ခရစ်ယာန်အိမ်ထောင်ရဲ့ရည်ရွယ်ချက်(၅)ချက်
နိဒါန်း
ဘုရားသခင်ကဘာလို့လူကိုဖန်ဆင်းပြီးအိမ်ထောင်တည်ပေးခဲ့တာလဲ?အိမ်ထောင်တည်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ?သမ္မာကျမ်းစာအရအချက်(၅)ချက်နဲ့တင်ပြပါမယ်။
၁။အချင်းချင်းအကူအညီရရှိစေဖို့ပါ။
(ကမ္ဘာဦး၂:၁၈ ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမ(အကူအညီ)ကို သူ့ဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။)
(ဒေသနာ 4:9 လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။)
အိမ်ထောင်မှာတစ်ဦးရဲ့မပြည့်စုံမှုကိုတစ်ဦးကဖြည့်ဆည်းပေးတတ်ဖို့အင်မတန်အရေးကြီးလှပါတယ်။အဲဒါကြောင့်လဲအိမ်ထောင်ပြုထားတာမမေ့ပါနဲ့။
၂။များပြားစွာမွေးဖွားပြီးကမ္ဘာကိုအုပ်စိုးစေဖို့ပါ။
(ကမ္ဘာဦး၁:၂၇-၂၈ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။)
လင်မယားများကလေးရနိုင်တုန်းယူပါ၊မတားကြပါနှင့်။မရနိုင်ရင်ဘုရားဆီဆုတောင်းပါစိတ်မပျက်နှင့်။၊ကလေးရလာလို့ကြီးလာကြရင်လဲငွေကြေးဥစ္စာကအစခွဲ့ခန့်အုပ်စိုးတတ်ဖို့ဘုရားသခင်နဲ့အတူသွားလာစေပါ။
၃။မတရားသောမေထုန်ကင်းစေဖို့ပါ။
(၁ကော၇:၂ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။)
အိမ်ထောင်ပြုတယ်ဆိုတာဘုရားဖန်ဆင်းပေးထားတဲ့ကိုယ်ခန္ဓာအသွေးအသားကတောင့်တမှုကိုအချင်းချင်းဖြည့်ဆည်းပေးဖို့ပါ။ဒါကဘုရားရှေ့မှာတရားဝင်ပါ။အိမ်ထောင်မပြုခင်ကျူးလွန်တာနဲ့အိမ်ထောင်ပြုပြီးဖောက်ပြန်တာမျိုးကခိုးစားတာပါဘဲ-ဘုရားရှေ့မှာအပြစ်ဖြစ်ပါတယ်။ဒါကိုမတရားသောမေထုန်လို့ခေါ်ပါတယ်။
၄။ခရစ်တော်နဲ့အသင်းတော်ကိုပုံဆောင်ဖို့ပါ။
(ဧဖက်၅:၂၄-၂၅အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။)
ခင်ပွန်းကအနွံတာခံပြီးဇနီးကိုချစ်တတ်လာရင်ခရစ်တော်ရဲ့အသင်းတော်ပေါ်ထားတဲ့ချစ်ခြင်းပေါ်လွင်စေမယ်။ဇနီးကယောကျာ်းပေါ်နာခံတတ်လာရင်အသင်းတော်ရဲ့ခရစ်တော်ပေါ်နာခံတတ်ခြင်းကိုပေါ်လွင်လာစေမှာဖြစ်တယ်။
၅။ထိုက်တန်ကိုင်းရှိုင်းတဲ့အမျိုးရရှိစေဖို့ပါ။
(မာလခိ ၂:၁၅ တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူပြီမဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ဝိညာဉ်တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။)
ခရစ်ယာန်အိမ်ထောင်ဟာတစ်လင်တစ်မယားပါ၊ဘာလို့တစ်လင်တစ်မယားကန့်သတ်ထားရတာလဲဆိုတော့ကျမ်းစာအရထိုက်တန်ကိုင်းရှိုင်းတဲ့အမျိုးတွေပေါ်လာဖို့ပါဘဲ။
ဒီအရာအားလုံးဟာလည်းဘုရားဘုန်းတော်ထင်ရှားစေဖို့ပါ။အာမင်။