မိမိဟာယေရှုဆိုတဲ့ရန်ရှန့်ပင်း
တရုတ်လို杨向彬(ရန်ရှန့်ပင်း)လို့ခေါ်ပါတယ်။သူမဇာတိဟာတရုတ်နိုင်ငံရှန်စီပြည်နယ်၊Da tongခရိုင်၊Xi pingမြို့ကပါ။1973ခုနှစ်11လ18နေ့မှာမွေးပါတယ်။(အကယ်၍ယနေ့ထိအသက်ရှင်နေသေးရင်တော့၄၇နှစ်ရှိပါမယ်)။1990ခုနှစ်မှာတရုတ်အထက်တန်းစာမေးပွဲကျခဲ့လို့စိတ်ရောဂါရခဲ့သူပါ။စိတ်ရောဂါကြောင့်赵维山(ကျောက်ဝေစန်း)ရဲ့汝阳(ရူရန်)မှာထောင်ထားတဲ့အသင်းတော်မှာပါဝင်ခဲ့ပါတယ်။ပါဝင်ရင်းအသင်းတော်ခေါင်းဆောင်赵维山(ကျောက်ဝေစန်း)နဲ့ချစ်ကြိုက်ပြီးလက်မထပ်သေးဘဲအတူနေခဲ့ပြီးမှ၊1993ခုနှစ်12လ8ရက်နေ့မှာတရုတ်ပြည်ဟော်နန်ပြည်နယ်၊ခိုင်းဖုန်းမြို့မှာလက်ထပ်ခဲ့ကြပါတယ်။1995ခုနှစ်7လ7ရက်နေ့မှာသား赵明(ကျောက်မင်)ကိုမွေးဖွားခဲ့ပါတယ်။
杨向彬(ရန်ရှန့်ပင်း)ဟာအသင်းတော်မှာပါဝင်နေတဲ့ချိန်ကာလအတွင်းသူမဟာသန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြမှုရကြောင်း၊ရူပါရုံတွေမြင်နေရကြောင်း၊အိမ်မက်တွေအထူးအဆန်းမက်ကြောင်း၊ဘုရားဗျာဒိတ်ပေးတာဖြစ်ကြောင်းလူတကာသက်သေခံဝေငှလာပါတယ်။ဒီလိုနဲ့သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ဆိုတဲ့ရူပါရုံနဲ့“နူတ်ကပတ်တော်”ဆိုတဲ့စာတွေစရေးလာပါတော့တယ်။
1993မှာ赵维山(ကျောက်ဝေစန်း)ဟာတရုတ်ပြည်河南(ဟော်နန်)နယ်က汝阳(ရူရန်)မှာသူ့အသင်းသားတွေကိုစုဝေးစေပြီးသူ့မိန်းမရေးတဲ့“နူတ်ကပတ်တော်”အကြောင်းပြုပြီး၊သူ့မိန်းမ杨向彬(ရန်ရှန့်ပင်း)ဟာအနန္တတန်ခိုးရှင်ဘုရားဒုတိယအကြိမ်ကြွလာသူဖြစ်ကြောင်းကြေငြာပါတော့တယ်။အဲဒီနောက်မှာတော့赵维山(ကျောက်ဝေစန်း)ဟာယစ်ပရောဟိတ်ကြီးဆိုပြီးကြိုးကိုင်သူအဖြစ်ရပ်တည်ပြီး၊သူ့မိန်းမကိုတော့ယေရှုဒုတိယအကြိမ်ကြွလာသူဖြစ်ကြောင်းအတည်ပြုပြီးစတင်ကိုးကွယ်ခိုင်းပါတော့တယ်။အဲဒီချိန်တရုတ်ပြည်မှာအသင်းဝင်သူပေါင်း၅ထောင်လောက်ရှိပြီလို့သမိုင်းမှတ်တမ်းကဖော်ပြပါတယ်။သမ္မာကျမ်းစာကိုအဓိကမထားတော့ဘဲဒီယေရှုဖြစ်ပါတယ်ဆိုတဲ့တရုတ်မပြောတဲ့စကားနဲ့သူရေးတဲ့စာတွေကိုသာအဓိကထားကိုးကွယ်ကြပါတော့တယ်။ဒီစာစောင်တွေကိုယနေ့ထိကျမ်းဂန်အဖြစ်၂၁အုပ်ထိတောင်ရှိနေပါပြီ၊တရုတ်လိုတတ်ရင်သူတို့ရဲ့စာမျက်နာမှာအလွယ်တကူဖတ်ရှုနိုင်ပါတယ်။မြန်မာလို တော့အကုန်မရသေးပေမယ့်တချို့ရှိနေပါပြီ။(ပုံမှာကြည့်ပါ)။
အနန္တတန်ခိုးရှင်ဂိုဏ်းကို2000ခုနှစ်မှာပြစ်မှုတချို့ကြောင့်ဟော်နန်အစိုးရကပိတ်ပင်ခဲ့ပြီး၊
တရုတ်အစိုးရရဲ့“မိစ္ဆာအယူလွဲဂိုဏ်း14မျိုး”ရဲ့ထုတ်ပြန်မှုမှာပါဝင်လာခဲ့ပါတယ်။ဒါကြောင့်ဝရမ်းပြေးဖြစ်သွားတဲ့အခါနာမည်အတုပြောင်းပြီးမိသားစုလိုက်အမေရီကားကိုပြောင်းသွားပါတယ်။အဲဒီမှာဒုက္ခသည်အနေနဲ့အစိုးရဆီတရားဝင်ကာကွယ်ပေးဖို့မှတ်ပုံတင်ပြီးနေထိုင်လာခဲ့ပါတယ်။သူတို့လင်မယား2017-18မှာသေပြီဆိုတဲ့သတင်းပြန့်နှံံ့လာခဲ့ပေမယ့်၊သေလားရှင်လားခုထိမသေချာဘဲဖြစ်နေပါတယ်။တချို့ကတော့ယနေ့အချိန်ထိအမေရိကန်မှာနေပြီးအဝေးထိန်း“ရမု”ပမာတရုတ်၊ကိုးရီးယား၊ထိုင်း၊မလေး၊အမေရိကန်၊ဂျပန်၊မြန်မာစသဖြင့်…ကွပ်ကဲနေပါသေးတယ်လို့ဆိုပါတယ်၊ဒီနှစ်2020ခုနှစ်4လပိုင်းမှာရန်ရှန့်ပင်းဟာအမေရိကားကနေဒါမှာသွားခဲ့တယ်လို့လည်းသတင်းတချို့ဖော်ပြထားပါတယ်။
ယနေ့ယုံကြည်သူနဲ့အမှုတော်ဆောင်တွေဒီအဖွဲ့ကို လျော့မတွက်စေချင်ပါ၊Facebookကနေယုံကြည်သူခရစ်ယာန်တွေကိုအများဆုံးဆွဲခေါ်ထားနိုင်သူတွေမို့ပါ၊ယနေ့သင်ဒီအဖွဲ့ကိုလျော့တွက်နေတဲ့ချိန်သင့်အသင်းသားနဲ့မိသားစုမိတ်ဆွေတွေဘယ်လောက်တောင်ဒီအဖွဲ့ထဲပါဝင်နေပြီလည်းဆိုတာစုံစမ်းကြည့်ပါ။
赵维山(ကျောက်ဝေစန်း)အကြောင်းဆက်လက်လေ့လာဖော်ပြသွားပါမည်။မေးလိုသိလိုသောအရာများကောမန့်မှာမေးထားလို့ရပါသည်။သူတို့ရဲ့ကျမ်းစာအသစ်ထဲကလွဲမှားတဲ့အရာကိုလည်းထောက်ပြတင်ပြသွားပါမည်။