• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အနန္တတန်ခိုးရှင်အသင်းရဲ့ဂိုဏ်းချုပ်ကျောက်ဝေစန်းအကြောင်း

ဆရာရဲမင်း

10 月 23, 2024

အနန္တတန်ခိုးရှင်အသင်းရဲ့ဂိုဏ်းချုပ်ကျောက်ဝေစန်းအကြောင်း

အကောက်ဆက်တိုက်အပ်လာပြီး၊မက်စင်ဂျာကနေလူတကာကိုသူတို့ဂရုထဲအတင်းစွဲထည့်ပြီး၊သူတို့ရဲ့တရားကိုခံယူခိုင်းတဲ့မိစ္ဆာအယူလွဲဆိုရင်လူတိုင်းသိမှာပါ။ဒီအဖွဲ့ဟာ“အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်”လို့နာမည်ခံထားတဲ့အဖွဲ့ပါ။

တရုတ်မ杨向彬(ရန်ရှန့်ပင်း)ဟာယေရှုဘဲဖြစ်‌ကြောင်းခံယူဟောကြားတဲ့အဖွဲ့“အနန္တတန်ခိုးရှင်ဘုရားသခင်အသင်း‌‌တော်”(မိစ္ဆာအယူလွဲ)ရဲ့ပဲ့ကိုင်ရှင်ဟာ赵维山ကျောက်ဝေစန်း(Zhao Wei Shan)ဘဲဖြစ်ပါတယ်။သူ့အကြောင်းကိုအနည်းငယ်တင်ပြပါမယ်။

ကျောက်ဝေစန်းကို1951-12-12တရုတ်နိုင်ငံ၊黑龙江(ဟေးလုံကျန်း)ပြည်နယ်၊啊城အားမြို့၊永源区ရုံရွမ်ရပ်မှာမွေးတဲ့တရုတ်လူမျိုးဖြစ်ပါတယ်။နဂိုကသံလမ်းအလုပ်သမားဖြစ်ပါတယ်။(1988မှာအလုပ်ထုတ်ခံခဲ့ရပါတယ်။)

1979မှာအခြားသူရဲ့မိတ်ဆက်ပေးခြင်းဖြင့်၊အားမြို့ထဲကကိတ်မုန့်စက်ရုံလုပ်သူ付云芝(ဖုယွင်ကျီ)နဲ့အိမ်ထောင်ပြုခဲ့ပါတယ်။(1989မှာအိမ်ထောင်ကွဲပါတယ်)

အဲဒီနောက်1981 တရုတ်ပြည်မကြီးကအယူလွဲအဖွဲ့ဖြစ်တဲ့呼喊派(အော်ဟစ်ခြင်းအသင်းတော်)ထဲပါဝင်ခဲ့ပါတယ်။

1986ကစပြီးသူနေတဲ့နေရာကနေ၊ အော်ဟစ်ခြင်းအသင်း‌တော်ရဲ့တရားကိုသူစတင်ဟောပါတယ်၊အဟောကောင်းပြီးအဆွယ်ကောင်းလို့နာမည်ရလာပါတယ်။အဲဒါနဲ့ဘဲ1988 မှာအော်ဟစ်ခြင်းအသင်းထဲတမန်တော်ရာထူးတိုးပြီး၊တရုတ်ပြည်ဟော်နန်မှာတာဝန်ကျခဲ့ပါတယ်။

1989 မှာသူပါဝင်‌ နေတဲ့အော်ဟစ်ခြင်းအသင်းထဲကလူကြီးတချို့နဲ့မတည့်ကြလို့၊သူဟာသူခွဲထွက်ပြီးရုံယွမ်အသင်း‌တော်(永源教会)တည်ထောင်ခဲ့ပါတယ်။၂နှစ်အတွင်းနောက်လိုက်2000ကျော်ရှိခဲ့ပါတယ်။ဒါပေမယ့်1991မှာပြည်နယ်အစိုးရကသူတို့အသင်းတော်ကိုတရားမဝင်ကြောင်းဆိုပြီးပိတ်ခဲ့ပါတယ်။

ဒီလိုနဲ့တရားမဝင်တဲ့ကြားကနေလှုပ်ရှားရင်း၊1993မှာသူကိုယ်တိုင်တည်‌ ထောင်ခဲ့တဲ့ရုံယွမ်အသင်း တော်(永源教会)ကိုအရှေ့အရပ်ကလျှပ်စစ်(东方闪电)ဆိုပြီးပြောင်းလဲခဲ့ပါတယ်။တချိန်ထဲမှာ
သူ့ကိုယ်သူအသင်းတော်ရဲ့ယဇ်ပရောဟိတ်ကြီးလို့ဘွဲ့ခံယူပါတယ်။အဲဒီနှစ်မှာဘဲစိတ်‌ ရောဂါအခံရှိတဲ့ရန်ရှန့်ပင်းဆိုတဲ့အမျိုးသမီးငယ်နဲ့သိလာကြပါတယ်။ဒီအမျိုးသမီးကိုကယ်တင်ရှင်ယေရှုအဖြစ်တင်စားပြီး၊သူကတော့နောက်ကွယ်ကကြိုးကိုင်ခဲ့တာပါ။
(မိမိကိုယ်ကိုယေရှုဟုဆိုတဲ့ရန်ရှန့်ပင်းအကြောင်းကိုဖတ်လိုလျှင်အောက်ဆုံးမှာလင့်ချထားပေးပါသည်)

1993-12-8 မှာဂိုဏ်းချုပ်ကျောက်ဝေစန်းနဲ့အသုံးတော်ခံကယ်တင်ရှင် ယေရှုဟုခံယူသူရန်ရှန့်ပင်းတို့ဟာတရုတ်ပြည်မကြီးဟော်နန်(河南)မှာအိမ် ထောင်ပြုခဲ့ကြပါတယ်။

