ဆင်ခြင်စရာဝိညာဉ်ရေးရာအမှန်နဲ့အမှားများ
၁။အမှုတော်အတွက်အလှူခံတာမမှားပါဘူး။
မှားနေတာကအလှူလိုက်ခံပြီးကိုယ်ကျိုးအတွက်အသုံးချနေခြင်းပါ။
၂။ကျန်းမာချမ်းသာစေဖို့ဟောပြောတာမမှားပါဘူး။
မှားနေတာကကျန်းမာနေမှချမ်းသာနေမှယေရှုကိုရသလိုလို၊ရောဂါရှိသူနဲ့ဆင်းရဲသူကယေရှုကိုမရလို့ဆိုတဲ့ ဟောပြောခြင်းကအမှားကြီးပါ။
၃။အနာရောဂါငြိမ်းဖို့ဆုတောင်းပေးတာမမှားပါဘူး။
မှားနေတာကလူတိုင်းကိုဆုဘဲတောင်းပြီးဆေးမကုခိုင်းခြင်းပါ။(ဘုရားဖန်ဆင်းပေးထားတဲ့ဆေးနဲ့ဆေးပညာကိုစာတန်လို့ထင်နေတုန်း)
၄။ဓမ္မသီချင်းအသစ်တွေနဲ့ချီးမွမ်းကိုးကွယ်တာမမှားဘူး။
မှားနေတာကဓမ္မသီချင်းဟောင်းဆိုနေသူကိုဘလိန်းခြင်းပါ။(ဘုရားသခင်ကအတိတ်-ပစ္စုပ္ပန်-အနာဂတ် ကိုအုပ်စိုးတဲ့ဘုရားဆိုတာသိရမယ်)
၅။အခြားသောဘာသာစကားဆုကျေးဇူးရထားပြီးကိုယ့်ဟာကိုယ်ပြော(တည်ဆောက်)နေတာမမှားဘူး။မှားနေတာကအများရှေ့မှာအနက်ပြန်သူမရှိဘဲဖရိုဖလဲအော်ဟစ်နေခြင်းပါ။(ဒီဆုကျေးဇူးမရှိရင်ကယ်တင်ခြင်းမရသလိုလိုပြောနေခြင်းကပိုမှားနေတာ)
၆။ဘုရားကျောင်းမှာကခုန်ချီးမွမ်းတာမမှားဘူး။မှားနေတာကစည်းလွတ်ဝါးလွတ်၊ကျားမ မခွဲတက်ခွကျော်နင်းလူးလိမ့်နေခြင်းပါ။(ငြိမ်ငြိမ်လေးဝတ်ပြုတာမမှားသလို၊စည်းကမ်းတကျကခုန်ဝတ်ပြုတာလဲမမှားပါ)
၇။ဒေသနာတိုတိုလေးဟောတာမမှားသလိုဒေသနာအရှည်ကြီးဟောတာလဲမမှားပါဘူး၊သူ့နေရာသူချင့်ချိန်ဟောနေဖို့ဘဲလိုတာပါ။မှားနေတာကတိုခြင်းရှည်ခြင်းကိုလိုက်ဘလိန်းနေခြင်းပါ။
၈။အလှပြင်သန့်စင်ပြီးဘုရားကျောင်းသွားတာမမှားဘူး၊မှားနေတာကအပြင်လွန်ပြီးအတိုအပြတ်တွေနဲ့ဆံပင်ရောင်စုံဖြစ်နေခြင်းပါ။(ဘာမှမပြင်ဘဲနံစော်စုတ်ပြတ်သတ်နေလို့လဲမရ)
၉။အကြောင်းကိစ္စတချို့ကြောင့်တစ်ခါတစ်လေဝတ်ပြုစည်းဝေးနောက်ကျတာမမှားပါဘူး၊မှားနေတာကအမြဲလိုလိုနောက်ကျနေပြီးဘုရားဝတ်မပြီးခင်ထထပြန်တတ်ခြင်းပါ။
၁၀။ဝတ်ပြုစည်းဝေးမှာ တခါတလေအိမ်ငိုက်မိတာမမှားပါဘူး၊မှားနေတာကအမြဲလိုလိုအိပ်ငိုက်နေတတ်ခြင်းပါ။(တချို့ဘုရားကျောင်းထဲအိပ်ယုံမကဟောက်သံပါထွက်နေသေး)
၁၁။လမ်းဘေးမှာဧဝံဂေလိဟောတာမမှားသလို၊ဘုရားကျောင်းစင်ပေါ်မှာဧဝံဂေလိဟောတာလဲမမှားဘူး။မှား နေတာကကိုယ်လုပ်တာဘဲမှန်ပြီးအခြားသူလုပ်တာမမှန်သလိုဝေဖန်ပုတ်ခတ်နေခြင်းနဲ့ဂုဏ်ဆာလိုက်လွင့်ပြနေခြင်းပါ။
၁၂။သူများအမှားကိုသမ္မာကျမ်းစာအရ မေတ္တာဖြင့်ဝေဖန်ထောက်ပြခြင်းကမမှားပါဘူး။မှားနေတာကထောက်ပြသူကိုယ်တိုင်က ကျမ်းစာနားမလည်ဘဲ(ပါဆင်နယ်)တိုက်ခိုက်ဆဲဆိုနေခြင်းပါ။
(သုတ္တံ၁၄:၁၂ လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။)
မူရင်း-ဆရာရဲမင်း
(ထိရင်ပြင်ပါ၊အတွေးပေါက်လာရင်ထပ်တိုးရေးထည့်မည်။)