြောက်ခြင်းအကြောင်းကိုနားလည်အောင်ရှင်းပြနေတာဖြစ်ပါတယ်။
၂။အသင်းသားသေသွားတဲ့အခါအသင်းတော်ကအတုဘမှာ သေသူအတွက်ဗတ္တဇံပေးတဲ့လုပ်ရပ်ကိုကောရိန်သုအသင်းတော်ကလူတွေလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒါကသူတို့ရဲ့မှားယွင်းတဲ့လုပ်ရပ်တခုတာဖြစ်ပါတယ်၊တမန်တော်တွေမသွန်သင်ထားသလိုလုပ်လဲမလုပ်ခဲ့ပါ။ကျမ်းချက်ထဲကအဓိကစကားလုံးဖြစ်တဲ့”သူတို့”ဆိုတာသေချာသတိပြုလိုက်ပါ။ရှေ့နောက်ကျမ်းချက်ရဲ့ဆိုလိုရင်းကဒီသူတို့လုပ်ရပ်ကိုပေါလုကယူပြီးသာဓကအနေနဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းဟောနေတာလေးပါ။
၃။မူရင်းဂရိကျမ်းလေ့လာပြီး၊သေသူကိုယ်စားဗတ္တိဇံခံတာမဟုတ်ဘဲ၊သေသူကြောင့်ဗတ္တိဇံခံကြတာလို့အနက်ပြန်တာလဲရှိပါတယ်။အသက်ရှင်နေသူတွေဟာသေပြီးသွားတဲ့ယုံကြည်သူမိသားစုနဲ့ပြန်စုံစည်းလိုတဲ့အနေနဲ့ကိုယ်တိုင်ယုံကြည်ပြီးဗတ္တိဇံခံယူတာဖြစ်ပါတယ်။ဒါကြောင့်ပေါလုကအကယ်၍ရှင်ပြန်ထမြောက်ခြင်းသာမရှိရင်၊သေသူနဲ့စုံစည်းဖို့အတွက်မြော်လင့်ပြီး၊ကိုယ်တိုင်ယုံကြည်ဗတ္တိဇံခံနေတဲ့မိသားစုဝင်တွေဘာအကျိုးရှိအုံးမှာလဲလို့သွန်သင်နေတဲ့သဘောပါ။
၄။နောက်တခုက ဒီမှာပြောတဲ့ ဗတ္တိဇံ ဆိုတာယုံကြည်ပြီးလုပ်တဲ့ရေနှစ်ခြင်းမင်္ဂလာကိုပြောနေတာမဟုတ်ဘဲ၊ယုံကြည်သူရဲ့ပေးဆပ်ခြင်း(ဥပမာအငယ်၃၀-၃၁ကိုဆက်ဖက်ရင်တွေ့ရမဲ့ဘေး၊မိသားစုမှာကြုံမဲ့ပြဿနာ)၊ယေရှုပြောတဲ့ထိုဗတ္တိဇံ(လုကာ၁၂:၅၀)စသဖြင့် ပေးဆပ်ခြင်းကိုဆိုလိုကြောင်း(ပုံဆောင်ခြင်းအဖြစ်)အနက်ပြန်ကြပါတယ်။အထူးသဖြင့်ဝိညာဉ်သေနေတဲ့မိသားစုဝင်ကိုယ်စားပေးဆပ်ပြီးဧဝံဂေလိပြုခြင်းကိုဆိုလိုကြောင်းပါ။ဒါကြောင့်ရှင်ပေါလုကအကယ်၍ရှင်ပြန်ထမြောက်ခြင်းသာမရှိခဲ့ရင် ဝိညာဉ်သေနေသူကိုယ်စား ခက်ခက်ခဲခဲကြမ်းကြမ်းတမ်းတမ်းအနွံတာခံ-အနစ်နာခံ -အသေခံတဲ့အထိပေးဆပ်(ဗတ္တိဇံဆိုလိုခြင်း)ခံပြီးလုပ်နေတာတွေဘာအကျိုးရှိအုံးမှာလဲလို့သွန်သင်နေတာဖြစ်ပါတယ်။
၃နဲ့၄ရဲ့အနက်ပြန်ခြင်းကိုကျနော်ဆရာရဲမင်းကိုယ်တိုင်လက်ခံပြီးအခြားသူကိုလဲအဲလိုဟောကြားသွန်သင်ပါတယ်။ဝိညာဉ်တော်အလင်းပေးပါစေ၊အာမင်။