လက်ထပ်လက်စွပ်ရဲ့အဓိပ္ပာယ်(၇)မျိုး
၁။လက်စွပ်ဟာ ရွှေနဲ့လုပ်ထားတာမို့ ရွှေဟာမီးနဲ့စစ်မှာမကြောက်သလို၊အချစ်စစ်မို့အိမ်ထောင်ရဲ့ အေးခြင်းပူခြင်းစစ်ဆေးမှုတွေခံနိုင်ကြောင်း၊အခက်ခဲကြုံတာကိုမကြောက်ကြောင်းကြေငြာခြင်းဖြစ်ပါတယ်။
၂။လက်ထပ်လက်စွပ်ဟာအဖိုးတန်တဲ့စိန်ရွှေရတနာနဲ့ပြုလုပ်ထားတာမို့၊လပ်ထပ်လက်စွပ်ကိုအချင်းချင်းပေးစွပ်လိုက်ပြီဆိုတာနဲ့မိမိပိုင်ဆိုင်တဲ့အရာအားလုံးတဖက်သားနဲ့အတူမျှဝေခံစားမှာဖြစ်ကြောင်းသဘောတူခြင်းဖြစ်ပါတယ်။
၃။ရွှေနဲ့စိန်(အခြားရတနာ)တွေဟာသံချေးပိုးမထိုး၊ပျက်စီးရမလွယ်တဲ့အရာဖြစ်ပါတယ်။ထို့အတူလက်ထပ်လက်စွပ်ဟာဖြင့်လွယ်လွယ်လေးနဲ့မပျက်ဆီးနိုင်တဲ့ခိုင်မြဲသောချစ်ခြင်းမေတ္တာကိုပုံဆောင်တာဖြစ်ပါတယ်။
၄။လက်ထပ်လက်စွပ်ဟာများသောအားဖြင့် ရွှေကွင်းလေးပါ။အဆုံးမရှိတဲ့အကွင်းလေးမို့၊ထာဝရအထိအတူလက်တွဲသွားဖို့ဆုံးဖြတ်ကြောင်းကတိပြုခြင်းဖြစ်ပါတယ်။
၅။ဘယ်ဖက်လက်ရဲ့လက်သူကြွယ်ထဲကသွေးကြောဟာနှလုံးထိတိုက်ရိုက်သွယ်တန်းထားတယ်လို့ဆိုပြီး၊အချစ်ရဲ့သွေးကြော(Vena amoris)လို့တင်စားကြပါတယ်၊ဒါ ကြောင့်လက်သူကြွယ်မှာလက်ထပ်လက်စွပ်ပန်လိုက်တာနဲ့အချစ်ကိုနှလုံးသားနဲ့အနီးဆုံးမှာထားပြီးခံစားမှာဖြစ်ကြောင်း၊ကာကွယ်မှာဖြစ်ကြောင်းပုံဆောင်ပါတယ်။
၆။မင်္ဂလာဆောင်မှာအချင်းချင်းလက်ထပ်လက်စွပ်ပန်ပေးတဲ့အခါကတိကဝတ်ပြုရပါတယ်။ဒီလက်စွပ်ဟာငါ(ငါ)ရဲ့အချစ်သက်သေဖြစ်ကြောင်း၊ဒီလက်စွပ်စွပ်ထားသရွှေ့(ရှိနေသရွှေ့)အချစ်သက်သေထာဝရတည်ရှိနေမှာဖြစ်ကြောင်းသက်သေပြုခြင်းဖြစ်ပါတယ်။
၇။လက်ထပ်လက်စွပ်ဟာမိမိမှာပိုင်ရှင်ရှိကြောင်းအပြင်ကလူတွေကိုကြေငြာခြင်းဖြစ်သလို၊ငါအိမ်ထောင်ရှိကြောင်းအမြဲတမ်းမိမိကိုယ်ကိုသတိပေးခြင်းလဲဖြစ်ပါတယ်။
မှတ်ချက်
သမ္မာကျမ်းစာမှာတော့ထွေထွေထူးထူးမဖော်ပြထားပါ။ဒါကြောင့်အနက်ဖွင့်တာသူ့နေရာသူ့ဒေသမတူနိုင်တာရှိနိုင်ပါတယ်။လက်စွပ်သမိုင်းအကျဉ်းချုပ်ကိုကောမန့်မှာဖတ်ပါ။