အယူလွဲအနန္ဒတန်ခိုးရှင်အသင်းရဲ့လူဆွယ်နည်းများ
၁။တရုတ်ချောချောလေးတွေအဦးဆုံးfacebookမက်စင်ဂျာကနေသင့်ကိုလာပြီးချီးမွမ်းခန်းဖွင့်ပါလိမ့်မယ်။သင်ဖေ့ဘုတ်ပေါ်တင်ထားတဲ့ပုံ လှကြောင်းကောင်းကြောင်းမိတ်ဆက်ပြီးစကားချိုစသွင်းပါလိမ့်မယ်။သင့်အနေနဲ့တဖက်သားကိုမသိပေမယ့်တဖက်သားရဲ့စကားကအင်မတန်ချိုနေတော့သဘောကျမိပြီးပြန်စကား ပြောမိပါလိမ့်မယ်။ဒါဟာမိစ္ဆာအယူလွဲတွေရဲ့ကျော့ကွင်းထဲသင်စဝင်ဖို့အစပြုမိတာပါဘဲ။
၂။သင့်ရဲ့ဖေ့ဘုတ်အကောက်ဟာ”သူငယ်ချင်းဖြစ်မှကောမန့်ပေးလို့ရမယ်”ဆိုတဲ့အရာကိုမဖွင့်ထားသေးရင်၊လူတိုင်းသင့်ပို့စ်အောက်ကောမန့်ပေးလို့ရနေမှာပါ။ဒါကြောင့်အယူလွဲတွေဟာသင့်ပို့စ်အောက်မှာစကားချိုလေးတွေနဲ့အမြဲကောမန့်ပေးနေပါလိမ့်မယ်။သင့်အနေနဲ့တဖက်သားကိုမခင်ပေမယ့်ဒီလိုစကားချိုချိုလေးတွေအမြဲလာမန့်ပေးနေတော့”ကျေးဇူးတင်ပါတယ်”ဆိုပြီးသင်ပြန်ပြော ပေးနေမိတတ်ပါတယ်။ဒါဟာသူတို့ရဲ့ကျော့ကွင်းထဲတဖြည်းဖြည်းဝင်သွားနေပါပြီ။
၃။သူတို့ကသင့်ကိုအကောက်အပ်လာပါလိမ့်မယ်၊သင်ဟာသူတို့ကိုမသိပေမယ့်”ခရစ်ယာန်တွေဘဲ”ဘာမှမဖြစ်နိုင်ပါဘူးဆိုပြီး(မိစ္ဆာအယူမှန်းမသိ)လက်ခံမိပြီဆိုရင်ရန်သူကိုတံခါးဖွင့်ပေးလိုက်တာနဲ့အတူတူပါဘဲ။
၄။သူတို့နဲ့ဖရန့်ဖြစ်သွားပြီဆိုရင်သင့်ကိုသူတို့ရဲ့ဂရု(မက်စင်ဂျာ၊စကိုင်းဘီ)ထဲခေါ်ဝင်ပါလိမ့်မယ်။နေ့တိုင်းတရုတ်မြန်မာဘာသာပြန်(အသံဖိုင်သို့မဟုတ်ဗွီဒီရိုကော)နဲ့အယူလွဲတရား တွေဟောပါလိမ့်မယ်။သင့်ကိုလဲသင့်အသိတွေကိုခေါ်ဝင်လာဖို့တိုက်တွန်းပါလိမ့်မယ်၊သင်လဲဘုရားအမှုတော်ပါဝင်ရမယ်ဆိုတဲ့စိတ်နဲ့မိမိအသိတွေအများကြီးဆွဲခေါ်ဝင်မိနေပါလိမ့်မယ်၊ဒါဟာကိုယ်တစ်ယောက်ထဲဂျင်းမိတာမဟုတ်ဘဲအခြားသူကိုပါဂျင်းမိစေတဲ့လုပ်ရပ်မှန်းသင်သိနေမှာတော့မဟုတ်ဘူး။
