• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကိုးရီးယားယေရှုအတု(Koo In-hwoi)အကြောင်း

ဆရာရဲမင်း

7 月 17, 2025

ကိုးရီးယားယေရှုအတု(Koo In-hwoi)အကြောင်း

ဒီရက်ပိုင်းကိုးရီးယားယေရှုအကြောင်းလာလာမေးကြသူများလို့လေ့လာပြီးအကျဉ်းချုပ်တင်ပေးလိုက်ပါတယ်။အဖွဲ့အစည်းအမည်ကကိုးရီးယားလိုကနေမြန်မာဘာသာပြန်ရင်”ကြွလာ‌ပြီဖြစ်သောယေရှု၏နိုးကြားတဲ့အသင်းတော်”လို့သုံးသလို၊”ကောင်းကင်သတင်းကောင်းအဖွဲ့”လို့လည်းသုံးပါတယ်။တည်ထောင်ခဲ့သူက Koo In-hwoi ဆိုတဲ့သူပါ။သူ့နာမည်ကကိုးရီးယားနာမည်ကြီးဘန်းLGတည်ထောင်သူနဲ့တူနေတာမို့မမှားမိဖို့လိုပါတယ်။

Koo In-hwoi ဟာ မိမိကိုယ်ကိုသူဟာတဖန်ကြွလာတဲ့ယေရှုပါလို့ခံယူဟောပြောသူပါ။1941-6-3နေ့မှာမွေးပြီး၊1976-2-28ရက်နေ့မှာဆုံးသွားခဲ့ပါပြီ။1976မှာကိုးရီးယားအစိုးရကအစွန်းရောက်တဲ့ယုံကြည်မှုတွေကိုတိုက်ဖျက်တဲ့အချိန်သူအဖမ်းခံရပြီးစစ် ကြောရေးမှာရက်20ကြာပြီးမခံနိုင်လို့အသက်၃၄မှာဆုံးသွားခဲ့တာပါ။ယနေ့တိုင်ကိုးရီးယားမှာသူဂူသင်္ချိုင်းရှိပါတယ်၊တဖန်ကြွလာသောယေရှုဆိုပြီးကဗည်းထိုးထားပါတယ်။

ဆိုတော့၊နှစ်ပေါင်း50လောက်ကြာခဲ့ပြီးတဲ့သူကဘာလို့ခုမှပေါ်လာရတာလဲ?သူသေသွားပေမဲ့သူ့နောက်လိုက်တွေကကိုးရီးယားမှာဆက်ရှိနေသေးလို့ပါ။နဂိုကအဖွဲ့ဝင်‌သောင်းချီရှိပေမဲ့သူသေသွားပြီးနောက်မကျန်သလောက်ပါဘဲ။လက်ရှိနောက်လိုက်ပေါင်းတစ်ထောင်ဝန်းကျင်သာကျန်ပါတယ်။ဒါတွေကိုအခုခေတ်စမတ်ဖုန်းနဲ့အင်တာနက်ကျယ်ပြန့်လာတာမို့ယနေ့ကျနော်တို့သိလာရတာပါ။အမှန်ကကိုးရီးယားမှာရှိနေတာနှစ်(50)ကျော်ရှိပါပြီ။သူတို့အဖွဲ့တွေကတခြားကိုးရီးယားယေရှုအတု(ဥပမာ lee man-hee)ကောင်းကင်သစ်မြေကြီးသစ်ယေရှုအသင်းကိုလည်းတိုက်ခိုက်လေ့ရှိပါတယ်။‌တဖန်ကြွလာတဲ့ယေရှုကငါတို့သခင်Koo In-hwoiဘဲဖြစ်ရမယ်ဆိုပြီးတိုက်ခိုက်တတ်ပါတယ်။

မှားယွင်းတဲ့ယုံကြည်ချက်များ
၁။Koo In-hwoi ကယေရှုပါလို့ယုံကြည်ပြီးသူ့ကိုယုံကြည်မှကောင်းကင်ဝင်ရမယ်လို့ခံယူကြတယ်။
၂။1973-11-10မှာကောင်းကင်သစ်မြေကြီးသစ်ပေါ်လာမယ်လို့ပရောဖက်ပြုခဲ့ပေမဲ့မမှန်ခဲ့ဘူး။ဒါကြောင့်ကောင်းကင်သတင်းကောင်းအဖွဲ့ဆိုပြီးနာမည်အသစ်ပြန်ပြောင်းပြီးလှုပ်ရှားခဲ့တယ်။
၃။ကားတိုင်ပုံကကျိန်ခြင်းဖြစ်တာမို့မသုံးရဘူး၊ထိုက်ကျိပုံကိုပြောင်းသုံးရမယ်ဆိုပြီးသုံးပါတယ်၊အောက်ကပုံထိပ်မှာကြည့်ပါ။
၄။သခင်ဘုရား၌စားသောက်ရမယ်ဆိုပြီးအရက်ဆေးလိပ်မူးယစ်တွေသောက်ဖို့ပါတီတွေပြုလုပ်ကြတယ်။
၅။ကောင်းကင်ဝင်ဖို့လက်မှတ်ဝယ်ရမယ်ဆိုပြီးအသင်းသားတွေဆီလက်မှတ်ရောင်းတယ်။1970ကတည်းကကိုးရီးယားငွေသိန်းဆယ်ချီရောင်းရခဲ့တယ်။

ကိုးရီးယားမှာသူတို့အဖွဲ့ကသေးပါတယ်၊နိုင်ငံတကာမထိုးဖောက်နိုင်သေးပါ။ဒါပေမဲ့သတိထားရမှာကကိုးရီးယားယေရှုနောက်တစ်‌ယောက်ကိုပါ။သူ့နာမည်ကLee Man-hee ပါ။အသင်းတော်နာမည်က”ကောင်းကင်သစ်မြေကြီးသစ်ယေရှုအသင်းတော်”(Shincheonji Church of jesus)ပါ။ဒီအဖွဲ့ကအင်တာနက်ကတဆင့်အ‌တော်ခြေလှမ်းကျယ်လာပြီးအခုဆိုမြန်မာပြည်အထိတောင်နောက်လိုက်ရှိနေပြီလို့သိရပါတယ်။အထူးသတိထားစရာပါ။
နောက်တစ်ဦးသတိထားရမဲ့သူကတရုတ်ပြည်ကတရုတ်မယေရှုအတုကိုပါ။ဒီအဖွဲ့လည်းမြန်မာပြည်မှာအသင်းတော်၄-၅ခုတောင်ရှိနေပြီလို့သိရပါတယ်။”ဟာ-နောက်လိုက်တွေအလိုက်တာ”လို့ တချိန်ကပြောဖူးတဲ့ဆရာကြီးတွေတောင်ဘာမှမရိပ်မိဘဲသူတို့အဖွဲ့ထဲပါဝင်နေတာရှိပါတယ်။၊စာတန်က ပုံထဲကလိုရုပ်ဆိုးကြီးနဲ့မလာပါ၊လင်းသောကောင်းကင်တမန်လိုလာတာမို့အထူးသတိပြုစရာပါ။

(ရှင်မဿဲ 24:23-24 ထို​အ​ခါ သူ​တစ်​ပါး​က ဤ​အ​ရပ်၌ ခ​ရစ်​တော်​ရှိ​သည်၊ ထို​အ​ရပ်၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။)
ကိုးကား-ကိုးရီးယားအသင်းတော်နှင့်မီဒီယာဆိုဒ်
မူရင်း-ဆရာရဲမင်း