• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အိပ်ပျော်သွားတာကိုဝမ်းနည်းမလွန်စေချင်

ဆရာရဲမင်း

11 月 14, 2024

အိပ်ပျော်သွားတာကိုဝမ်းနည်းမလွန်စေချင်

ကျနော့အဖေညညအိပ်ပျော်သွားရင်ကျနော်တမူထူးခြားပြီးဝမ်းမနည်းနေပါဘူး။သူပြန်နိုးလာမှာသိနေလို့ပါ။ကျနော်လည်းညညအိပ်ယာဝင်ရမှာမကြောက်ပါဘူး၊ပင်ပန်းထားတာအနားယူပြီး၊ခွန်အားအပြည့်နဲ့ပြန်နိုးလာမှာမို့လိုလိုလားလားအိပ်ယာဝင်တာပါ။

ဒီလိုပါဘဲ
ယုံကြည်သူတွေသေတာဟာခေတ္တအိပ်ပျော်နေတာပါ၊“အိပ်‌ပျော်တယ်”ဆိုတာသေခြင်းကိုကြောက်လို့သုံးနေတဲ့စကားမဟုတ်သလို၊ပုံဆောင်ချက်စကားလုံးလည်းမဟုတ်ပါ။တကယ့်အိပ်ပျော်ခြင်းဖြစ်ပါတယ်။ဒါကြောင့်သေသွားသူအတွက် ခေတ္တခွဲခွာရလို့ဝမ်းနည်းရပေမယ့်၊မျော်လင့်ချက်မရှိတော့သလိုဝမ်းနည်းမလွန်စေချင်ပါ။တချိန်ကျရင်ပြန်တွေ့ကြမှာမို့ဖြစ်ပါတယ်။

အာဒံကြောင့်သေရမယ်ဆိုပြီးလူသားတိုင်းကျိန်ခြင်းခံခဲ့ရပေမယ့်၊ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကြောင့်သေခြင်းကို‌အောင်မြင်ခဲ့ပါပြီ။အာမင်။
ဒါဆိုရင်ယုံကြည်သူတွေဘာလို့သေနေရသေးတာလည်းလို့မေးကောင်းမေးနိုင်ပါမယ်၊အဖြေကရှင်းပါတယ်၊သေတာမဟုတ်တော့ဘဲ၊ခေတ္တအိပ်နေတာပါ။အိပ်တယ်ဆိုကတည်းကပြန်နိုးလာပါလိမ့်မယ်။အာမင်။

၁သက်၄:၁၃-၁၄ ညီအစ်ကို​တို့၊ သင်​တို့​သည် မျှော်လင့်​ခြင်း​မ​ရှိ​သော​အခြား​သူ​များ​ကဲ့သို့ ဝမ်းနည်း​ခြင်း​မ​ရှိ​ကြ​မည့်​အကြောင်း အိပ်ပျော်​သော​သူ​တို့​နှင့်​ပတ်သက်၍ သင်​တို့​မ​သိ​ဘဲ​နေ​ရန် ငါ​တို့​အလို​မ​ရှိ။ အကြောင်းမူကား ယေရှု​သည် အသေခံ​ပြီးနောက် ထမြောက်​တော်မူ​သည်​ဟု ငါ​တို့​ယုံကြည်​ကြ​လျှင် ဘုရားသခင်​သည် ယေရှု​၌ အိပ်ပျော်​သော​သူ​တို့​ကို​လည်း ထို​ကဲ့သို့​ပင် ထို​သခင်​နှင့်အတူ​ခေါ်ထုတ်​တော်မူ​လိမ့်မည်။(မြန်မာ့စံမီဘာသာပြန်ကျမ်း)
ရှဲလိုလျှင်နှိပ်ပါ