• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သင့်ကလေးကိုကြီးပြင်းခွင့်ပေးလိုက်ပါ

ဆရာရဲမင်း

10 月 23, 2024

သင့်ကလေးကိုကြီးပြင်းခွင့်ပေးလိုက်ပါ

၁။သင့်ကလေး(၃)နှစ်ကျော်လာရင်ဘာမဆိုအကုန်ခွန့်ကြွေးတာမျိုးမလုပ်တော့ဘဲ၊သူ့ဟာသူစားနိုင်ဖို့အခွင့်ပေးလိုက်ပါ။ဒါမှသူကိုယ့်လက်နဲ့ကိုယ်ထမင်းစားတတ်လာပါလိမ့်မယ်။

၂။သင့်ကလေး(၅)နှစ်ကျော်လာရင်မိဘနဲ့အတူအမြဲချော့သိပ်အိပ်ခိုင်းတာမျိုးမလုပ်တော့ဘဲ၊‌ဘေးမှာသီးသန့်အိပ်ယာလုပ်ပြီးသူ့ဟာသူအိပ်တတ်ဖို့အခွင့်ပေးလိုက်ပါ။

၃။သင့်ကလေး(၆)နှစ်ကျော်လာရင်အစအဆုံးရေချိုးပေးတာမျိုးမလုပ်ပေးတော့ဘဲ၊သူ့ရဲ့တကိုယ်ရေလွတ်လပ်လုံခြုံမှုကိုကာကွယ်တတ် အောင်သင်ပေးရင်းသူဟာသူသီးသန့်ရေချိုးစေပါ။

၄။သင့်ကလေး(၈)နှစ်ကျော်လာရင်မိဘနဲ့တခန်းထဲဆက်အိပ်ဆက်နေခိုင်းတာမျိုးမလုပ်‌တော့ဘဲ၊သူ့အခန်းသူပြုလုပ်ပေးပါ။ကလေးတွေအရွယ်ရောက်လာပြီဆိုတာသတိရပါ။သူတို့ရသင့်ရထိုက်တဲ့အခွင့်ရေးကိုပေးပါ။

၅။သင့်ကလေး(၁၂)နှစ်ကျော်လာရင်မိဘကဘဲချက်ပြုပ်ကြွေးမွေးနေတာမျိုးမလုပ်ပေးတော့ဘဲ၊သူ့တို့ကိုကိုယ်တိုင်ချက်ပြုပ်ခိုင်းပါ။ဒါမှအိမ်မှုလုပ်တတ်လာပြီးမိဘရဲ့ပေးဆပ်မှုကိုနားလည်လာနိုင်ပါမယ်။

၆။သင့်ကလေး(၁၃)နှစ်ကျော်လာရင်မိဘအနေနဲ့အိမ်မှုကိစ္စနဲ့ဝေယျာဝစ္စတတ်နိုင်သရွှေ့အကုန်ရပ်ထားလိုက်ပါ။ဘာမဆိုသူကိုလုပ်ခိုင်းကြည့်ပါတော့။ဒါမှသူကိုယ်ပိုင်ရပ်တည်လာနိုင်မှာပါ။

၇။သင့်ကလေး(၁၈)နှစ်ကျော်လာရင်မိဘတွေကဘဲသူ့အတွက်ဆုံးဖြတ်ပေးနေတာမျိုးမလုပ်တော့ဘဲ၊သူ့ဟာသူဆုံးဖြတ်ကြည့်ပါစေတော့၊ဒါမှငါ့ဘဝကိုငါကိုယ်တိုင်ဖန်တီးယူရမယ်ဆိုတာသိလာနိုင်ပါမယ်။

၈။သင့်ကလေးအိမ်‌ထောင်ပြုပြီးသွားခဲ့ရင်၊ငါ့သားငါ့သမီးငါပြောသလိုလုပ်ရမယ်ဆိုတာမျိုးမလုပ်တော့ဘဲ၊သူ့တို့မှာသူတို့အိမ်ထောင်ရှိနေပြီမို့လွတ်လပ်စွာလုပ်ဆောင်ခွင့်ပေးလိုက်ပါ။ဒါမှသူတို့လည်းမိဘနေရာယူတတ်လာပါမယ်။