• 周六. 5 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

R.I.P.ရဲ့အဓိပ္ပာယ်နဲ့အသုံးပြုပုံ

မူရင်းလာတင်လိုRequiescat in Pace ပါ။သမ္မာကျမ်းစာ‭(ဟေရှာယ၅၇:၂)ကိုအခြေပြုပြီးBC100ဝန်းကျင်ကသင်္ချိုင်းဂူတစ်ခုအပေါ်မှာလာတင်လို Beit She’arimဆိုပြီးရေးထိုးထားတာကိုရှာဖွေတွေ့ရှိခဲ့သလို၊ကနဦးယုံကြည်သူတွေရဲ့အုတ်ဂူပေါ် မှာလည်း dormit inpace ဆိုပြီးရေးထိုးထားတာကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုကြပါတယ်။နောက်ပိုင်းAD1800လောက်ကစ၊ကနဦးခရစ်ယာန်အသင်းတော်ရဲ့စျာပနဆုတောင်းချက်ထဲမှာ Rest in Peace ထည့်သွင်းအသုံးပြုလာရာကနေ-ယနေ့တိုင်တွင်ကျယ်လာတာဖြစ်ပါတယ်။အဓိကအနေနဲ့R.I.P.ဟာသေသွားသူရဲ့ဂုတ်ဂူပေါ်ရေးထိုးကြတဲ့ဓလေ့၊ ‌‌သေသွားသူအတွက်ဂါဝရပြုမေတ္တာပို့သတဲ့ဓလေ့ဖြစ်တည်လာတာပါ။
R=Requiescat အနားယူခြင်း
I = in အထဲမှာ
P=Pace ငြိမ်ချမ်းခြင်း
Requiescatကိုနောက်ပိုင်းRestဆိုပြီးအတိုကောက်ရေးကြပါတယ်။
Rest in Peace = ငြိမ်းချမ်းခြင်းစွာအနားယူနိုင်ပါစေ။
R.I.P.ဆိုတာကအသက်ရှင်နေသူများကနေသေသွားသူအတွက်“ငြိမ်ချမ်းစွာအနားယူနိုင်ပါ‌စေ”ဆိုတဲ့မေတ္တာပို့သတဲ့ဆုတောင်းသံသာဖြစ်ပါတယ်။ခရစ်ယာန်တွေရဲ့ဈာပနမှာပန်းချင်းပန်းခွေနဲ့လက်ဝါးကပ်တိုင်ပေါ်ရေးထားတတ်ကြပါတယ်။
သမ္မာကျမ်းစာနဲ့ကြည့်ရင်

၁။R.I.P.လို့ဆုတောင်းပေးတာဟာအသက်ရှင်နေသေးသူတွေအနေနဲ့သေသွားသူအတွက်တစ်ဖက်သတ်မေတ္တာပို့သခြင်းသာဖြစ်ပြီး၊သေသူအတွက်ဘာမှထိရောက်မှုတော့မရှိနိုင်ပါ။

၂။R.I.P.ဆိုတာခရစ်ယာန်သမ္မာကျမ်းစာနဲ့ခရစ်ယာန်အသင်းတော်ကနေပေါ်ပေါက်လာတယ်ဆိုပေမဲ့၊မယုံကြည်သူတွေအနေနဲ့သုံးချင်ရင်လည်းသုံးနိုင်ပါတယ်။ဒါပေမဲ့တော့စစ်မှန်တဲ့ငြိမ်းချမ်းမှုမရနိုင်ပါ။မယုံကြည်သူတွေမြန်မာလိုနဲ့ကောင်းရာသုဂတိလားပါစေဆိုတာနဲ့တူပါတယ်၊ဒါဟာသေသူအတွက်လေးစာမှုနဲ့မေတ္တာပို့သခြင်းသာဖြစ်ပါတယ်၊မေတ္တာပို့တိုင်းအဲလိုဖြစ်မယ်လို့မသက်ရောက်ပါ။အိမ်ရှင်တွေအတွက်နှစ်သိမ့်စကားသာဖြစ်ပါတယ်။

၃။R.I.P.ပြောပေးရေးပေးမှသေသူကငြိမ်းချမ်းသွားတာမဟုတ်ရပါဘူး၊အသက်ရှင်တုန်းမှာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်ခဲ့မှထာဝရငြိမ်းချမ်းရမှာပါ။အာမင်။

ယနေ့သင်ကော
ယခုသေသွားရင်ထာဝရငြိမ်းချမ်းတဲ့နေရာရောက်မယ်လို့မိမိကိုယ်ကိုအာမခံချက်ရှိနေပြီလား?မရှိသေးရင်ယေရှုခရစ်တော်ကိုအမြန်ယုံကြည်လက်ခံလိုက်ပါ။
(‭တမန်တော၁၆:၃၁… သ​ခင်​ယေ​ရှု​ခ​ရစ်​ကိုယုံ​ကြည်​လော့။ယုံ​ကြည်​လျှင်သင်​နှင့်သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ရောက်​ကြ​လိမ့်​မည်​…။)