ဒီလိုနဲ့ဘဲရန်ရှန့်ပင်းဟာယူပါရုံဖွင့်ပြမှုအသစ်ရကြောင်းဆိုပြီးကျမ်းစာအသစ်တွေရေးလာပါတော့တယ်။အထူးသဖြင့်ပထမလူလာလုပ်တဲ့ဘုရားဟာအမျိုးသားယေရှုခရစ်ဖြစ်ပြီး၊အခုနောက်ဆုံးသောကာလမှာဒုတိယအကြိမ်လူဇာတိလာခံတဲ့ဘုရားကအမျိုးသမီးခရစ်တော်ဖြစ်ကြောင်းစရေးပါတယ်။အဲဒီအမျိုးသမီးခရစ်တော်ဟာအခု အရှေ့အရပ်(တရုတ်ပြည်မကြီး)မှာလာခဲ့ပြီးဖြစ်ကြောင်း၊သူမဟာရန်ရှန့်ပင်းဘဲဖြစ်ကြောင်းစတင်ဟောကြားသွန်သင်တော့တယ်။

နဂိုကတည်းကပြည်နယ်အစိုးရပိတ်ပင်ခဲ့တဲ့ကြားကဆက်လက်ဟောကြားလှုပ်ရှားနေတာမို့၊1997 မှာ ကျောက်ဝေစန်းကိုဘာသာရေးအစွန်းရောက်မှုတချို့ ကြောင့်ဖမ်းမိပြီးထောင်သုံးနှစ်ကျခဲ့ပါတယ်။

2000ခု5လပိုင်းမှာ၊ကျောက်ဝေစန်းဟာရွီ‌ဝိန်စန်း(许文山)လို့နာမည် ပြောင်းပြီးမိသားစုနဲ့အတူ ဟော်နန်(河南)မှာပတ်စ်ပို့လုပ်ပါတယ်။ဆက်လက်ပြီးအဲဒီနှစ်၉လပိုင်းမှာဘာသာ‌ရေးဖိနှိပ်ခံရလို့ဆိုပြီး၊နိုင်ငံရေးဒုက္ခသည်အနေနဲ့အမေရိကန်ကိုထာဝရခိုလုံခွင့်တောင်းပြီးသွားခဲ့ပါတယ်။အမေရီကန်မှာနေပြီးလွတ်လပ်စွာစတင်လှုပ်ရှားပါတယ်၊ကျန်တဲ့နိုင်ငံတွေကိုစတင်ကြိုးကိုင်လှုပ်ရှားခဲ့ပါတယ်။သူတို့ရဲ့အမည်ဖြစ်တဲ့“အရှေ့အရပ်ကလျှပ်စစ်”ကိုလည်းအယူလွဲကြောင်းလူတွေသိကုန်နေပြီမို့“အနန္တတန်ခိုးရှင်”ဆိုပြီးပြောင်းခေါ်လာကြပါတယ်။

ဒီလိုနဲ့ဘဲ၊ဘာသာရေးလွတ်လပ်ခွင့်အပြည့်အဝရတဲ့နိုင်ငံတွေကိုအသုံးပြုပြီးဝင်ရောက်လာသလို၊အင်တာနက်အဆင်ပြေတိုးတက်တဲ့နိုင်ငံတွေကိုဝင်ရောက်လှုပ်ရှားပါတော့တယ်။လိုအပ်‌‌နေတဲ့ငွေကြေးကိုလည်းနိုင်ငံ‌ပေါင်းစုံကအသင်းဝင်တွေဆီကနေတဆင့်‌ ကောက်ခံခဲ့ပါတယ်။2012တရုတ်ပြည်ကမြို့တနေရာထဲကနေတရုတ်ငွေသိန်းတစ်ရာယွမ်ဝင်ငွေရရှိတယ်လို့မှတ်တမ်းတချို့မှာဖော်ပြထားပါတယ်။‌ ငွေအားနဲ့စာအုပ်၊မဂ္ဂဇင်း၊စာစောင်၊စသဖြင့်အများအပြားထုတ်လုပ်ဝေငှခဲ့ကြပါတယ်။ယနေ့တိုင်အမေရီကန်ကနေနာမည်ပြောင်းရုပ်ဖျက်ပြီးကြိုးကိုင်လှုပ်ရှားနေတုန်းပါဘဲ။အထူးသတိထားစရာပါ။

မြန်မာပြည်ထဲမှာတော့ကျွန်တော်မှတ်မိသလောက်2014မှာအင်တာနက်ကတဆင့်စတင်ဝင်ရောက်လာတာပါ။အခုဒီစာရေးတဲ့2022မှာဆိုရင်သူတို့အသင်းတော်တွေမြန်မာပြည်မှာအတော်များများထူထောင်ပြီးနေပါပြီ။အထူးသဖြင့်ဝပြည်နယ်မှာအများဆုံးပါ၊ဝအစိုးရ‌တွေစာထုတ်ပြီးဖမ်းဝရမ်းထုတ်ရတဲ့အဆင့်ထိပါဘဲ။ပေါ်ပေါ်တင်တင်မဟုတ်ဘဲမပေါ်မလွင်လှုပ်ရှားကြပါတယ်။မြန်မာပြည်ကယုံကြည်သူတွေဟာဒီအရာကိုမကြားဖူးတာမို့ခရစ်ယာန်ဘဲလို့ခံယူပြီးပါဝင်ရင်းပါဝင်ရင်းပါသွားကြတာပါ။အထူသတိထားမိဖို့အနည်းအကျဉ်းတင်ပြလိုက်ရပါတယ်။