၅။ဖရန့်ဖြစ်ပြီးနောက်သူတို့တင်တဲ့အယူလွဲဂျင်းပို့စ်တိုင်းသင့်အကောက်ကိုTagတွဲပါလိမ့်မယ်။သင့်ဖေ့ဘုတ်အကောက်မှာTagတွဲခြင်းကိုမပိတ်ထားမိရင်သူတို့တင်သမျှသင့်အကောက်မှာသင်တင်ထားသလိုအမြဲပေါ်နေပါလိမ့်မယ်။ဒါဟာမိမိကိုယ်တိုင်ဂျင်းမိနေတာမကကိုယ်တိုင်ဂျင်းလိုက်ဖြန့်ဝေနေတာမျိုးဖြစ်နေတာတောင် ကိုယ်ကဘာမှမသိသေးဘဲဖြစ်နေနိုင်ပါတယ်။
၆။သင်မသိဘဲအယူလွဲနဲ့ဖရန့်ဖြစ်ပြီးနောက်၊သူတို့ဟာသင့်အကောက်ကတဆင့်သင့်မိသားစုဝင်တွေ၊သင့်အသိတွေ၊သင့်ဖရန့်တွေကိုရှာပြီး၊သင့်ကိုဆွယ်တဲ့အတိုင်းသူတို့ကိုပါဆက်ပြီးမြူဆွယ်ပါလိမ့်မယ်၊ခိုင်းစေပါလိမ့်မယ်။ဒါကြောင့်သူတို့အဖွဲ့ဟာကိုရိုနာဗိုင်းရပ်စ်လိုအင်မတန်ပြန့်လွယ်တာဖြစ်ပါတယ်။
၇။သူတို့တွေဟာသင့်ရဲ့ဖေ့ဘုတ်ခေါင်းပုံ၊ပရိုဖိုင်ပုံကအစ၊သင့်နာမည်သင့်ဓာတ်ပုံ၊နောက်ဆုံးသင့်အသင်းတော်နာမည်ကိုပါကူးယူပြီးအသွင်ယူအကောက်(page)ဖွင့်ပြီးအခြားသူကိုအယုံသွင်းတတ်တတ်ပါတယ်။(မြန်မာပြည်ကအသင်းတော်တချို့လုပ်ခံရဖူးတာရှိပါတယ်)။
ဒါဆိုဘယ်လိုဖြေရှင်းရမလဲ?
၁။ဖေ့ဘုတ်ပေါ်မသိမခင်သူကိုလွယ်လွယ်လက်မခံပါနှင့်။
၂။ခရစ်ယာန်ပါလို့ပြောတိုင်း၊တရားလာဟောတိုင်းလွယ်လွယ်လက်မခံပါနှင့်။
၃။မသင်ကာတာရှိရင်မိမိသင်းအုပ်ဆရာနဲ့ မေးမြန်းတိုင်ပင်ပါ။အခြားယုံကြည်လို့ရတဲ့အမှုတော်ဆောင်တွေကိုများများမေးမြန်းပါ။စာများများဖတ်ပါ။(မေးရမယ့်သူမရှိရင်ကျနော့်ကိုလာမေးပါ)။
၄။အယူလွဲလို့ထင်ရသူကိုအမြန် ရှောင်ပါ(ဘလော့လိုက်ပါ)။သင်ကငါနားလည်ပြီးသားဆိုပြီးအယူလွဲကိုလုံးဝလုံးဝလျော့မတွက်လိုက်ပါနဲ့၊သင်နားလည်ပေမယ့်သင့်အားဖြင့်အခြားသူဒုက္ခရောက်သွားနိုင်တယ်ဆိုတာသတိရပါ။
၅။အသင်းတော်ကယုံကြည်သူချင်းအမြဲမိသဟာယရှိထားပါ၊ဒါမှမိမိလွဲနေတာအခြားသူရိပ်မိရင်သတိပေးလာနိုင်ပါမည်။
၆။မိမိရဲ့ယုံကြည်ချက်(ငါဘာကိုယုံကြည်နေသလဲဆိုတာ)ကိုနားလည်အောင်လုပ်ထားပါ။ဖြစ်နိုင်ရင်ချရေးထားပါ။
၇။အကယ်၍ဂရုထဲအတင်းဆွဲထည့်ခံထားရရင်၊ကျနော်ရေးထားတဲ့ဒီစာနဲ့ပုံတွေကိုအသူတို့ဂရုထဲအရောက်ပို့ပေးလိုက်ပါ။သင့်ကိုသူတို့ကဘဲဘလော့ပါလိမ့်မည်။