မိန်းမတွေတရားမဟောရဘူးဆိုသူတွေကိုအံ့ဩမိတယ်
၁။၁တိ၂:၁၁-၁၂ကိုဘဲကွက်ယူပြီးမိန်းမတွေတရားမဟောရဘူးကန့်သတ်နေသူတွေ၊အငယ်၉ထဲက”ဆံပင်မကျစ်ရ၊လက်ဝတ်ရတာနာမဝတ်ရ”လို့တဆက်ထဲသွန်သင်ထားတာကိုတော့သူတို့မိခင်/ဇနီး/ညီမ/အမ/သမီးတွေကိုမသွန်သင်ရဲကြတာ၊အံ့ဩမိတယ်။
၂။၁တိ၂:၁၁-၁၂ထဲမှာ မိန်းမတွေယောကျာ်းကိုအစိုးတရမပြုရဘူးဆိုတာဘဲကွက်ယူကြပြီး၊”အစဉ်တိတ်နေရမယ်”(မိန်းမတွေဝတ်ပြုစည်းဝေးတိုင်းမှာပါးစပ်ပိတ်နေရမယ်)ဆိုတာကိုတော့မသွန်သင်ရဲမကျင့်သုံးရဲကြတာ၊အံ့ဩမိတယ်။
၃။၁ကော၃၄-၃၅ ထဲမှာ က”မိန်းမတွေဟောပြောခွင့်မရှိ”ဆိုတာကိုသူတို့လိုချင်သလိုအမျိုးသားကိုဘဲဟောလို့မရတာ-အမျိုးသမီးနဲ့ကလေးကိုတော့ဟောလို့ရပါတယ်ဆိုပြီးအနက်ပြန်ကြပြန်တယ်။အံ့ဩလို့မဆုံးဘူး။
၄။၁တိ၃:၂နဲ့၁တိ၃:၄ကိုအခြေခံပြီးသင်းအုပ်ဆိုတာမိန်းမနဲ့ကလေးရှိသူဖြစ်မှရမယ်လို့အနက်ဖွင့်ကြပြန်တယ်။ဒီစာကိုရေးတဲ့ရှင်ပေါလုကမိန်းမနဲ့ကလေးမရှိတာသူတို့မေ့နေကြတာလားမသိ?ရှင်ပေါလုအသက်ရှင်သေးရင်သူပါထိုင်ငိုနေလောက်တယ်။ဂယ်ဘဲအံ့ဩတယ်။
၅။၁ကော၃၄-၃၅ထဲကမိန်းမတွေဟောပြောခွင့်မရှိဘူးဆိုတာကိုတော့ရေးကြီးခွင်ကျယ်ခံယူကျင့်သုံးကြပြီး၊၁ကော၁၆:၂၀ထဲက”အချင်းချင်းနမ်းပြီးနူတ်ဆက်ရမယ်”ဆိုတာကိုခေတ်ကာလရဲ့ရေခံမြေခံယဉ်ကျေးမှုပါတဲ့?အဲ့-အဲ့လေ၊ရှေ့မှာတော့မပြောင်းလဲတဲ့သမ္မာတရားပေါ့၊နမ်းကြပါဆိုတော့ရေခံမြေခံမို့လိုက်နာစရာမလိုဘူးဖြစ်သွားရော-အံ့ဩလို့မဆုံးဘူး။ကျမ်းတတ်ပါ့။
၆။အသင်းတော်ကိုရေးပေးတဲ့စာစောင်တွေထဲမှာမိန်းမတွေတရားမဟောရဘူးဆိုတာပါနေလို့ကျမ်းစာအတိုင်းငါတို့ကခံယူပါတယ်ဆိုပြီး၊မိန်းမတွေခေါင်းဖုံးရမယ်တို့-အချင်းချင်းခြေဆေးပေးရမယ်တို့-ယောကျားတွေခေါင်းဖုံးလို့မရဘူး(ဘွဲ့ယူချိန်ဂွကျ)ဆိုတာမျိုးကျတော့လိုက်နာလိုက်-မလိုက်နာလိုက်နဲ့ အံ့ဩလို့မဆုံးဘူး။
၇။အဲဒါကိုပြောသေးတယ်- ခေတ်ကာလဘယ်လောက်ပြောင်းပြောင်းကျမ်းစာကမပြောင်းဘူးတဲ့။ဘာတဲ့-ငါတို့ကကျမ်းစာအတိုင်းဘဲခံယူကြတာတဲ့လေ။ရေခံမြေခံမလေ့လာဘဲကျမ်းစာအတိုင်းခံယူရင်အကုန်ခံယူကြလေ၊လိုချင်တာကိုဘဲကွက်ပြီးခံယူနေတာကိုက မင်းတို့ကျမ်းစာတတ်ပါတယ်ဆိုသူတွေကိုအံ့ဩမိတယ်။
စဉ်းစားကြည့်
ထာဝရမပြောင်းလဲတဲ့သမ္မာတရားနဲ့အမြဲပြောင်းလဲနေတဲ့ ခေတ်ကာလရေခံမြေခံယဉ်ကျေးမှုထုံးတမ်းကိုမခွဲခြားတတ်ဘဲခံယူရင်မေးမယ်-
မိတ်ဆွေတို့အသင်းတော်မှာမိန်းမတွေကို
ဆံပင်ကျစ်တာတွေ/လက်ဝတ်ရတနာဝတ်တာတွေတားဆီးနေပြီလား?ဘုရားဝတ်ပြုတိုင်းမိန်းမတွေကိုအမြဲပါးစပ်ပိတ်ခိုင်းပြီး(အစဉ်)တိတ်နေခိုင်းပြီလား?အချင်းချင်းနမ်းနေကြပြီလား? 😄အေး-ပြီးမှမိန်းမတရားမဟောရဆိုတာဆက်ပြောကြပါဗျာ။
တရားတော့ဟောလို့ရတယ်၊ယောကျာ်းတွေကိုသာဆုံးမလို့မရတာလို့မပြောနဲ့နော်၊တရားဟောခြင်း(ဘုရားစကား)မှာဆုံးမဩဝါဒကပါနေပြီးသား။
ကြည့်လည်းပြောကြအုံးဟ၊
ဂယ်ဘဲ-အံ့ဩမိတယ်။
မူရင်း-ဆရာရဲမင်း
အမျိုးသမီးသင်းအုပ်မေးဖြေဖတ်ရန်
https://www.facebook.com/100001226263944/posts/23929029646721243/